ငွေနှစ်ထောင် ဆေးပြင်းလိပ်တစည်းပေးပြီး ယောက်ျားကို KIA ဆီ လွှတ်လိုက်တဲ့ ကျောင်းဆရာမ (အမျိုးသမီးကဏ္ဍ)

စစ်အာဏာရှင်ကို လက်နက်ကိုင်တိုက်မှ ဖြစ်မယ်လို့ ဆုံးဖြတ်ချက်ချပြီးနောက် စေတနာ့ဝန်ထမ်း မူလတန်းပြ ဆရာမတယောက်ဟာ သူ့ အမျိုးသားကို စစ်ပညာသင်ဖို့ KIA ဆီလွှတ်လိုက်ပါတယ်။ အဲ့ဒီဆရာမကတော့ စစ်ကိုင်းတိုင်းဒေသကြီး၊ ဝက်လက်မြို့နယ်၊ ကျေးရွာတရွာက ကလေးနှစ်ယောက် မိခင် ဒေါ်စန်းမွန်အေး ဖြစ်ပါတယ်။ 

လက်ရှိမှာ ဝက်လက်နယ်ထဲက ကျေးရွာစာသင်ကျောင်းတကျောင်းမှာ Volunteer (စေတနာ့ဝန်ထမ်း) အဖြစ် မူလတန်းပြ ဆရာမ လုပ်ကိုင်နေပြီး တော်လှန်ရေးမှာ အမြဲပဲ တက်တက်ကြွကြွရှိနေပါတယ်။

တဖက်မှာလည်း မိသားစုစားဝတ်နေရေးကို ရရာအလုပ်တွေလုပ်ကာ သမီးငယ် ၂ ယောက်ကို ကျွေးမွေးပြုစုပေးနေတာပါ။ ခင်ပွန်းသည်ကို KIA ဆီစေလွှတ်ဖို့ ဈေးဖိုးထဲက ရှိတဲ့ပိုက်ဆံလေးနဲ့ လွှတ်လိုက်ရတဲ့အကြောင်း ဒေါ်စန်းမွန်အေးက ပြောပြပါတယ်။

၂၀၀၄ ခုနှစ်မှာ ၁၀ တန်းအောင်ပြီးနောက် စက်မှု ၁ ဝန်ကြီးဌာန၊ ဆေးဝါးစက်ရုံဝန်ထမ်းအဖြစ် လုပ်ကိုင်ခဲ့ပြီး ၂၀၀၈ ထဲမှာ အစိုးရဝန်ထမ်းကနေအပြီး ထွက်ခဲ့တယ်လို့ ပြောပါတယ်။ သူ ဘာကြောင့် အစိုးရဝန်ထမ်းဘဝကို စွန့်လွှတ်ခဲ့တာလဲ။ အဲ့ဒီနောက်ပိုင်း သမီး ၂ ယောက်နဲ့ ဘဝကို ဘယ်လို ဖြတ်သန်းခဲ့ရပါသလဲ။ 

KIA ဆီ လွှတ်လိုက်တဲ့ သူခင်ပွန်းကရော သင်တန်းကပြန်လာပြီး တော်လှန်ရေးမှာ ဘယ်လိုနေရာကနေ ဆက်ပြီးပါဝင်နေသလဲ၊ တော်လှန်ရေးအလွန်မှာ ဒေါ်စန်းမွန်အေးတယောက် ဘာလုပ်ဖို့ ဆန္ဒရှိနေတာလဲဆိုတာကို မြေလတ်အသံရုပ်သံမှာ အပြည့်အစုံ တင်ဆက်ထားပါတယ်။

တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#ရုပ်သံ #အင်တာဗျူး #ဆရာမ #အညာ #မြေလတ်ဒေသ #အမျိုးသမီးကဏ္ဍ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10