Nan Khan

တောင်ငူလေတပ်စခန်းကို ရှော့တိုက်ဒုံး ၇ လုံးနဲ့ ပစ်ခတ်

“ဒီနှစ်ထဲမှာပဲ ကျနော်တို့တောင်ငူလေတပ်စခန်းကို ပစ်တာ ၃ ကြိမ်လောက်ရှိပြီ။ မနေ့က သွားပစ်တော့ ထိခိုက် ပျက်စီးတာတွေရှိတယ်။ ကျနော်တို့သေချာအောင် ကွန်ဖန်း လုပ်နေတုန်း။ ပစ်ခတ်မှုတွေပြီးတဲ့ အချိန်မှာလည်း သူတို့(စစ်ကောင်စီ) သံသယရှိတဲ့ဧရိယာတဝိုက်ကို ဒရုန်းနဲ့ပတ်ကြည့်တယ်။”

ရေစကြိုမြို့ပေါ် ပစ်ခတ်မှုမှာ စစ်သား ၆ ဦးသေဆုံးကာ ပြည်သူသေဆုံးမှုလည်းရှိ

မကွေးတိုင်း၊ ရေစကြိုမြို့၊ အထက(၁) စာသင်ကျောင်းအနီးမှာရှိတဲ့ စစ်ကောင်စီတပ်သားတွေ ပစ်ခတ်ခံရပြီး ထိခိုက်သေဆုံးသူတွေရှိခဲ့သလို လမ်းသွားပြည်သူတချို့လည်း ထိခိုက်သေဆုံးခဲ့တယ်လို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။

ထီးချိုင့်မြို့သိမ်းတိုက်ပွဲထပ်ဖြစ်မယ်လို့ သတင်းတွေထွက်ပြီးနောက် စစ်တပ်ကလေကြောင်းသုံးတိုက်ခိုက်

“တိုက်ပွဲလည်းမရှိသေးဘူး။ သတင်းတွေကတော့ အမျိုးမျိုးထွက်နေကြတာ့ သူတို့ကိုတိုက်မှာဆိုးလို့ ပစ်တာနေမှာ အင်းတော်တို့ဘာတို့လည်း မြို့သိမ်းတွေလုပ်တော့ ထီးချိုင့်လည်းလုပ်လိုက်မယ်ခန့်မှန်းချက်နဲ့ လာပစ်တယ်လို့ ယူဆလို့ရတယ်”

ပျူဘုန်းကြီး ဦးဝါယမအထိုင်ချထားတဲ့ ဘုန်းကြီးကျောင်းကို ကာကွယ်ရေးတပ်တွေ တိုက်ခိုက်ခဲ့ပြီး သေနတ် ၁ လက်ရ

“ ဘုန်းကြီးကိုယ်တိုင်က ပျုခေါင်းဆောင်။ ပစ်ခတ်မှုမှာ (စကစဘက်က)ကျဆုံးသွားတဲ့သူတွေ ရှိတယ်။ အရေအတွက် အတိအကျကိုတော့ မသိရသေးဘူး။ ကျနော်တို့ဘက်ကတော့ ရဲဘော် ၃ ယောက်ဒဏ်ရာရတယ် မစိုးရိမ်ရဘူး။”

ကျောနယ် MOGE ရေနံမှော်က တပ်စခန်း ၂ ခုကိုသိမ်းပိုက်၊ အရာရှိ ၂ ဦးအပါ ၁၂ ဦးသေပြီး သေနတ် ၃၀ လက်ရရှိ

“မနေ့က စခန်း ၂ ခု ရတယ်။ ၁၂ နာရီ ၅ မိနစ်မှာ တခုရတယ်။ ၁ နာရီ ၃၅ မှာ တခုရတယ်။ ထွက်‌ပြေးတဲ့ စကစ တချို့က ကျောမြို့ထဲကိုဝင်သွားတယ်။ (ရဲဘော်)ကျတာကတော့ ကျနော်တို့ ပွိုင့်ဘက်မဟုတ်တော့ တိတိကျကျမသိရဘူး။”

မတ္တရာမြို့ပေါ်ကပစ်တဲ့ လက်နက်ကြီးထိလို့ အမျိုးသား ၁ ဦးသေဆုံးပြီး နေအိမ်ပျက်စီး

“ဆုံးသွားတဲ့ ဦးလေးက ဒူးခေါင်းအပေါ်က ဂုံညင်းအဝိုင်းကြီးကို ပြတ်ထွက်သွားတယ်။ တော်တော်များများထိတာ။ လက်ကောက်ဝတ် ပြတ်တယ်။ ခါးအောက်ပိုင်းတွေလည်း အကုန်ပေါက်ထွက်သွားတာ။ သူအိပ်တဲ့နေရာကိုကျတာ။ အိမ်က အမိုးတွေဘာတွေ စုတ်ပြတ်သတ်သွားတာ”

ဂန့်ဂေါနယ်မှာ စစ်တပ်က နေအိမ် ၇ လုံးကို မီးရှို့၊ လက်နက်ကြီးနဲ့ပစ်လို့ အမျိုးသမီး ၁ ဦး၊ အမျိုးသား ၁ ဦး သေဆုံး

“အင်အား ၅၀ လောက်က လုံခြုံရွာထဲကိုဝင်ပြီး ရွာအရှေ့ဘက် ကတ္တရာလမ်းဘေးမှာရှိတဲ့ အိမ် ၇ လုံးကို မီးရှို့သွားတာ။ ၁ လုံးပဲ မီးလောင်ကျွမ်းသွားတာ။ ကျန်တဲ့ အိမ်တွေကတော့ အနည်းငယ်ပဲ လောင်သွားတာ။ အောင်မြင်ရွာကနေလည်း လောင်စာဆီတွေကို ကား ၂ စီး နဲ့ သယ်သွားသေးတယ်။”

ဒေါင်းနီ ပြည်သူ့ကာကွယ်ရေးတပ်က အပတ်စဉ် ၁ အခြေခံစစ်ပညာသင်တန်းဆင်းပွဲနဲ့ လက်နက်အပ်ပွဲပြုလုပ်

“တပ်ရင်းမှာပဲ တော်လှန်ရေးပြီးသည်အထိ တာဝန်ထမ်းဆောင်နိုင်တဲ့ သူတွေကို ကျနော်တို့အနေနဲ့ သင်တန်းတက်ရောက်ခွင့်ပေးတယ်။ ဒီသင်တန်းပြီးသွားတဲ့ ရဲဘော်တွေကိုလည်း ကျနော်တို့ အနေနဲ့ သူတို့ သက်ဆိုင်ရာကျေးရွာတွေကို မပို့ပါဘူး။ တပ်ရင်းမှာပဲ ထားပြီးတော့ ဒီတပ်ရင်းရဲ့ COC အောက်မှာပဲ သူတို့ တာဝန်ထမ်းဆောင်ရမှာပါ ”

မအူဂိတ်ကနေ စစ်တပ်ကလက်နက်ကြီးနဲ့ပစ်လို့ အမျိုးသမီး ၈ ဦး၊ အမျိုးသား ၃ ဦးသေဆုံး၊ ၂၁ ဦးဒဏ်ရာရ

“၉ ယောက်ကတော့ ပွဲချင်းပြီးဆုံးသွားတယ်။ ကျန် ၂ ယောက်ကတော့ ဆေးရုံရောက်မှဆုံးတာ။ ဒဏ်ရာရတဲ့သူတွေကိုတော့ လောလောဆယ်ဆေးကုသမှုခံယူနေရတယ်။ ကျနော့်ကားနဲ့ ၄ ယောက်ခေါ်သွားတာ ၂ ယောက်က ပြန်ခေါ်လာခဲ့ရတယ်။ ဒီမနက်အဖြစ်အပျက်ဟာ တကယ့်ငရဲခန်းထဲ ရောက်နေသလိုပဲ။”

မြင်းခြံ ခမရ ၁၅ ကနေ လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် နေအိမ် ၁၈ လုံးမီးလောင်သွား

ခမရ ၁၅ ကနေ လက်နက်ကြီး ၂ လုံးနဲ့ ပစ်ခတ်ခဲ့ရာ ၁ လုံးမှာ မြင်းနီပိုင်းက နေအိမ် ၁ လုံးရဲ့ အုတ်တံတိုင်းကို ထိမှန်ခဲ့ပြီး နောက် ၁ လုံးကတော့ နွားစာတဲထဲ ကျရောက်ပေါက်ကွဲသွားတဲ့အတွက် နေအိမ် ၁၈ လုံး မီးလောင် ပျက်စီးသွားတယ်လို့ ဆိုပါတယ်။

မအူဂိတ်ကနေ လက်နက်ကြီးနဲ့ပစ်လို့ အမျိုးသမီး ၂ ဦးသေဆုံးပြီး ၇ ဦးဒဏ်ရာရ

" သူတို့က လမ်းသွားရင်း ထိတာ။ ၁ ယောက်ကတော့ ခါးပါပြတ်သွားတာ။ လက်နက်ကြီးက သူတို့ ၂ ယောက်နားကိုကျတာ။ တော်တော်များများကို ထိသွားတာ။ ကျန်တဲ့ ဒဏ်ရာရတဲ့သူတွေကတော့ ဆေးကုသမှုခံယူနေကြရတယ်။ စိုးရိမ်ရတဲ့အနေအထားတော့ မရှိကြဘူး"

နွားထိုးကြီးမြို့ကိုတိုက်ခိုက်မှု အောင်မြင်ခဲ့ပြီး စစ်ကူလမ်းကြောင်းတွေ ဖြတ်တောက်ကာ မြို့ကိုပြင်ပမှ ထိန်းချုပ်ထား

" မြို့ကို စီးနင်းတပ်စွဲထားတာမျိုးတော့ မဟုတ်ဘူး။ မြို့ကိုအထိုင်ချလိုက်ရင် လေကြောင်းလာပြီး ပြည်သူတွေကိုထိခိုက်မှာစိုးတဲ့အတွက် ကျွန်တော်တို့က ဖြတ်တောက်ရေးတွေလုပ်ပြီးပဲ ထိန်းထားတယ် "

လှေဆိပ်မှာ ထောက်ခံစာလုပ်ငွေတောင်းနေတဲ့ စစ်အုပ်စု ပစ်ခတ်ခံရလို့ တပ်ကြပ်ကြီး ၂ ဦး နဲ့ တပ်သား ၁ ဦး သေဆုံး (ရုပ်/သံ)

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ မြောက်ကျွန်းရွာ မြောက်ဘက်လှေဆိပ်မှာ ထောက်ခံစာထုတ်ပေးတာကို အကြောင်းပြပြီး ငွေကြေးတောင်းခံနေတဲ့ စစ်ကောင်စီတပ်သားတွေကို သြဂုတ် ၈ ရက် မနက် ၈ နာရီလောက်မှာ ဝင်ရောက်ပစ်ခတ်ခဲ့တယ်လို့ အမေ့သွေးပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ) ဆီက သိရပါတယ်။

ABSDF အပါအဝင် အညာကတော်လှန်ရေးအဖွဲ့တွေကျင်းပတဲ့ ၃၆ နှစ်မြောက် ၈၈၈၈ အရေးတော်ပုံနေ့ (ရုပ်/သံ)

ဒီနေ့ကျရောက်တဲ့ ၃၆ နှစ်မြောက် ၈၈၈၈ အရေးတော်ပုံနေ့ အခမ်းအနားကို အညာဒေသက စစ်ကိုင်း၊ မကွေးမှာ ABSDF အပါအဝင် တော်လှန်ရေးအဖွဲ့တွေက နေရာအသီးသီးကနေ ကျင်းပခဲ့ကြပါတယ်။

၃၆ နှစ်မြောက် ၈၈၈၈ အရေးတော်ပုံနေ့အခမ်းအနားကို ABSDF စစ်ကြောင်း ၃ က ပြုလုပ်

ဒီမနက် ၈ နာရီကနေ ၁၀ နာရီအထိ အခမ်းအနားကို ကျင်းခဲ့တာဖြစ်ပြီး အခမ်းအနားမှာ မြန်မာပြည် ဒီမိုကရေစီတိုက်ပွဲအတွင်း ကျဆုံးသွားတဲ့အာဇာနည်သူရဲကောင်းတွေကို ဦးညွှတ်အလေးပြုတာ၊ မကဒတ ဗဟိုရဲ့ ၈၈၈၈ ဒီမိုကရေစီအရေးတော်ပုံ ၃၆ နှစ်ပြည့် ထုတ်ပြန်ကြေညာချက် ဖတ်ကြားတာအပြင် ၈၈၈၈ ဒီမိုကရေစီ အရေးတော်ပုံအကြောင်း ဟောပြောတာတွေ ပြုလုပ်ခဲ့ကြတယ်လို့ အမှတ် ၃ စစ်ကြောင်းရဲ့ ပြန်ကြားရေးတာဝန်ခံ ရဲဘော်ပြည့်ဖြိုးကျော်က ပြောပါတယ်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10