အမျိုးသမီးကဏ္ဍ

ကျမတို့  ခွဲခြားဆက်ဆံခံရတာတွေက တော်လှန်ရေးခရီးမှာ စိန်ခေါ်မှုကြီး ဖြစ်လာနေတယ် (အမျိုးသမီးကဏ္ဍ)

M2W ဟာ ဒီကာလတွေထဲမှာ အခက်အခဲမျိုးစုံ ကြုံခဲ့ရသလို တော်လှန်ရေးတပ်ရင်းတပ်ဖွဲ့ကြားထဲမှာလည်း ခွဲခြားဆက်ဆံခံရတာတွေ၊ ငြိုငြင်ဘေးဖယ်ခံရတာမျိုးတွေလည်း ကြုံခဲ့ရတယ်လို့ M2W တပ်ရင်းဆီက သိရပါတယ်။ သူတို့ တွေ တော်လှန်ရေးခရီးကြမ်းကို ဘယ်လိုဖြတ်သန်းလာခဲ့ရလဲ။ လက်ရှိ ဘာတွေလုပ်နေလဲဆိုတာကို M2W ထောက်ပို့တာဝန်ခံ အမရာကို မြေလတ်အသံ ရုပ်သံကနေ မေးမြန်းတင်ဆက်ထားပါတယ်။

ငွေနှစ်ထောင် ဆေးပြင်းလိပ်တစည်းပေးပြီး ယောက်ျားကို KIA ဆီ လွှတ်လိုက်တဲ့ ကျောင်းဆရာမ (အမျိုးသမီးကဏ္ဍ)

စစ်အာဏာရှင်ကို လက်နက်ကိုင်တိုက်မှ ဖြစ်မယ်လို့ ဆုံးဖြတ်ချက်ချပြီးနောက် စေတနာ့ဝန်ထမ်း မူလတန်းပြ ဆရာမတယောက်ဟာ သူ့ အမျိုးသားကို စစ်ပညာသင်ဖို့ KIA ဆီလွှတ်လိုက်ပါတယ်။ အဲ့ဒီဆရာမကတော့ စစ်ကိုင်းတိုင်းဒေသကြီး၊ ဝက်လက်မြို့နယ်၊ ကျေးရွာတရွာက ကလေးနှစ်ယောက် မိခင် ဒေါ်စန်းမွန်အေး ဖြစ်ပါတယ်။

တော်လှန်ရေးရဲမေတွေ ဖြတ်သန်းခဲ့တဲ့ ၂၀၂၃ (အမျိုးသမီးကဏ္ဍ)

နွေဦးတော်လှန်ရေးကြီးမှာ ပါဝင်ခဲ့ကြတဲ့ အညာဒေသက တော်လှန်ရေးရဲဘော်အမျိုးသမီးတွေရဲ့ တော်လှန်ရေးဖြတ်သန်းမှုနဲ့ ခံယူချက်တွေကို စုစည်းတင်ဆက်လိုက်ပါတယ်။

အွန်လိုင်းဈေးသည်ဘဝမှ PDF စစ်သမီး ဖြစ်လာသူ (အမျိုးသမီးကဏ္ဍ)

တော်လှန်ရေးမပြီးမချင်း အိမ်မပြန်ဘူးလို့ ပြောလာတဲ့ အယွန်းတယောက် လက်ရှိအဖွဲ့ထဲမှာ ဆေးတပ်သားတာဝန်အပြင် တပ်ဖွဲ့ဘဏ္ဍာရေးရှာဖွေတဲ့အပိုင်းမှာ တာဝန်ယူလုပ်ကိုင်ပေးနေပါတယ်။

စစ်ပွဲကြားက အသက်ကို ရင်းထားရတဲ့ ကိုယ်ဝန်ဆောင်သည်များ (ဆောင်းပါး)

ဒါပေမဲ့ မနက် ၅ နာရီကတည်းက ရွာကထွက်လာတဲ့ မသက်မာဟာ လမ်းတလျှောက် စစ်ကောင်စီတပ်ဂိတ်တွေရဲ့ စစ်ဆေးမေးမြန်းမှုတွေကြောင့် နေ့လယ် ၁၁ နာရီလောက်မှ မုံရွာမြို့ကို ရောက်ခဲ့ပါတယ်။ ဆေးရုံရောက်ပြီး ၁ နာရီခန့်အကြာမှာတော့ မသက်မာဟာ မီးမဖွားနိုင်ဘဲ ကလေးနဲ့အတူ အသက်ဆုံးရှုံးခဲ့ရတယ်လို့ သူ့ရဲ့ညီမဖြစ်သူက ပြောပါတယ်။

၁၀ တန်းကျောင်းသူ ရဲမေတဦးရဲ့ တော်လှန်ရေးထဲက ရင်တွင်းစကား (အမျိုးသမီးကဏ္ဍ)

တော်လှန်ရေးခရီးကြမ်းထဲမှာ သူတို့ ဘယ်လို လျှောက်လှမ်းနေလဲ၊ တော်လှန်ရေးမှာ အမျိုးသမီးအခန်းကဏ္ဍက ဘာတွေလဲ စတာတွေကို စစ်ကိုင်းတိုင်း ကျားသစ်နက်ပြောက်ကျားအဖွဲ့ထဲ ရောက်နေတဲ့ ၁၀ တန်းကျောင်းသူ ရဲမေတယောက်ကို ဆက်သွယ်မေးမြန်းထားပါတယ်။

"လူတယောက် ကျည်တထောင့်မှန်မှ ဖြစ်မယ်ဆိုတဲ့ အသေခံရဲမေ" (အမျိုးသမီးကဏ္ဍ)

ပုလဲနယ်က အသက် ၂၆ နှစ်အရွယ် မေသူဆိုတဲ့ အမျိုးသမီးဟာ စစ်ကိုင်းတိုင်းထဲမှာ စစ်ကောင်စီက အရပ်သားပြည်သူတွေကို ရက်ရက်စက်စက် ဖမ်းဆီးသတ်ဖြတ်နေတာတွေကို တွေးကြောက်ပြီး ထွက်ပြေးနေမယ့်အစား တော်လှန်ရေးမှာ တထောင့်တနေရာကနေ ဝင်ပါမယ်လို့ ဆုံးဖြတ်ချက်နဲ့ ၂၀၂၂ ခုနှစ် မှာ စစ်ကိုင်းတိုင်းအခြေစိုက် သခင်ဒေါင်းညိုပြောက်ကျားတပ်ဖွဲ့ထဲကို ရောက်လာခဲ့တာ ဖြစ်ပါတယ်။

ရှေ့တန်းနဲ့ အနီးဆုံးနေရာက ဆေးတပ်သား မဖြိုးဖြိုး (အမျိုးသမီးကဏ္ဍ)

မဖြိုးဖြိုးဟာ သူနာပြုအလုပ်ကိုစွန့်လွှတ်ပြီး CDM လုပ်ကာ ပုလဲနယ်ထဲမှာ ၂ နှစ်နီးပါး နေထိုင်ခဲ့ရင်း ယင်းမာပင်ခရိုင်၊ အမှတ်၁၂ တပ်ရင်းထဲကို ရောက်ရှိခဲ့တာဖြစ်ပါတယ်။ တော်လှန်ရေးမှာ တတ်နိုင်တဲ့ဘက်က ပါဝင်ဖို့ဆုံးဖြတ်ခဲ့ပေမယ့် မိဘတွေကခွင့်မပြုခဲ့လို့ အိမ်ကနေခိုးထွက်လာခဲ့ရတဲ့ မဖြိုးဖြိုးကို မြေလတ်အသံက ဆက်သွယ်မေးမြန်းထားပါတယ်။

ကာကွယ်ရေးအဖွဲ့တွေဟာ စစ်တပ်နဲ့မခြားဘူးဆိုတဲ့အမြင်မျိုး ဖြစ်မသွားစေချင်ဘူး (ရုပ်/သံ)

လက်ရှိ စစ်ပွဲတွေအားကောင်းနေတဲ့ အညာဒေသမှာ စစ်ကောင်စီက ဥပဒေမဲ့သတ်ဖြတ်မှုတွေ နေအိမ်မီးရှို့တာတွေ ကျူးလွန်နေတာဖြစ်သလို လက်နက်ကိုင်တော်လှန်နေကြတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ရင်း၊ တပ်ဖွဲ့တွေထဲမှာလည်း ဥပဒေမဲ့ကျူးလွန်နေတာတွေ ဖြစ်လာနေတဲ့အတွက် ဒါတွေကို တားဆီးဖို့ လိုအပ်နေတာ‌ကြောင့် PDF တပ်ရင်း၊ တပ်ဖွဲ့တွေကို စစ်ကျင့်ဝတ်တွေ လိုက်နာအောင် အမျိုးသမီးမဟာမိတ်တပ်ပေါင်းစုအဖွဲ့ဝင် မအေးမြင့်အောင်အောင်က သင်ကြားပေးနေတာပါ။

"အိမ်ကိုမီးရှို့လို့ မဝသေးဘူး ဘူဒိုဇာနဲ့ပါ ထိုးကော်သွားတာ"

စစ်ရှောင်စခန်းထဲ ရောက်နေကြတာ ၂ လဝန်းကျင်ရှိလာနေပါပြီ။ အခုအချိန်ထိ ဘယ်သူမှ ရွာထဲပြန်မဝင်နိုင်သေးပါဘူး။ ပြန်ဝင်စရာ ရွာမြေသာရှိနေပြီး နေစရာအိမ်တွေကတော့ မီးရှို့ခံရတဲ့အပြင် ဘူဒိုဇာနဲ့ပါ အထိုးခံလိုက်ရပါပြီ။

ပျူရွာကထွက်လာတဲ့ ၁၈နှစ်အရွယ် PDF ရဲမေတဦးရဲ့ တော်လှန်လိုစိတ်

စစ်ကိုင်းတိုင်းအတွင်းက ရွာလေးတရွာမှာ မွေးဖွားခဲ့တဲ့ အသက်၁၈နှစ်အရွယ် အမွှေစိန်ဆိုတဲ့ အမျိုးသမီးငယ်တဦးဟာ အာဏာသိမ်းပြီး တနှစ်အကြာမှာ ရွာနဲ့အိမ်ကို စွန့်ပြီးထွက်ခွာလာခဲ့ပါတယ်။

ကျဆုံး ရဲဘော်တွေအတွက် တိုက်ပွဲခေါ်သံ စောင့်နေသူ မူလန်( ရုပ်/သံ)

တပ်ဖွဲ့ထဲကို ရောက်ခါစမှာ နေရေး၊ စားရေးနဲ့ အမျိုးသမီးအသုံးအဆောင်တွေကအစ အခက်အခဲတွေ ကြုံတွေခဲ့ရတယ်လို့ ဆိပ်ဖြူဘာမထီ ရဲဘော်မူလန်က ပြောပြပါတယ်။ ဒါပေမယ့် အဲဒီအခက်အခဲတွေကို "ငါတော်လှန်ရေးလုပ်နေတယ်" ဆိုတဲ့စိတ်နဲ့ ဖြေသိမ့်ခဲ့တယ်

ကျောင်းဆရာမ မဖြစ်ခဲ့ရတဲ့ ရဲမေထွေးထွေး (ရုပ်/သံ)

အသက် ၂၀ ဝန်းကျင်သာရှိသေးတဲ့ မထွေးထွေးရဲ့ ကျောင်းဆရာမဖြစ်ချင်တဲ့ အိမ်မက်က အာဏာသိမ်းမှုကြောင့် ပျက်ဆီးခဲ့ရပါတယ်။ အခုတော့ အာဏာသိမ်းမှုကို လက်မခံတဲ့ မထွေးထွေးတယောက် အိမ်ကသဘောမတူတဲ့ ကြားက သခင်ဒေါင်းညို ဆိုတဲ့ ပြည်သူ့တော်လှန်ရေးအဖွဲ့ထဲမှာ ဆေးတပ်သား ရဲမေတာဝန်ကို ထမ်းဆောင်နေပါပြီ။

သားကိုထားခဲ့ပြီး PDF ရဲမေဘ၀ကို ရွေးချယ်ခဲ့သူ (ရုပ်/သံ)

အာဏာသိမ်းမှုကို ကြည့်မနေနိုင်ဘဲ တော်လှန်ချင်လို့ ၆ နှစ်အရွယ်သားငယ်ကို မိဘတွေနဲ့ အပ်ထားခဲ့ပြီး လာမယ့် ၄ လပိုင်းဆို သားက အသက် ၈ နှစ်ပြည့်မှာဖြစ်ပါတယ်၊ အခုဆို မိသားစုတွေလည်း တကွဲတပြားနဲ့ အိမ်လည်းမီးထဲပါသွားပေမယ့် တော်လှန်ရေးမှာ အားလျှော့သွားမှာ မဟုတ်သလို အစထဲကတည်းက အသက်ပါပေးထားပြီး လျှောက်ခဲ့တဲ့လမ်းဖြစ်လို့ နောင်တလည်း မရဘူးလို့ ၅/၉၉ PDF ရဲမေက ဆိုပါတယ်။

စစ်တပ်က မီးရှို့တဲ့အထဲ PDF ရဲမေရဲ့ အိမ် ၂ လုံးပါ မီးလောင်ဆုံးရှုံး (ရုပ်/သံ)

စစ်ကောင်စီတပ်ဖွဲ့က မီးရှို့ဖျက်ဆီးခဲ့တဲ့ အိမ်တွေထဲမှာ ၅/99 PDF က ရဲမေတဦးရဲ့ အိမ် ၂ လုံးလည်း မီးထဲပါသွားခဲ့ပါတယ်။ အခုလို အိမ်တွေ မီးထဲပါသွားပေမယ့် စိတ်ဓာတ်ကျနေမှာ မဟုတ်သလို စစ်ကောင်စီက ဘယ်လောက်ပဲ ဖိအားတွေပေးပေး အဆုံးထိ တိုက်ခိုက်သွားမယ်လို့ ၅/99 PDF ရဲမေက ဆိုပါတယ်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10