Danger

စလင်းကို ဗုံးဒါဇင်နဲ့ချီ ကြဲချတိုက်ခိုက်

“လေယာဉ် ၃ စီးနဲ့ မနက် ၈ နာရီခွဲ ၉ နာရီလောက်မှာ အသွားအပြန် ၆ ကြိမ် ဗုံးကြဲသွားတာ။ အဲ့ဒီနောက်ပိုင်း စက်တပ်လေထီး (Paramotar)နဲ့ တိုက်တယ်။ ပြီးတော့ လေယာဉ်နဲ့ဆက်တိုက်ကြဲတယ်၊ အကြိမ်ရေ ၂၀ ကျော်တယ်။”

အမြန်လမ်းပေါ် ဆိုင်ကယ်စီးလာတဲ့ ရဲတပ်ကြပ်ကြီး ၁ ဦး သေနတ်ပစ်ခံရပြီး သေဆုံး

“ အမြန်လမ်း မိုင်တိုင် ၂၅၄၊ ၂ ဖာလုံခန့်မှာ ပစ်ခတ်ရှင်းလင်းခဲ့တာ။ ဆိုင်ကယ်နဲ့ တဦးတည်းလာတာ။ ၄ ချက်ပဲပစ်ခတ်လိုက်ရတာ၊ ခေါင်း ၂ ချက်၊ ရင် ဘတ် ၂ ချက် ပစ်ခတ်ခဲ့တာ။”

ကမ္မမှာ လေယာဉ်ဗုံးကြဲခံရလို့ အမျိုးသမီး ၂ ‌ဦးသေဆုံး ■ ငလျင်ဘေးသင့်နေချိန် ချောင်းဦးမှာ လေကြောင်းဗုံးကြဲခံရ

“စစ်ကောင်စီကတော့ သဘာဝဘေးအန္တရယ်ကို ဘယ်သူတွေပဲ ရင်ဆိုင်နေရနေရ သူတို့အာဏာတည်မြဲဖို့ အစွန်းစုံလုပ်မှာပါ၊ နောက်ပြီးတော့ ငလျင်ကြောင့် မန္တလေးမှာလည်းပျက်စီးသွားတယ်၊ စစ်ကိုင်းမှာလည်း ပျက်စီးသွားတယ်၊ ငလျင်လှုပ်ပြီး နောက်ပိုင်းအခြေအနေတောင်မှ ကျနော်တို့ပြည်သူအပေါ်ကို ဖိနှိပ်တယ်၊ သူတို့ အာဏာတည်မြဲဖို့ ပြည်သူတွေဘယ်လောက်ဒုက္ခရောက်ရောက် ဒီကောင်တွေ သူတို့အာဏာတည်ဆောက်ဖို့ပဲ ဆက်လုပ်သွားမှာပါ။”

ဇီးဖြူကုန်းရွာက ပျူစောထီးတပ်ဖွဲ့ဝင် ၁ ဦး လက်နက်၊ ခဲယမ်းတွေနဲ့အတူ ဘက်ပြောင်းခိုလှုံ

“သူက တည်သီးတော ပျူစောထီးခေါင်းဆောင် မောင်ဆန်းလက်အောက်မှာ နေထိုင်လုပ်ကိုင်ရတာ မကြိုက်လို့ ဝင်လာတာလို့ ပြောပါတယ်။ ရန်သူ့နယ်မြေ ဇီးဖြူကုန်းရွာအထိ သွားပြီး ခေါ်ထုတ်ရတာပါ။”

သင်တန်းပြီးဆုံးခဲ့တဲ့ တပ်ဖွဲ့ဝင်သစ် ၂၄ ဦးနဲ့ တပ်ဖွဲ့အင်အားကိုထပ်မံဖြည့်တင်းနိုင်ခဲ့တဲ့ CGF

“ (သင်တန်းသား) အဟောင်းတွေလည်း တက်ရောက်ပေးပါတယ်၊ တပ်တာဝန်ခံတွေလည်း တက်ရောက်ပေးတယ်၊ သင်တန်းသားအသစ်တွေကတော့ စစ်မှုထမ်းဥပဒေကြောင့် တိမ်းရှောင်လာတဲ့ သူတွေလည်းပါတယ်၊ တော်လှန်ရေးကို ခံယူချက်နဲ့ ဝင်လာတဲ့သူတွေလည်းပါတယ်”

စစ်သားနဲ့ပျူစောထီးတွေတိုက်ခိုက်ခံရလို့ ၂ ဦးသေဆုံးပြီး လက်နက်နဲ့ဆိုင်ကယ်တွေကိုပါသိမ်းဆည်း

“ဆိုင်ကယ် ၃ စီးနဲ့လာတာ၊ ၅ ယောက်ပါ၊ ပစ်ခတ်တိုက်ခိုက်ချိန်က ၅ မိနစ်လောက်ပဲ ကြာခဲ့တယ်၊ ၂ ဦးကတော့ နေရာမှာတင် ပွဲခြင်းပြီးသေသွားတယ်၊”

စလင်းမှာ ဘုန်းကြီးကျောင်း လေကြောင်းဗုံးကြဲခံရလို့ ဦးဇင်း ၁ ပါးနဲ့ ရွာခံ ၂ ဦး ဒဏ်ရာရ

“ ဂျက်ဖိုက်တာ ၂ စီး ၅ ခေါက်ပတ်ပြီး ပစ်သွားတာ၊ ဆရာတော်က ဒဏ်ရာများတယ်၊ အရပ်သား ၂ ဦးလည်းထိတယ်၊ အရပ်သား ၂ ဦးကတော့ ဒဏ်ရာရရုံပါ။ “

⁨အင်းဝဘဏ်အနားမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ အနီးကပ်ဝင်တိုက်ခိုက်ခံရ ၄ ဦးသေဆုံး

“နေ့တိုင်းလိုလိုလုပ်နေတော့လေ၊ အဲ့ဒါ သတင်းရတာနဲ့သွားပစ်တာ။ ၅ မိနစ်လောက်ကြာတယ်။ ခန့်မှန်းခြေ ပေ ၃၀၀ လောက်ပဲဝေးတယ်။ ၁၅ ကောင်လောက် ဒီဘက်ကိုထွက်လာတာ၊ ထွက်ပြီးတော့ သူတို့ လာတဲ့သူတွေကို စစ်(ဆေး)တယ် တားတယ်၊ ပိုက်ဆံတောင်းတာတွေ လုပ်တယ်။ အဲ့ဒါကို သူတို့အလစ်အငိုက်မှာ အမှတ်မထင်ဝင်ပစ်တာ။ ၅ ကောင်မှာ ၁ ကောင်က အပြင်းအထန်ဒဏ်ရာရတယ်။ ၄ ကောင်ကတော့သေတယ်။”

ရွှေစက်တော်ဘုရားဖူးနည်းလို့ စစ်ကောင်စီက စရိတ်ငြိမ်းနေ့စားခနဲ့လူစုပြီး လိုက်ပို့၊ Non -CDM တွေကိုလည်း အလှည့်ကျသွားခိုင်း (ရုပ်/သံ)

မကွေးတိုင်း၊ မင်းဘူးမြို့နယ်၊ မန်းရွှေစက်တော်ဘုရားပွဲကို စရိတ်ငြိမ်းပို့ဆောင်ပေးမယ်ဆိုကာ မကွေးမြို့ပေါ်ရပ်ကွက်တွေမှာ အုပ်ချုပ်ရေးမှူးတွေက လူလိုက်စုနေပြီး စစ်ကောင်စီလက်အောက်တာဝန်ထမ်းဆောင်ဆဲ Non-CDM နဲ့မိသားစုဝင်တွေကိုလည်း ရွှေစက်တော်ကို အလှည့်ကျသွားရောက်ဖို့ ညွှန်ကြားထားတယ်လို့ မြို့ခံတွေနဲ့ Non-CDM အသိုင်းအဝိုင်းထံက သိရပါတယ်။

လာရောက်သူနည်းပါးနေတဲ့ရွှေစက်တော်ကို စရိတ်ငြိမ်း၊ နေ့စားခပေးပို့ပေးမယ်ဆိုကာ စစ်ကောင်စီကစည်းရုံးနေပြီး Non-CDM တွေကိုလည်း အလှည့်ကျသွားဖို့ ညွှန်ကြား

“ လူတွေကို လိုက်စည်းရုံးတာ၊ တဦးကိုအခကြေးငွေလည်းပေးမယ်၊ ကားနဲ့လည်း လိုက်ပို့ပေးမယ်၊ စရိတ်စကလည်း ၅ ထောင်ပေးမယ်ဆိုပြီး ရွှေစက်တော်ကို အတင်းခေါ်တာ။ ရပ်ကွက်တွေထဲကတော့ လွန်ခဲ့တဲ့ ၂ ရက် ၃ ရက်ကတည်းက ခေါ်နေတာ၊ လွန်ခဲ့တဲ့ ၂ ရက်ကလည်း တသုတ်သွားတယ်။”

စလင်းမှာ ဘုန်းကြီးကျောင်းဗုံးကြဲခံရလို့ အမျိုးသား ၁ ဦးသေပြီး ကိုယ်၀န်သည် ၁ ဦးအပါ ၃ ဦးဒဏ်ရာရ

“ဂျက်ဖိုက်တာနဲ့ ၃ လုံးကြဲသွားတာ ကင်မွန်းချုံဘုန်းကြီးကျောင်းကို ကြဲသွားတာ။ ဘုန်းကြီးကျောင်းကတော့ တော်တော်လေးစုတ်ပြတ်သွားတယ်။ ကျောင်းရှေ့ဇရပ်နားမှာနေတဲ့ အမျိုးသားက ရေနွေးသွားထည့်တာလို့ပြောတယ်။ အသက် ၅၇ နှစ်၊ အဲ့ ၁ ယောက် သေဆုံးတယ်။ ကျောင်းအောက်မှာနေတဲ့ ကပ္ပိယကြီး ၂ ယောက် ဒဏ်ရာရတယ်။ ဘုန်းကြီးကျောင်းနဲ့ မလှမ်းမကမ်းမှာရှိတဲ့ အိမ် ၁ အိမ်က ကိုယ်ဝန်ဆောင်အမျိုးသမီး ၁ ယောက် ထိတယ်။”

ရန်ကုန်-ပြည်ကားလမ်းဘေး စစ်ကွင်းတာဆုံ စစ်ဆေးရေးဂိတ် ၂ ရက်ဆက်တိုက်ခိုက်ခံရပြီး ၈ ဦးသေ(ရုပ်/သံ)

“အဲ့ဒီ စစ်ဆေးရေးဂိတ်မှာက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ၊ အုပ်ချုပ်‌ရေးမှူးနဲ့ ပျူစောထီးတွေ အင်အား ၂၀ ကျော် ၃၀ လောက်ရှိတယ်၊ အဲ့ဒီမှာနေတာ။ စစ်ကောင်စီ**ဘက်က ၇ ဦးသေဆုံးတယ်။ လက်နက်တွေနဲ့ ဒဏ်ရာရသူတွေကိုတော့ ဒရွတ်တိုက် အမှောင်ဘက်ကိုဆွဲသွားတယ်။ ကျန်တဲ့ ၆ ဦးလောက်လည်း ဒဏ်ရာအပြင်းအထန်နဲ့ ပြေးသွားရတယ်။ စစ်ကွင်းမြို့ထဲကိုလည်း သူတို့‌တတွေ အလံဖြူထောင်ပြီးပြေးရတယ်။ ပြေးရတော့လည်း ပုဆိုးမနိုင်ပဝါမနိုင်နဲ့ ပြေးသွားကြရတယ်။”

ရန်ကုန်-ပြည်ကားလမ်းဘေး စစ်ကွင်းတာဆုံ စစ်ဆေးရေးဂိတ် ၂ ရက်ဆက်တိုက်ခိုက်ခံရပြီး ၈ ဦးသေ

“အဲ့ဒီ စစ်ဆေးရေးဂိတ်မှာက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ၊ အုပ်ချုပ်‌ရေးမှူးနဲ့ ပျူစောထီးတွေ အင်အား ၂၀ ကျော် ၃၀ လောက်ရှိတယ်၊ အဲ့ဒီမှာနေတာ။ စစ်ကောင်စီ**ဘက်က ၇ ဦးသေဆုံးတယ်။ လက်နက်တွေနဲ့ ဒဏ်ရာရသူတွေကိုတော့ ဒရွတ်တိုက် အမှောင်ဘက်ကိုဆွဲသွားတယ်။ ကျန်တဲ့ ၆ ဦးလောက်လည်း ဒဏ်ရာအပြင်းအထန်နဲ့ ပြေးသွားရတယ်။ စစ်ကွင်းမြို့ထဲကိုလည်း သူတို့‌တတွေ အလံဖြူထောင်ပြီးပြေးရတယ်။ ပြေးရတော့လည်း ပုဆိုးမနိုင်ပဝါမနိုင်နဲ့ ပြေးသွားကြရတယ်။”

စစ်ကိုင်းတိုင်းရှိ မြို့နယ် ၃ ခုက သာသနိကအဆောက်အအုံတွေအပါ အရပ်သားပစ်မှတ်တွေကို စစ်ကောင်စီ ဗုံးကြဲ

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ မြောင်မြို့နယ် နဲ့ ဝက်လက်မြို့နယ်တို့ကို မတ် ၁၉ ရက်နဲ့ ၂၀ ရက်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံထိခိုက်သေဆုံးမှုတွေရှိပြီး သာသနိကအဆောက်အအုံနဲ့ နေအိမ်တွေပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မြောင်မှာတိုက်ပွဲဖြစ်နေပြီး စစ်ကောင်စီရဲ့ပစ်ခတ်မှုတွေကြောင့် ဒေသခံ ၄ ဦးသေဆုံး(ရုပ် / သံ)

“လှေတင်ဦးရွာကို လက်နက်ကြီးနဲ့ မြောင်ရဲစခန်းကနေပစ်လို့ ပြည်သူ ၁ ဦးထိခိုက်သေဆုံးခဲ့တယ်။ စစ်တပ်မင်္ဂလာဆောင်ကို ပစ်ခတ်တိုက်ခိုက်နေတဲ့ မဟာမိတ်တပ်ဖွဲ့တွေက ပစ်ကူတောင်းလို့ ကျနော်တို့ ပစ်ရောက်တိုက်ခိုက်စဉ်မှာ စစ်တပ်ကလေယာဉ်ပစ်ကူတောင်းတဲ့အချိန်မှာ လေယာဉ်ပစ်ကူမလာနိုင်ဘဲနဲ့ စစ်တပ်လေထီးတပ် စက်တပ်ယာဉ် ၂ စီးနဲ့ မုံရွာမြို့ နမခကနေ လာရောက်ဗုံးကြဲတိုက်ခိုက်သွားတယ်”

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10