အနာဂတ်တွေ ပျက်သုဉ်းပေမယ့် တော်လှန်ရေးခရီးကြမ်းမှာ ဆက်လျှောက်နေဆဲ PDF ရဲဘော် ဇာမဏီ (အမျိုးသမီးကဏ္ဍ)

နတ်မောက်မြို့သူဖြစ်တဲ့ အသက် ၂၇ နှစ်အရွယ် မဇာမဏီဟာ မိသားစု စားဝတ်နေရေး မပြေလည်တာကြောင့် ကျောင်းပညာကို ၅ တန်းနဲ့ ထွက်ခဲ့ရတာပါ။ မွေးချင်းမောင်နှမ ၃ ယောက်ထဲက အကြီးဆုံးဖြစ်တဲ့ ဇာမဏီတယောက် ကျောင်းထွက်ပြီးတော့ အိမ်မှုကိစ္စတွေအပြင် မိဘတွေနဲ့အတူ တောင်ယာအလုပ်တွေကို ဝိုင်ကူပေးရတာလို့ ဆိုပါတယ်။ 

မဇာမဏီဟာ မိသာစုအရေးအတွက် ရတဲ့အလုပ်တွေ ပင်ပင်ပန်းပန်း လုပ်ကိုင်နေရင်း၂၀၂၁ မှာ စစ်ကောင်စီ အာဏာသိမ်းမှုနဲ့ ကြုံခဲ့ရပါသေးတယ်။

တစ်တော့မှာ စစ်ကောင်စီကို ထိခိုက်စေတဲ့ နိုင်ငံရေးပို့စ်တွေကြောင့် အာဏာပိုင်တွေက နတ်မောက်မြို့ထဲမှာ မဇာမဏီကို လိုက်လံရှာဖွေခဲ့ပြီး သူမနဲ့ပတ်သက်တဲ့သူတွေအပြင် ဆွေမျိုးတွေကိုပါ ရိုက်နှက် စစ်ဆေးခဲ့တာ တွေ လုပ်ခဲ့တယ်လို့လည်း ဆိုပါတယ်။ အဲဒီတုန်းက မဇာမဏီဟာ သူ့အိမ်ကနေ လနဲ့ချီရှောင်နေခဲ့တယ်လို့ ဆိုပါတယ်။

မိသားစုကို လိုလေသေးမရှိ ထောက်ပံ့ပေးချင်ပေမယ့် တောင်ယာအလုပ်နဲ့ ကျပန်းအလုပ်တွေသာရှိနေတဲ့အတွက် ဒီထက်ဝင်ငွေပိုကောင်းတဲ့ နိုင်ငံရပ်ခြားဆီသွားဖို့ နိုင်ငံကူးလက်မှတ်ကို ကိုင်ဆောင်ထားပေမယ့် စစ်ကောင်စီက အာဏာသိမ်းလိုက်ပြီးနောက်ပိုင်း သူမရဲ့ နိုင်ငံခြားသွားမယ့် အစီအစဉ် ပျက်စီးသွားခဲ့တယ်လို့ ပြောပါတယ်။ 

#မြေလတ်အသံ

#အမျိုးသမီးကဏ္ဍ #ရဲမေ #တိုက်ဒေါင်း #ပြည်သူ့တော်လှန်ရေးအင်အားစု #ဇာမဏီ 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10