ဇီးဖြူကုန်းရွာက ပျူစောထီးစခန်း ၄ ရက်တာ ဒရုန်းနဲ့ဗုံးကြဲခံရပြီး ၁၀ ဦးဒဏ်ရာရ (ရုပ်/သံ)
နိုဝင်ဘာ ၁ ရက်ကစပြီး နိုဝင်ဘာ ၄ ရက်အထိ ပုလဲမြို့နယ်၊ ဇီးဖြူကုန်းရွာပျူစောထီးစခန်းက ဘန်ကာတွေ အဆောက်အဦတွေအပြင် ပျူစောထီးခေါင်းဆောင်နေတဲ့ နေရာနဲ့အဆောက်အဦတွေကို ဒရုန်းနဲ့ ဗုံးကြဲချခဲ့တာလို့ BNRA ဗဟို သတင်းနှင့်ပြန်ကြားရေးဌာန ရဲဘော် မင်းရန်မာန်က ပြောပါတယ်။