ပခုက္ကူ၊ ရေမျက်ရွာက နေအိမ် ၈ လုံးကိုစစ်တပ်ကမီးရှို့
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ရေမျက်ရွာက နေအိမ် ၈ လုံးကို ဒီဇင်ဘာ ၁၈ ရက်မနက် ၉ နာရီလောက်မှာ စစ်ကောင်စီတပ်သားတွေနဲ့ပျူစောထီးတွေက မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ရေမျက်ရွာက နေအိမ် ၈ လုံးကို ဒီဇင်ဘာ ၁၈ ရက်မနက် ၉ နာရီလောက်မှာ စစ်ကောင်စီတပ်သားတွေနဲ့ပျူစောထီးတွေက မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်ရှိ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ဖွဲ့ရဲ့ အချုပ်ထောင်ကနေ ထွက်ပြေးသွားတဲ့ ပျူစောထီး ၂ ဦးကို ပစ်ခတ်ဖမ်းဆီးရာမှာ ၂ ဦးစလုံး သေဆုံးခဲ့တယ်လို့ အဲ့ဒီအဖွဲ့ဆီက သိရပါတယ်။
“ပြန်လွတ်လာတဲ့ ရဲဘော်ပြောပြချက်အရ သူအရင်ဆုံးစမြင်တာ၊ ကတ္တရာလမ်းပေါ်အထွက်မှာ စစ်သားကနေထပြီးတော့ သေနတ်နဲ့ချိန်တဲ့အချိန်မှာ ကိုယ့်ဘက်က ရဲဘော်ကအရင်ဆုံးဦးအောင် ပစ်လိုက်တာ၊ ပစ်ပြီးကာမှ ကျသွားတဲ့ရဲဘော်က ဂန်းတလက်ထဲပါတာကို ပစ်တဲ့ရဲဘော်ဆီက ဂန်းကို လုပစ်ပြီးတော့ကျန်နေခဲ့တာ”
မကွေးတိုင်း၊ စလင်းမြို့နယ်၊ စမ်းကလေးမြောက်ရွာကို ဒီဇင်ဘာ ၁၆ ရက်နေ့လယ် ၁ နာရီကျော်မှာ စစ်ကောင်စီတပ်သားတွေက မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
“ သူတို့စလှုပ်ရှားတာက မနက် ၄ နာရီလောက်ကတည်းက စလှုပ်ရှားတာ။ သတင်းမရဘူးပေါ့။ ကိုယ့်ဘက်က အလစ်အငိုက်ကို ဝင်ခံလိုက်ရတာ။ အဲ့မှာက အင်အားတောင့်တင်းတဲ့အဖွဲ့မရှိဘူးလေ။ ရပ်ကျေးပကဖလောက်ပဲ ရှိတယ်။”
" မီးရှို့တဲ့အခါမှာ ရွာထဲကလူတွေကို သူတို့က ဓားစားခံအဖြစ် ဖမ်းပြီးခေါ်ထားတာ။ သူတို့ပြန်သွားတဲ့အချိန် လူတွေကို ပြန်လွတ်ပေးလိုက်တယ်။ သူတို့ထဲမှာ တချို့ကလည်း ပစ်သတ်ထားခဲ့လိုက်ဘာညာပြောတယ်။ သတ်ထားပြီး မီးရှို့ခဲ့လိုက် ပြောတယ်။ နောက်တခါဆိုရင်တော့ သတ်ပစ်မှာလို့ပြောသွားတယ်။”
ပဲခူးတိုင်း၊ တောင်ငူမြို့အခြေစိုက် ကေတုမတီလေတပ်စခန်းနဲ့ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ဒီဇင်ဘာ ၁၁ ရက်မနေ့က ည ၁၁ နာရီလောက်မှာရှော့တိုက်ဒုံးတွေနဲ့ တချိန်တည်း တိုက်ခိုက်ခဲ့တယ်လို့ Brave Warriors for Myanmar (BWM) ဆီက သိရပါတယ်။
"လုပ်ရတဲ့ ရည်ရွယ်ချက်ကတော့ တရုတ်အစိုးရက မြန်မာပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက် ခြယ်လှယ်နေတယ်။ အခု MNDAA တို့ TNLA တို့ အပစ်ရပ်တယ်ဆိုတာကလည်း တရုတ်ကြောင့်ပါ။ KIA ဆိုလည်း ဖိအားပေးနေတယ်။ မြန်မာ့တော်လှန်ရေးက မြန်မာပြည်သူတွေနဲ့ပဲ ဆိုင်တယ်။ ဒါကြောင့် တရုတ်အစိုးရကို ကန့်ကွက်တာ။"
“အရင်တခါလည်း ချိတ်ဆက်တော့ မိသွားတာ။ မိသွားတော့ နှိပ်စက်ခံရပြီးတော့ ထောင် ၃ လဆိုတာ ကျတယ်ပြောတယ်။ အရင်တခါလည်း လက်နက်နဲ့ဘာနဲ့မိသွားတာ။ ဒီတခေါက်ကျတော့ တိုးတိုးတိတ်တိတ်နဲ့ ချိတ်ဆက်ပြီးတော့ ဒီကကျနော်တို့ရဲဘော်တွေ သွားကြိုရတာ။”
မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်မှာ စစ်ကောင်စီတပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင် ၂ ဦးကျဆုံးခဲ့ပြီး နေအိမ်တချို့နဲ့ ဘုန်းကြီးကျောင်း ပြိုကျပျက်စီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
"လူတယောက်ကိုသက်တာ သေသွားရင် ရပါပြီ။ သို့သော်လည်းပဲ ခန္ဓာကိုယ်အစိတ်ပိုင်းကိုဖြတ်တောက်ပြီး မီဒီယာမှာ သူတို့ကိုယ်ပိုင်အကောင့်တွေကနေ အဆင်ခြင်မဲ့ တင်တဲ့အတွက်ကြောင့်ပါ။ ဒါဟာကျွန်တော်တို့ကခွင့်ပြုမထားပါဘူးခင်ဗျာ။"
“အောင်ပန်းကုန်းရွာက တောထဲနေတဲ့သူပေါ့ဗျာ။ မိသားစု ၃ ယောက်ကတော့ အိပ်နေရင်းတန်းလန်း တခါတည်းသေသွားတယ်။ နွား ၅ ကောင်သေတယ်။ ဝက် ၁ ကောင်သေတယ်။ တခြားထိခိုက် ဒဏ်ရာရတဲ့သူတွေတော့ မရှိဘူး။“
မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်မှာ မိုင်းဆွဲပစ်ခတ်ခံရလို့ ငါန်းဇွန်ပြည်သူ့အင်အား PDF တပ်ဖွဲ့ဝင် ၂ ဦးနဲ့ မန္တလေးခရိုင်အမှတ် ၅ တပ်ရင်းက တပ်ဖွဲ့ဝင် ၁ ဦးတို့ ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဆီက သိရပါတယ်။
မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်အတွင်းကို စစ်ကောင်စီက ၂ ရက်ဆက်တိုက် လေကြောင်းကနေ ပစ်ခတ်ခဲ့တာကြောင့် ဒေသခံ ၄ ဦးသေဆုံးပြီး ၁၁ ဦးထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မကွေးတိုင်း၊ မြိုင်မြို့နယ်အခြေစိုက် ဗစ်တာ ပြောက်ကျားတပ်ဖွဲ့က ကျည်ဖိုးနဲ့ ရိက္ခာအတွက် စိုက်ပျိုးထားတဲ့ နှမ်းခင်းတွေကို ရိတ်သိမ်းပြီး ပြန်လည်ရောင်းချမယ်လို့ အဲဒီတပ်ဖွဲ့ဆီက သိရပါတယ်။