CDM ကြောင့် ဘဝခက်ခဲပေမယ့် နောင်တရမှာ မဟုတ်ဘူး၊ ဆက်လုပ်သွားမယ်  (အမျိုးသမီးကဏ္ဍ)

၂၀၂၀ ရွေးကောက်ပွဲတုန်းက ပဲခူးတိုင်းထဲကမဲရုံတခုမှာ တာဝန်ကျနေတဲ့ ဆရာမဝင်းတယောက် ရွေးကောက်ပွဲအလွန် သူ့ ရွာမှာ ကိုဗစ်ရောဂါတွေဖြစ်နေကြလို့ အိမ်ကိုမပြန်ဖြစ်သေးဘဲ အဲဒီကျောင်းမှာပဲ နေနေတဲ့အချိန်မှာ စစ်ကောင်စီ အာဏာသိမ်းဖြစ်စဉ်နဲ့ ကြုံတွေ့ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲအတွက် ခင်ပွန်းဖြစ်သူ ကျောင်းဆရာအဖြစ်တာဝန်ကျတဲ့ ပဲခူးနယ်ထဲက စာသင်ကျောင်း တကျောင်းမှာ မဲရုံစောင့် တာဝန်ထမ်းဆောင်ခဲ့တာလို့ ဆိုပါတယ်။ 

မနက်တိုင်းမှာ လက်စွဲအိတ်လေးတလုံးကိုင်ကာ အဖြူအစိမ်းဝတ်စုံနဲ့ မြင်တွေ့နေကျ အသက် ၃၀ အရွယ် ဆရာမဝင်းကို အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ အဲဒီမြင်ကွင်းမျိုးတွေ မမြင်ရတော့ပါဘူး။ 

တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#အမျိုးသမီးကဏ္ဍ #CDM #ဆရာမဝင်း #ပဲခူးတိုင်း #ပညာရေး 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10