Danger

စစ်ကောင်စီတပ်ဖွဲ့ လက်ပံကျင်း(တောင်)ရွာကိုမီးရှို့၊ ကိုယ်ဝန်ဆောင် ၁ ဦးအပါ ၄ ဦးသေဆုံးပြီး အိမ်ခြေ ၄၀၀ ပျက်စီး   ■ လက်ပံကျင်း(တောင်)ရွာကနေ ခွဲထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ တိုက်ခိုက်ခံရလို့ ၇ ဦးသေ

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ စက်မှုဇုန်ဘက်ကနေထွက်လာတဲ့ စစ်သား၊ ရဲနဲ့ ပျူစောထီး ပူးပေါင်းတပ်ဖွဲ့ဟာ ငါန်းဇွန်မြို့နယ်၊ လက်ပံကျင်း(တောင်)ကျေးရွာကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ဝင်ရောက်ပြီး နေအိမ်တွေကိုမီးရှို့ခဲ့တာကြောင့် ကိုယ်ဝန်ဆောင် ၁ ဦးအပါ ၄ ဦးသေဆုံးပြီး အိမ်ခြေ ၄၀၀ မီးလောင်ပျက်စီးခဲ့တယ်လို့ Zero ပြောက်ကျားတပ်မဟာ တပ်ရင်း ၇ မြင်းခြံခရိုင်တပ်ဖွဲ့ ဆီက သိရပါတယ်။

ဘုန်းကြီးကျောင်းထဲ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ ဒရုန်းနဲ့ ဗုံးကြဲခံရလို့ စစ်ဗိုလ် ၁ ဦးအပါ ၅ ဦး ဒဏ်ရာရ (ရုပ်/သံ)

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်၊ ပင်တောင်ရွာက ဘုန်းကြီးကျောင်းထဲမှာ တပ်စွဲနေတဲ့ စစ်သား၊ ရဲနဲ့ ပျူစောထီးတွေကို ဒရုန်း ၃ စီးနဲ့ ဗုံးကြဲချတိုက်ခိုက်ရာ စစ်ဗိုလ် ၁ ဦး အပါအဝင် ၅ ဦး ဒဏ်ရာရတယ်လို့ ပေါက်တောင်ပိုင်း ပကဖ တပ်ဖွဲ့ လေ့ကျင့်ရေးနဲ့ အင်အားစုဖွဲ့ တာဝန်ခံက ပြောပါတယ်။

ချောက်မြို့နယ်၊ ဆည်ကန်ရွာကို စစ်ကောင်စီ မီးရှို့

မကွေးတိုင်း၊ ချောက်မြို့နယ်၊ ဆည်ကန်ကျေးရွာက နေအိမ် ၃ လုံးကိုစစ်ကောင်စီတပ်သားတွေကမီးရှို့ ပြီး လင်းတကိုင်းရွာကဒေသခံတွေရဲ့ပစ္စည်းတွေကိုလည်း ယူသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မဒဲရွာအုပ်စုမှာ အုပ်ချုပ်ရေးမှူးနဲ့ဆယ်အိမ်မှူးတွေက စစ်မှုထမ်းကြေး ခြိမ်းခြောက်ကောက်ခံနေ

"တကယ်လို့မှ မပေးဆောင်ရင် မဒဲရွာအရှေ့က ကျောင်းကုန်းကြီးကျေးရွာအုပ်စုနဲ့ ရေပုတ်ကလေးကျေးရွာအုပ်စုက ပျူစောထီးတွေကိုခေါ်ပြီးတော့ နေ့ချင်းညချင်း ဖမ်းဆီးခိုင်းပါမယ်ဆိုလို့ ခံဝန်ကတိတွေနဲ့ မပေးရင်မဖြစ်လို့ကြောက်အားလန့်အားကြီးပြီးတော့ ကျနော်တို့ပေးရပါတယ်"

စစ်ကောင်စီစစ်ကြောင်းကို မိုင်းထောင်စဉ် မိုင်းမတော်တဆဖြစ်ပြီး PDF တဦးကျဆုံး

“ ကျဆုံးသွားတဲ့ အသက် ၁၉ နှစ်အရွယ် တပ်ဖွဲ့ဝင်ဒေါင်းမင်းရဲ့ ဈာပနအခမ်းအနားကို ဇန်နဝါရီ ၁၂ ရက်မှာ မင်းဘူးခရိုင် အမှတ် ၅ တပ်ရင်းရဲ့ ထိန်းချုပ်ထားတဲ့ စလင်းမြို့နယ်အတွင်း မီးရှို့သင်္ဂြိုဟ်ခဲ့ပြီး အရိုးပြာကိုတော့ အိုးနဲ့ယူထားပြီး နောက်မှအုတ်ဂူလုပ်မှာ။”

လင်းဇင်းရဲစခန်းနဲ့ ကံပြားရဲစခန်းကထွက်လာတဲ့ စစ်ကောင်စီတပ်စစ်ကြောင်း တိုက်ခိုက်ခံရ (ရုပ်/သံ)

"ကျနော်တို့ရဲဘော်တွေ ကင်းပွိုင့်နဲ့တွေ့ပြီးတော့ ထိပ်တိုက်ပစ်ခတ်မှုတိုက်ပွဲ ဖြစ်ခဲ့တာ။ သူတို့ဘက်က သေတော့သေတယ်၊ အတိအကျတော့ မသိရဘူး။ မနေ့က လင်းဇင်းရဲစခန်းထဲမှာတော့ အမိန့်ပြန်တမ်းလုပ်တယ်လို့ သိရတယ်။"

စစ်ကောင်စီတပ်သားတွေလိုက်ပါလာတဲ့ ကား ၂ စီး ကြားဖြတ်တိုက်ခံရလို့ သေနတ် ၁၀ လက်ရရှိကာ ၂၀ ဦးထက်မနည်းသေဆုံးတယ်လို့ဆို (ရုပ်/သံ)

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ မြင်းခြံ-တောင်သာလမ်းပိုင်းမှာ ကား ၂ စီးနဲ့လိုက်ပါလာတဲ့ စစ်ကောင်စီနဲ့ပျူစောထီး ပူးပေါင်းတပ်ဖွဲ့ကို ကြားဖြတ်တိုက်ခိုက်ခဲ့လို့ ထိခိုက်သေဆုံးမှုများပြားကာ လက်နက်ခဲယမ်းတွေလည်းသိမ်းဆည်းရရှိခဲ့တယ်လို့ Zero ပြောက်ကျားတပ်မဟာ မြင်းခြံခရိုင်တပ်ရင်း ၇ ဆီက သိရပါတယ်။

မြင်းခြံ-တောင်သာလမ်းမှာ စစ်ကောင်စီတပ်ဘက်က ကား ၂ စီး ကြားဖြတ်တိုက်ခံရလို့ သေနတ် ၁၀ လက်ရရှိကာ ၂၀ ဦးထက်မနည်းသေဆုံးတယ်လို့ဆို

“ နောက် ၁ စီးက ချောက်ထဲကျနေပါတယ်။ အဲ့ဒါတွေသာ အကုန်လုံး ရှင်းလင်းရေးလုပ်နိုင်ရင် သေနတ်တွေက ၃၀ လောက်ရမှာပါ၊ ကျနော်တို့ မျက်မြင်ကတော့ ၂၀ လောက်သေတယ်၊ ခန့်မှန်းကတော့ ၄၀ လောက်သေတယ်ပြောလို့ရမယ်”

ပေါ်တာဆွဲခံရပြီး စစ်ကောင်စီတပ်သားသစ်ဖြစ်လာသူ ၄ ဦးကို မြိုင်မှာဖမ်းမိ

“သူတို့ ၄ ဦးရဲ့ ဖြေဆိုချက်တွေအရ သူတို့က ပေါ်တာအဆွဲခံရတဲ့အထဲမှာပါတာ၊ သူတို့ သင်တန်းဆင်းခဲ့တာ ၃ လရှိပြီလို့ ပြောတယ်၊ သူတို့က ဒေသအသီးသီးကပါ၊ ၁ ဦးက နေပြည်တော်က၊ ၁ ဦးက ဧရာဝတီတိုင်း၊ ၄ ဦး ၄ နေရာကနေ ပေါ်တာအဆွဲခံရတာ”

ချောက်မှာ စစ်ကောင်စီသတင်းပေးဆိုသူ ပစ်သတ်ခံရ

“သူ ဝိုင်း(မြေ)တိုးချဲ့လုပ်နေတဲ့အချိန် ပစ်ခတ်ရှင်းလင်းခဲ့တာ၊ လမ်းမှာပါ။ သူ ရွာထိပ်မှာ ထွန်စက်နဲ့ ဝိုင်းတိုးချဲ့လုပ်နေတာ၊ သူပိုင်နေရာလည်း မဟုတ်ဘူး။ သေနတ်နဲ့ ၅ ချက်ပစ်ခတ်ရှင်းလင်းခဲ့တာ၊ ခေါင်းကိုပဲပစ်ခဲ့တာ။”

ဘက်ပြောင်းခိုလှုံလာတဲ့ ပေါက်ရဲစခန်းက ရဲ ၁ ဦး ကျပ်သိန်း ၃၀ ဆုချီးမြှင့်ခံရ

" သူတို့အထဲမှာ ရဲဘက်နဲ့ စစ်ဘက်မကြေလည်တာတွေရှိတယ်လို့လည်း ပြောတယ်။ စစ်တပ်က သူတို့ရဲတပ်သားတွေကို အနိုင်ကျင့်ဗိုလ်ကျတာတွေရှိတယ်။ အဲဒီလိုတွေများလာတော့ တာဝန်မထမ်းဆောင်ချင်တာနဲ့ ဘက်ပြောင်းခိုလှုံလာတာ။"

ရွှေစက်တော်အနီး အိုးပြင်မဲရွာက လူနေအိမ် ၃၅ လုံးကို စစ်ကောင်စီတပ်ဖွဲ့က မီးရှို့ဖျက်ဆီး

“ကျနော်တို့ မင်းဘူး (စကု)မြို့နယ်မှာ ဒါပထမဆုံး မီးရှို့ခံရတဲ့ရွာပါပဲ။ မင်းအောင်လှိုင် ဇာတိမြို့ မင်းဘူးမြို့ပေါ်မှာ နိုင်လွန်ကတ္တရာခင်းပေးနေပြီး ရွာတွေကိုတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မီးရှို့နေတာပါ။”

သရက်ချဉ်ရွာ တိုက်ပွဲအတွင်း အမျိုးသမီးတဦး ဗုံးသီးစထိမှန်ဒဏ်ရာရ

"သရက်ချဉ်ကျေးရွာ ကျောင်းနားလေးမှာ ပစ်ခတ်မှုဖြစ်တာ။ တော်လှန်တပ်ဖွဲ့ဝင်တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့တွေ အပြန်အလှန်ပစ်ခတ်ကြတာ။ သူ့အိမ်ထဲမှာနေရင်းနဲ့ ဒဏ်ရာရတာ။ လက်နက်ကြီးနဲ့ ပစ်တာမှ ဗုံးစမှန်တာ၊ မှန်ပြီဆို လူနာတင်ကားနဲ့ ဆေးရုံပြေးရတာပဲ။ နေ့လယ် ၁ နာရီခွဲကျော်မှာ ဆေးရုံရောက်တာ။"

နယ်မြေရှင်းလင်းချိန်တွေ့ရတဲ့ တပ်ကြပ်အလောင်းကို မီးသင်္ဂြိုဟ်ပေးခဲ့

“စစ်**တွေက ဂေါ်ထိုးကားနဲ့မြေဖော်ပြီးတော့ အမိန့်စာရွက်နဲ့အတူတူ လမ်းဘေးမှာမြှုပ်ပစ်ခဲ့တာ၊ ခြေထောက်တဖက်ကလည်း ပြတ်နေတယ်၊ ဒဏ်ရာတွေကလည်း အများကြီးပါ။”

စစ်ရေးတိုးချဲ့ဖို့နဲ့ ရရှိတဲ့နယ်မြေတွေ ထိန်းသိမ်းဖို့ MBT တပ်သားသစ်ခေါ်ယူ (ရုပ်/သံ)

MBT တပ်ဖွဲ့ဟာ End Point ကမ်ပိန်းကို ရာနှုန်းပြည့်အောင်မြင်ခဲ့ပြီးနောက် တပ်သားအသစ်တွေ ခေါ်ယူနိုင်ခဲ့တာဖြစ်ပြီး လက်နက်ခဲယမ်းတွေပါ ဝယ်ယူဖြည့်တင်းထားကာ တပ်သားအသစ်တွေကို တပ်ဆင်ပေးသွားမယ်လို့ MBT တပ်ဖွဲ့ ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောပါတယ်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10