ယင်းမာပင်ခရိုင် တပ်ရင်းအမှတ် ၃၆ က ရဲဘော်တွေကို ကျည်ကာတွေပေးအပ်
“အခုလောလောဆယ်တော့ ရဲဘော်အားလုံးကိုတော့ တပ်ဆင်ပေးနိုင်ခြင်း မရှိသေးပါဘူး။ ရဲဘော် ၂၀ ဦးကို တပ်ဆင်ပေးနိုင်ခဲ့တာ။”
“အခုလောလောဆယ်တော့ ရဲဘော်အားလုံးကိုတော့ တပ်ဆင်ပေးနိုင်ခြင်း မရှိသေးပါဘူး။ ရဲဘော် ၂၀ ဦးကို တပ်ဆင်ပေးနိုင်ခဲ့တာ။”
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ညောင်ဖြူပင်ကျေးရွာက စစ်သား၊ ရဲနဲ့ ပျူစောထီးတွေ တပ်စွဲနေတဲ့ ရဲစခန်းကိုဒေသခံကာကွယ်ရေးတပ်တွေက မီတာ ၁၅၀၀ အကွာကနေ ၈၀ မမ၊ ၆၀ မမ၊ ၄၀ မမတွေအပြင် လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Chindwin Dynamice(Salingyi) ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဆီက သိရပါတယ်။
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်မှာ မြို့နယ်ပလဖပြန်ကြားရေးတာဝန်ခံ ပုလဲမောင်ဟာ မေ ၂၃ ရက် ညနေပိုင်းမှာ ပျောက်သွားခဲ့ပါတယ်။ ပုလဲမောင်ကို BNRA တပ်ရင်းမှူး သခင်ဒေါင်းညိုက ဖမ်းဆီးသွားတယ်လို့ ပုလဲမြို့နယ် အုပ်ချုပ်ရေးအဖွဲ့တာဝန်ခံ ဦးဇော်ထက်က သံသယရှိတာကြောင့် သခင်ဒေါင်းညိုကို ခေတ္တခဏထိန်းသိမ်းခဲ့ပါတယ်။ ဒါပေမဲ့ ပုလဲမောင်ရဲ့ ရုပ်အလောင်းကို ပုလဲမြို့နယ်ပအဖတာဝန်ခံ ဦးဇော်ထက်ရဲ့ နေအိမ်မြေအောက် ခန်းထဲမှာ တွေ့လိုက်ရတဲ့အခါမှာတော့---
“ ဆန်အိတ် ၂၀ ကျော်ရယ် ကုလားပဲ၊ ကြာဆံ၊ ငရုတ်သီး၊ ငပိ၊ ဆား၊ အရောင်တင်မှုန့်ကအစ အကုန်လုံးဆုံးရှုံးသွားပါတယ်။ ငွေကျပ်သိန်း ၂၀ ကျော်ဖိုး လောက်ရှိမယ်။ လတ်တလော ကျနော်တို့ ရဲဘော်၊ရဲမေတွေမှာ ရေစိုဆန်ပဲ ချက်ပြုတ်စားသောက်နေရတယ်”
တပ်ခွဲ ၁ က ရဲဘော် ၃၀ ဝန်းကျင်ကို ရက်တိုသင်တန်းအဖြစ် ရက် ၂၀ သာ အခြေခံစစ်ပညာသင်ကြားပေးနိုင်ခဲ့ကာ ဇွန် ၅ ရက်မှာတော့ မကွေးတိုင်း ပခုက္ကူခရိုင်တနေရာမှာ သင်တန်းဆင်းပွဲအခမ်းအနားကို ပြုလုပ်ပေးခဲ့တာဖြစ်တယ်လို့ ပခုက္ကူခရိုင်အမှတ် ၁၉ တပ်ရင်း ဆိပ်ဖြူဘာမထီ ပြည်သူ့ကာကွယ်ရေးတပ် တာဝန်ခံက ပြောပါတယ်။
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ပြည်သူ့လုံခြုံရေးအဖွဲ့(ပလဖ) သတင်းပြန်ကြားရေးတာဝန်ခံ ကိုပုလဲမောင် သေဆုံးမှုနဲ့ပတ်သက်ပြီး အမှုမှန်ပေါ်ပေါက်ရေးအတွက် မိသားစုဝင်တွေနဲ့ ရွာခံအင်အား ၃၀၀ ကျော်က မင်းတိုင်ပင်ကျေးရွာမှာ ဆန္ဒဖော်ထုတ်ခဲ့ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ပုလဲမြို့နယ်၊ မင်းတိုင်ပင်စံပြကျေးရွာမှာ ဆန္ဒပြခဲ့ကြတာ။ အကို ပုလဲမောင် သေဆုံးမှုက လူသတ်မှုလို့ ခံယူတဲ့ အတွက် အမှုမှန်ပေါ်ပေါက်အရေး ဆန္ဒပြခဲ့တာပါ”
တပ်ဖွဲ့အသစ်နာမည်က အညာဒေသတော်လှန်ရေးအထူးတပ်ဖွဲ့ (Special Troop Of Anyar Revolution) ဖြစ်ပြီး စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းအတွင်းထဲမှာ စစ်ရေးလှုပ်ရှားမှုတွေ ပြုလုပ်သွားဖို့ ဖြစ်တယ်လို့ အတွင်းရေးမှူး ကိုဆာန်က ပြောပါတယ်။
“ပစ်ခတ်တိုက်ခိုက်ချိန်က မိနစ် ၃၀ လောက်ကြာတယ်၊ ပစ်ခတ်တိုက်ခိုက်ချိန်အတွင်းမှာ **တကောင်ကို ဆွဲခေါ်သွားတာ ရဲဘော်တွေမျက်မြင်ကိုယ်တွေ့ တွေ့ခဲ့ရတယ်”
လက်နက်တပ်ဆင်ပွဲကိုတော့ မြိုင်မြို့နယ်ထဲမှာ ပြုလုပ်ခဲ့တာဖြစ်ပြီး အဲဒီရဲဘော် ၁၀၀ ကျော်ဟာ အပတ်စဉ် ၂ စုဖွဲ့လေ့ကျင့်မှုသင်တန်းဆင်းတွေ ဖြစ်တယ်လို့ မြိုင်ပကဖ တာဝန်ရှိသူတဦးက ပြောပါတယ်။
“ကျနော်တို့က ကားကိုစောင့်ကြိုတိုက်ခိုက်ခဲ့တာဖြစ်တဲ့အတွက် ကားအလယ်ကိုဖြတ်ပစ်တာ၊ နောက်ကရှိတဲ့ စစ်ကောင်စီကောင်တွေဆိုရင် ကားပေါ်ကနေကိုပြုတ်ကျသွားတာ၊ ကျည်မှန်ပြီး ပွဲချင်းပြီးကိုသေတယ်၊”
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အတွင်းက အမျိုးညီညွတ်ရေးအစိုးရ(NUG) ပညာရေးဝန်ကြီးဌာန လက်အောက်မှာရှိတဲ့ စာသင်ကျောင်း ၄၀ ကျော်ကို ထောက်ပံ့ပေးခဲ့တယ်လို့ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော်-သခင်ဒေါင်းညိုတပ်ရင်း ဆီကသိရပါတယ်။
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အတွင်းက ဆေးဝါးကုသဖို့အခက်အခဲဖြစ်နေတဲ့ ကျေး ရွာ ၂ ရွာက ပြည်သူတွေကို ဇွန် ၁ ရက် မနက်ပိုင်းက အခမဲ့ဆေးကုသမှုတွေပြုလုပ်ပေးခဲ့တယ်လို့ Buffalo Soldiers Freedom Force တပ်ဖွဲ့ဆီက သိရပါတယ်။
မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ ကျောက်ဆည်ကုန်းရွာအနားက မိုင်းကွင်းအလယ်ကောင်မှာ ထမင်းထိုင်စားနေတဲ့ စစ်ကောင်စီစစ်သားတွေ မိုင်းဆွဲခံလိုက်ရလို့ ၃ ဦးသေဆုံးခဲ့တယ်လို့ တိုက်ဒေါင်းပြည်သူ့တော်လှန်ရေးအင်အားစုတပ်ဖွဲ့ ဆီက သိရပါတယ်။
စစ်ရှောင်အများစုဟာ လက်ရှိအခြေအနေအရ ရွာကို မပြန်ရဲကြဘဲ အရဲစွန့်ပြန်ဝင်မယ်ဆိုရင် ရွာကိုမရောက်ဘဲ လမ်းခုလတ်မှာတင် စစ်ကောင်စီတပ်နဲ့တွေ့မှာကို စိုးရိမ်ကြောက်ရွံ့နေကြကာ ကာကွယ်ရေးတပ်ဖွဲ့တွေဆီက ရွာပြန်လို့ရပြီဆိုတဲ့ အကြောင်းကြားလာမယ့်နေ့ကိုပဲ စောင့်နေကြရပါတယ်။