သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် ၃၁၈ နဲ့ ၃၁၉ အကြား ရဲကား ၁ စီး၊ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေလိုက်ပါလာတဲ့ အိမ်စီးကား ၂ စီးတို့ကို ဒေသခံကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက အနီးကပ်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရဲတပ်ဖွဲ့ဝင် ၅ ဦးသေဆုံးခဲ့တယ်လို့ Natogyi People Defence Force မြင်းခြံခရိုင်အမှတ် ၄ တပ်ရင်းဆီက သိရပါတယ်။
မတ် ၁၉ ရက် နေ့လယ် ၁၁ နာရီခွဲဝန်းကျင်မှာ မန္တလေးဘက်ကနေ မိတ္ထီလာဘက်ကိုမောင်းနှင်လာတဲ့ ရဲကား ၁ စီး၊ အိမ်စီးကား ၂ စီးနဲ့ အင်အား ၁၅ ဦးခန့်ပါ ရဲနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို အနီးကပ်ပစ်ခတ်တိုက်ခိုက်ခဲ့ကြတယ်လို့ ဆိုပါတယ်။
“ရဲကား ၁ စီးနဲ့ နောက်က အိမ်စီးကား ၂ စီးမှာ **တွေပါတယ်။ အနီးကပ်ပစ်တာ၊ ရဲ ၅ ဦးကတော့ သေတယ်လို့ သိရပါတယ်။ ကား ၃ စီးကို ပစ်ခတ်ပြီးနောက်ပိုင်းမှာ ၃၁၉ ကင်းစခန်းကနေ လှမ်းပစ်တာတွေရှိတယ်။ ကျနော်တို့နဲ့ အပြန်အလှန် မိနစ်ပိုင်းလောက်ပစ်ပြီးတော့ ကျနော်တို့ပြန်ဆုတ်ခဲ့တာ။”လို့ Natogyi People Defence Force မြင်းခြံခရိုင်အမှတ် ၄ တပ်ရင်း တာဝန်ရှိသူတဦးက ပြောပါတယ်။
တိုက်ပွဲတွေဖြစ်ပွားခဲ့တာကြောင့် အခင်းဖြစ်ပွားရာမိုင်တိုင်အနီး ရန်ကုန်-မန္တလေးအမြန်လမ်းမှာ ၁ နာရီခန့်အကြာပိတ်ဆို့ခဲ့ပြီး မိုင်တိုင် ၃၁၉ အနီးအထိုင်ချထားတဲ့ စစ်ကောင်စီတပ်က အမြန်လမ်းပေါ်ကို လက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။
ဒီတိုက်ခိုက်မှုကို Natogyi People Defence Force မြင်းခြံခရိုင်အမှတ် ၄ တပ်ရင်း၊ မြင်းခြံခရိုင် အမှတ် ၁၀ တပ်ရင်းနဲ့ မြစ်သားပကဖတို့က ပူးပေါင်းလုပ်ဆောင်ခဲ့ပြီး ဒေသကာကွယ်ရေးပူးပေါင်းတပ်တွေဘက်က ထိခိုက်ဒဏ်ရာရရှိမှုမရှိဘူးလို့ သိရပါတယ်။
ပြီးခဲ့တဲ့ မတ် ၁၂ ရက်ကလည်း မန္တလေးတိုင်း၊ မလှိုင်မြို့နယ်၊ လက်စွေ့ရွာမှာ ဂိတ်ဖွင့်ဆက်ကြေးကောက်နေတဲ့ ရဲ ၂ ဦးကို Natogyi People Defence Force မြင်းခြံခရိုင်အမှတ် ၄ တပ်ရင်းက ပစ်ခတ်ခဲ့ရာ ရဲ ၂ ဦး သေဆုံးခဲ့ပါသေးတယ်။
စာတည်း - ကိုချမ်း
ပုံစာ - ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၃ ရက်က အမြန်လမ်းမိုင်တိုင် ၃၁၈ မှာ လမ်းပိုင်းလုံခြုံရေး ဆောင်ရွက်နေသည့် PDF တပ်ဖွဲ့ဝင်တဦး။
#မြေလတ်အသံ
#မန္တလေးတိုင်း #နွားထိုးကြီးမြို့နယ် #အမြန်လမ်း #တိုက်ပွဲ
Share Share Share