သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်၊ ရုံးစင်ကြီးရဲစခန်းက ရဲတပ်သားနဲ့ ဇနီးဖြစ်သူကို ဇန်နဝါရီ ၆ ရက်ညနေပိုင်းမှာ ဖမ်းဆီးခဲ့တယ်လို့ တောင်သာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီက သိရပါတယ်။
ရဲတပ်သား ကျော်သောင်းနဲ့ ဇနီးဖြစ်သူတို့ကို စခန်းအနီးကွမ်းယာဆိုင်ကိုသွားချိန် စောင့်ကြို ဖမ်းဆီးခဲ့တာဖြစ်ပြီး သူတို့ဆီကနေ G3 သေနတ် ၁ လက်၊ G3 ကျည် ၁၅ ထောင့် သိမ်းဆည်းရခဲ့တယ်လို့ ဆိုပါတယ်။
လက်ရှိမှာ ၂ ဦးစလုံးကိုထိန်းသိမ်းစောင့်ရှောက်ထားပြီး စစ်သုံ့ပန်းဥပဒေနဲ့အညီ အရေးယူသွားဖို့ရှိတယ်လို့ တောင်သာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ရှိသူက ပြောပါတယ်။
“အရှင်ဖမ်းဆီးရမိတဲ့အခါကျတော့ သူတို့ကိုကောင်းကောင်းမွန်မွန်ပဲ ထိန်းသိမ်းစောင့်ရှောက်ထားပြီးတော့ စစ်သုံ့ပန်းဥပဒေနဲ့အညီပေါ့လေ MOD ရဲ့ လမ်းညွှန်ချက်အတိုင်း စစ်သုံ့ပန်းဥပဒေနဲ့အညီ အရေးယူဆောင်ရွက်သွားမှာပါ” လို့ သူကပြောပါတယ်။
တောင်သာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့အနေနဲ့ အခုလိုစစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့ဝင်တွေကို ဖမ်းဆီးမိတာ ပထမအကြိမ်ဖြစ်တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၁ ရက်ကတော့ မန္တလေးတိုင်း၊ တောင်သာမြို့နယ်မှာတာဝန်ကျနေတဲ့ ရဲတပ်သား ၂ ဦး လက်နက်ခဲယမ်းတွေနဲ့အတူ တောင်သာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီ ဘက်ပြောင်းခိုလှုံလာခဲ့ပါသေးတယ်။
စာတည်း - လင်း
#မြေလတ်အသံ
#မြင်းခြံ #တောင်သာ #ရုံးစင်ကြီး #ရဲတပ်သား #ဖမ်းမိ
Share Share Share