ကလေးမြို့ထဲကို စစ်တပ်ကလက်နက်ကြီးနဲ့ပစ်လို့ အမျိုးသမီး ၁ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရ
စက်တင်ဘာ ၂၉ ရက် ဒီနေ့ မနက် ၁၀ နာရီကျော်လောက်မှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်လို့ ကလေးမြို့၊ မြို့လှရပ်ကွက်က နေအိမ်တလုံးထဲ ကျရောက်သွားပြီး ထမင်းချက်နေတဲ့ ၂၇ နှစ်အရွယ် မခင်မာစိန် (ခ) မပဲလှော် ထိမှန်သေဆုံးသွားသလို အိမ်နားနီးချင်းဖြစ်တဲ့ ဦးမြဖေ ၅၈ နှစ်နဲ့ ဦးလူမင်း ၆၇ နှစ် တို့ကိုလည်း ခြေထောက်ထိမှန်သွားတယ်လို့ ဆိုပါတယ်။