ပခုက္ကူ - ကမ္မလမ်းပေါ်က စစ်ကောင်စီနဲ့ပျူစောထီးဂိတ် တိုက်ခိုက်ခံရပြီး ပျူစောထီး ၂ ဦးဒဏ်ရာရ (ရုပ်/သံ)
"သူတို့က ညောင်ဂျစ်ပင်ရွာ ဘုန်းကြီးကျောင်းထဲမှာ အထိုင်ချထားတာ။ ရှေ့မှာကတော့ ဂိတ်ရှိတယ်။ ဘုန်းကြီးကျောင်းထဲကနေ ရွာထဲကို ရိက္ခာထွက်ရှာတဲ့ ပုံစံပါ။ အမျိုးသမီး ၁ ဦးလည်းပါတယ်။ ကျနော်တို့အဖွဲ့တွေနဲ့ ထိတွေ့မှုဖြစ်တာ၊ သူတို့လမ်းပေါ်တက်ပြီး ကုန်ကားတွေကို တားတဲ့အချိန်မှာ ပစ်ခတ်မှုဖြစ်တာ၊ ပျူစောထီး အမျိုးသား ၁ ဦးနဲ့ အမျိုးသမီး ၁ ဦး ဒဏ်ရာရတယ်။"