တိုက်ပွဲ

PDF တွေစစ်ဆေးရေးလုပ်ချိန်တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးသေဆုံးဟုဆို (ရုပ်/သံ)

“ရန်ကုန် ပြည်လမ်း ကားလမ်းပေါ်မှာ စစ်ဆေးမှု လုပ်ဆောင်တာပါ၊ စစ်ဆေးနေချိန်မှာ စစ်ကောင်စီဘက်ကဘာမှတုံ့ပြန်တာမျိုးမရှိဘူး၊ ကျနော်တို့ ပြန်မှ သူတို့(စစ်ကောင်စီ) အဲ့နားဝန်းကျင်ကို ကင်းပုန်းလာဝပ်တာမျိုးတော့ရှိပါတယ်”

ပေါက်ခေါင်း၊ ပဲခူးရိုးဖြတ်လမ်းမှာ စစ်ကောင်စီတပ်ကား ၂ စီး ကြားဖြတ်တိုက်ခံရပြီး ၁ စီးချောက်ထဲကျလို့ စစ်သား ၁၁ ဦးသေဆုံးဟုဆို ◼ အမြန်လမ်းပေါ်က စစ်ကောင်စီစခန်း ၂ ခုလည်း တိုက်ခိုက်ခံရ

" ရွှေတောင် ကုတင် ၁၀၀ ဆေးရုံမပို့ခင် တောင်လည်ဆေးရုံက ဆရာဝန်နှင့် အရေးပေါ် ဆေးကုသပြီး ဖောကား ၁ စီး၊ လိုက်ထရပ် ၁ စီးဖြင့် သေဆုံး/ဒဏ်ရာရလူနာများကို ရွှေတောင် ကုတင် ၁၀၀ စစ်ဆေးရုံသို့ တင်ဆောင်သွားကြောင်း သတင်းရရှိတယ်။"

⁨ကျောက်တံခါးက စခန်းသိမ်းတိုက်ပွဲ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၂ ဦးသေဆုံးပြီး ဗုံးစထိမှန်တဲ့ PDF ကျည်ကာဦးထုပ်ကြောင့် အသက်ရှင်

"ပွဲထဲမှာ စကစအသေ ၁၂လောင်းကို မျက်မြင်တွေ့ခဲ့တာ။ ဒဏ်ရာရတာတွေလည်း တော်တော်များတယ်။ G3 ကျည် ၁၇၀၊ ခမောက် ၃ လုံး ၊ ရတဲ့ G3 ၁ လက်ကတော့ လေယာဉ်ဗုံးထိမှန်ပြီး ကျိုးပဲ့သွားတယ်"

မြင်းခြံ-တောင်သာလမ်းပိုင်းတိုက်ပွဲ စစ်ကောင်စီတပ်သား ၁ ဦးသေဆုံး  ■ တော်လှန်ရေးတပ်တွေပြန်ဆုတ်ချိန် ထားခဲ့တဲ့ ကားနဲ့ ဆိုင်ကယ်တွေကို စစ်ကောင်စီဘက်ကသိမ်းယူ

"တော်လှန်ရေးအဖွဲ့ကို သူတို့(စကစ)တွေက ကင်းပုန်းဝပ်ပြီးစောင့်နေတာ။ ကျနော်တို့လည်းရောက် သူတို့လည်းပစ်ကော။ ကျနော်တို့ပြန်တက်ပြီး ချေမှုန်းတော့ အာပီဂျီနဲ့ထုလိုက်တာ သူတို့ဘက်က နှစ်ယောက်လောက်ထိပြီး တယောက်ကျသွားတယ်။"

⁨အင်းဝဘဏ်အနားမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ အနီးကပ်ဝင်တိုက်ခိုက်ခံရ ၄ ဦးသေဆုံး

“နေ့တိုင်းလိုလိုလုပ်နေတော့လေ၊ အဲ့ဒါ သတင်းရတာနဲ့သွားပစ်တာ။ ၅ မိနစ်လောက်ကြာတယ်။ ခန့်မှန်းခြေ ပေ ၃၀၀ လောက်ပဲဝေးတယ်။ ၁၅ ကောင်လောက် ဒီဘက်ကိုထွက်လာတာ၊ ထွက်ပြီးတော့ သူတို့ လာတဲ့သူတွေကို စစ်(ဆေး)တယ် တားတယ်၊ ပိုက်ဆံတောင်းတာတွေ လုပ်တယ်။ အဲ့ဒါကို သူတို့အလစ်အငိုက်မှာ အမှတ်မထင်ဝင်ပစ်တာ။ ၅ ကောင်မှာ ၁ ကောင်က အပြင်းအထန်ဒဏ်ရာရတယ်။ ၄ ကောင်ကတော့သေတယ်။”

ရေဦးမှာ စစ်ဆေးရေးလုပ်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဒရုန်းနဲ့ဗုံးချတိုက်ခိုက်ခံရပြီး ၃ ဦး သေဆုံး

"သူတို့က ဒီနေ့ ရေဦးကို Mi 17 ဆင်းမယ်ဆိုတော့ မြို့အစပ်မှာ ကင်းပုန်းပုံစံစစ်ဆေးရေး လုပ်နေတော့ ဗုံးချလိုက်တာ။ လုံခြုံရေးယူရင်း စစ်ဆေးရေးလုပ်နေကြတာ။"

တောင်ငူမှာ ဆိုင်ကယ်စီးလာတဲ့ ရဲ ၂ ဦး ပစ်ခတ်ခံရပြီး ဒုရဲအုပ် ၁ ဦး သေဆုံး

" သူတို့ ရဲကို ပစ်သွားတာမှန်တယ်။ ရဲက စာသင်ကျောင်းကိစ္စလာတာ။ သူ့ကို ဖြတ်ပစ်ပြီးတော့ သေနတ်ကိုယူလာတာ အဲဒါကအမှန်ပဲ။ သေတာက ဒုရဲအုပ်လို့သိရတယ်။ အဲ့နေရာက ကျနော်တို့အဖွဲ့တွေသွားလို့မရတဲ့နေရာမျိုး။ အဲဒါကို သွားလုပ်ခဲ့ကြတာ။"

ရန်ကုန်-ပြည်ကားလမ်းဘေး စစ်ကွင်းတာဆုံ စစ်ဆေးရေးဂိတ် ၂ ရက်ဆက်တိုက်ခိုက်ခံရပြီး ၈ ဦးသေ(ရုပ်/သံ)

“အဲ့ဒီ စစ်ဆေးရေးဂိတ်မှာက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ၊ အုပ်ချုပ်‌ရေးမှူးနဲ့ ပျူစောထီးတွေ အင်အား ၂၀ ကျော် ၃၀ လောက်ရှိတယ်၊ အဲ့ဒီမှာနေတာ။ စစ်ကောင်စီ**ဘက်က ၇ ဦးသေဆုံးတယ်။ လက်နက်တွေနဲ့ ဒဏ်ရာရသူတွေကိုတော့ ဒရွတ်တိုက် အမှောင်ဘက်ကိုဆွဲသွားတယ်။ ကျန်တဲ့ ၆ ဦးလောက်လည်း ဒဏ်ရာအပြင်းအထန်နဲ့ ပြေးသွားရတယ်။ စစ်ကွင်းမြို့ထဲကိုလည်း သူတို့‌တတွေ အလံဖြူထောင်ပြီးပြေးရတယ်။ ပြေးရတော့လည်း ပုဆိုးမနိုင်ပဝါမနိုင်နဲ့ ပြေးသွားကြရတယ်။”

ရန်ကုန်-ပြည်ကားလမ်းဘေး စစ်ကွင်းတာဆုံ စစ်ဆေးရေးဂိတ် ၂ ရက်ဆက်တိုက်ခိုက်ခံရပြီး ၈ ဦးသေ

“အဲ့ဒီ စစ်ဆေးရေးဂိတ်မှာက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ၊ အုပ်ချုပ်‌ရေးမှူးနဲ့ ပျူစောထီးတွေ အင်အား ၂၀ ကျော် ၃၀ လောက်ရှိတယ်၊ အဲ့ဒီမှာနေတာ။ စစ်ကောင်စီ**ဘက်က ၇ ဦးသေဆုံးတယ်။ လက်နက်တွေနဲ့ ဒဏ်ရာရသူတွေကိုတော့ ဒရွတ်တိုက် အမှောင်ဘက်ကိုဆွဲသွားတယ်။ ကျန်တဲ့ ၆ ဦးလောက်လည်း ဒဏ်ရာအပြင်းအထန်နဲ့ ပြေးသွားရတယ်။ စစ်ကွင်းမြို့ထဲကိုလည်း သူတို့‌တတွေ အလံဖြူထောင်ပြီးပြေးရတယ်။ ပြေးရတော့လည်း ပုဆိုးမနိုင်ပဝါမနိုင်နဲ့ ပြေးသွားကြရတယ်။”

ကသာမှာ စစ်ကောင်စီစစ်ကြောင်းတိုက်ခိုက်ခံရလို့ ၃၀ ကျော်သေဆုံးပြီး ၃၀ ကျော်အရှင်ဖမ်းမိ

"ကျနော်တို့သိရသလောက်က စစ်ကောင်စီဘက်က အကျအဆုံးတော်တော်များတယ်။ ၃၀ ကျော်မယ်။ အရှင်ဖမ်းမိတာလည်း များတယ်။ စစ်သုံ့ပန်းဖမ်းမိတာက KIA ဘက်က ဖမ်းမိတာလည်းရှိတယ်။ PDF ဘက်က ဖမ်းမိတာလည်းရှိတယ်။ ပေါင်းလိုက်မယ်ဆိုရင်တော့ ၃၀ ကျော်ရှိတယ်။ နောက်ပြီးတော့ စစ်ကောင်စီတပ်တွေက ကစဉ့်ကလျားနဲ့အကုန်ထွက်ပြေးကုန်တာ။ ၁၉ ရက်နေ့ကဆို နောက်ထပ် ၁၈ ယောက်ဖမ်းမိတယ်လို့ကြားထားသေးတယ်။"

မြောင်မှာတိုက်ပွဲဖြစ်နေပြီး စစ်ကောင်စီရဲ့ပစ်ခတ်မှုတွေကြောင့် ဒေသခံ ၄ ဦးသေဆုံး(ရုပ် / သံ)

“လှေတင်ဦးရွာကို လက်နက်ကြီးနဲ့ မြောင်ရဲစခန်းကနေပစ်လို့ ပြည်သူ ၁ ဦးထိခိုက်သေဆုံးခဲ့တယ်။ စစ်တပ်မင်္ဂလာဆောင်ကို ပစ်ခတ်တိုက်ခိုက်နေတဲ့ မဟာမိတ်တပ်ဖွဲ့တွေက ပစ်ကူတောင်းလို့ ကျနော်တို့ ပစ်ရောက်တိုက်ခိုက်စဉ်မှာ စစ်တပ်ကလေယာဉ်ပစ်ကူတောင်းတဲ့အချိန်မှာ လေယာဉ်ပစ်ကူမလာနိုင်ဘဲနဲ့ စစ်တပ်လေထီးတပ် စက်တပ်ယာဉ် ၂ စီးနဲ့ မုံရွာမြို့ နမခကနေ လာရောက်ဗုံးကြဲတိုက်ခိုက်သွားတယ်”

မြောင်မှာတိုက်ပွဲဖြစ်နေပြီး စစ်ကောင်စီရဲ့ပစ်ခတ်မှုတွေကြောင့် ဒေသခံ ၄ ဦးသေဆုံး

“လှေတင်ဦးရွာကို လက်နက်ကြီးနဲ့ မြောင်ရဲစခန်းကနေပစ်လို့ ပြည်သူ ၁ ဦးထိခိုက်သေဆုံးခဲ့တယ်။ စစ်တပ်မင်္ဂလာဆောင်ကို ပစ်ခတ်တိုက်ခိုက်နေတဲ့ မဟာမိတ်တပ်ဖွဲ့တွေက ပစ်ကူတောင်းလို့ ကျနော်တို့ ပစ်ရောက်တိုက်ခိုက်စဉ်မှာ စစ်တပ်ကလေယာဉ်ပစ်ကူတောင်းတဲ့အချိန်မှာ လေယာဉ်ပစ်ကူမလာနိုင်ဘဲနဲ့ စစ်တပ်လေထီးတပ် စက်တပ်ယာဉ် ၂ စီးနဲ့ မုံရွာမြို့ နမခကနေ လာရောက်ဗုံးကြဲတိုက်ခိုက်သွားတယ်”

စစ်ကောင်စီယာဉ်တန်း အမြန်လမ်းမှာ အနီးကပ်တိုက်ခိုက်ခံရ

“ရဲကား ၁ စီးနဲ့ နောက်က အိမ်စီးကား ၂ စီးမှာ **တွေပါတယ်။ အနီးကပ်ပစ်တာ၊ ရဲ ၅ ဦးကတော့ သေတယ်လို့ သိရပါတယ်။ ကား ၃ စီးကို ပစ်ခတ်ပြီးနောက်ပိုင်းမှာ ၃၁၉ ကင်းစခန်းကနေ လှမ်းပစ်တာတွေရှိတယ်။ ကျနော်တို့နဲ့ အပြန်အလှန် မိနစ်ပိုင်းလောက်ပစ်ပြီးတော့ ကျနော်တို့ပြန်ဆုတ်ခဲ့တာ။”

စစ်ကောင်စီတပ်စွဲထားတဲ့ ပျူစောထီးခေါင်းဆောင်နေအိမ် ဗုံးချခံရပြီး ၂ ဦးသေဆုံး

"ဗုံးက ၂ လုံးချ တိုက်ခိုက်ခဲ့တာ။ အဲဒီအိမ်မှာက အရာရှိနေတယ်။ အဲဒီကနေပြီးတော့မှ ကင်းပုန်းလွှတ်တာတွေရှိတယ်။ ချက်ချင်းနာရေးကား ၃ စီးနဲ့လာသယ်သွားတယ်။ "

⁨မြင်းခြံ ခမရ ၁၅ စစ်ဆေးရေးဂိတ် အနီးကပ်ဝင်တိုက်ခိုက်ခံရလို့ ၃ ဦးသေဆုံးဟုဆို

“ကျနော်တို့ ညီနောင်မဟာမိတ်တွေနဲ့ ၃ ဖွဲ့ပေါင်းပြီး ပြောက်ကျားနည်းစနစ်နဲ့ သွားပြီးအနီးကပ်တိုက်ခိုက်ခဲ့တာပါ။ အဓိကတော့ ဒီကောင်တွေက ဆက်ကြေးကောက်တာတွေရှိတယ်။ ပြည်သူတွေကို ဖမ်းဆီးတာတွေလည်းရှိတယ်။ ပြီးရင်မြင်းခြံမြို့ရဲ့ မြို့စောင့်တပ်သဘောမျိုးလည်း ဖြစ်တယ်။ မြင်းခြံမြို့ရဲ့ ဝင်လမ်းထွက်လမ်း နေရာတခုလည်းဖြစ်တယ်။ သူတို့ဘက်က ၃ ဦးသေသွားတယ်။ ဒဏ်ရာရတာတွေလည်းရှိတယ်”

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10