ပလိုင်းရွာက ထွက်လာတဲ့ ပျူစောထီးအဖွဲ့ဝင် ၃ ဦး ချုံခိုတိုက်ခိုက်ခံရလို့ ၂ ဦးသေ ၁ ဦးဒဏ်ရာရ(ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ပလိုင်းရွာကနေ ရိက္ခာရှာထွက်လာတဲ့ ပျူစောထီးတပ်ဖွဲ့ဝင် ၃ ဦး ကိုပစ်ခတ်တိုက်ခိုက်ရာ ထိခိုက်သေဆုံးသူတွေရှိတယ်လို့ ပလိုင်း ပကဖ - လျှပ်စီးမုန်တိုင်းပြောက်ကျားတပ်ဖွဲ့ဆီက သိရပါတယ်။

ဇန်နဝါရီ ၁၃ ရက် မနေ့က ညနေ ၃ နာရီလောက်မှာ ပလိုင်းရွာစာသင်ကျောင်းမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ထဲက ပျူစောထီးတပ်သား ၃ ဦးဟာ ရိက္ခာရှာဖို့ထွက်လာချိန် တပ်စွဲထားတဲ့ စာသင်ကျောင်းနဲ့ မီတာ ၂၅၀ အရောက်မှာ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေနဲ့ အပြန်အလှန်ထိတွေ့မှု နာရီဝက်ခန့်ဖြစ်ကာ ပျူစောထီးတပ်သား ၂ ဦးသေဆုံးပြီး ၁ ဦးထိမှန်ဒဏ်ရာရရှိသွားတယ်လို့ ဆိုပါတယ် ။

ကင်းပုန်းဝပ်ပီးစောင့်ဆိုင်းပစ်ခတ်ခဲ့တာပါ၊ ပစ်ခတ်မှုအတွင်းမြင်တွေ့ရတာ ၂ ယောက်လဲကျပီး တယောက်ဒဏ်ရာရတာပါ။ ပစ်ခတ်ရတာက မီတာ ၇၀ အကွာလောက်ဆိုတော့ရှင်းရှင်းလင်းလင်း မြင်ရပါတယ်။ စပစ်ချိန်မှာ ၂ ယောက်က လဲကျပီး ပြန်ထမလာနိုင်တော့ပဲ ကျန်တဲ့ ၁ ယောက်ကတော့ ဒဏ်ရာရပြီးတော့ ငုံ့ပြီးဘန်ကာထဲဝင်ပြေးသွားတယ်လို့ ပလိုင်း ပကဖ - လျှပ်စီးမုန်တိုင်းပြောက်ကျားတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

ပစ်ခတ်မှုအတွင်း ပလိုင်းရွာစာသင်ကျောင်းကနေ စက်လက်နဲ့  တရပ်စပ်ရမ်းသမ်းပစ်ခတ်ခဲ့သလို ရွှေဘိုမြို့ ၄၂ တပ်ကနေလည်း ဟောင်ဝှစ်ဇာ ၂ လုံးနဲ့ ပစ်ကူပေးခဲ့တဲ့အတွက် လက်နက်တွေကို ကောက်လို့မရခဲ့ဘူးလို့ ဆိုပါတယ် ။

တိုက်ခိုက်မှုကို ပလိုင်း - ပကဖ လျှပ်စီးမုန်တိုင်းအဖွဲ့၊ ဂဠုန်ကြီး၊ အောင်ဘော်၊ ရှပ်တေး၊ icကျော်ကြီးနှင့် CDF Shwebo (ပကဖ)အဖွဲ့၊ သခင်ကြီးပကဖ၊ ရန်ကြီးအောင်ပကဖ နဲ့ 9PDFတို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြပါတယ် ။

ပစ်ခတ်မှုဖြစ်ပြီး ညဘက်မှာတော့ ပလိုင်းရွာစာသင်ကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ နဲ့ ပျူစောထီးတွေက အနီးတဝိုက်ကျေးရွာတွေကို လက်နက်ငယ်တွေနဲ့ ပစ်ခတ်တာမျိုးတွေပြုလုပ်‌ခဲ့တယ်လို့ လည်းဆိုပါတယ်။

ပလိုင်းရွာ စာသင်ကျောင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ အင်အား ၁၀၀ ခန့်နဲ့  ၂၀၂၁ ခုနှစ် ၇ လပိုင်းလောက်ကတည်းက အထိုင်ချတပ်စွဲထားတာ ဖြစ်ပါတယ်။ 

ဇန်နဝါရီ ၈ ရက်နေ့ကလည်း ပလိုင်းရွာစာသင်ကျောင်းကနေ  အင်အား ၆၀ ဝန်းကျင်နဲ့ ရိက္ခာရှာထွက်လာတဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေကို ပလိုင်းပကဖ လျှပ်စီးမုန်တိုင်းပြောက်ကျားတပ်ဖွဲ့ နဲ့ မဟာမိတ်တပ်ဖွဲ့တွေပူးပေါင်းတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦး သေဆုံးခဲ့ပါသေးတယ်။

တည်းဖြတ် - HP

#မြေလတ်အသံ

#စစ်ကိုင်း #ပလိုင်း #ပျူစောထီး #တိုက်ခိုက် #သေဆုံး 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10