သတင်း
- - သတင်းတို
 - - စီးပွားရေး
 - - ရွေးကောက်ပွဲ
 - - နိုင်ငံရေး
 - - အင်တာဗျူး
 - - မှုခင်း
 - - ကျန်းမာရေး
 - - ပညာရေး
 - - အလုပ်သမား
 - - သမိုင်း
 - - ပေးစာ
 - - စစ်ရှောင်
 - - တိုက်ပွဲ
 - - သဘာဝဘေး
 
တော်လှန်ရေးကာလ ၃ နှစ်တင်းတင်း ပြည့်သွားတဲ့အထိ စစ်ကောင်စီကို မဆုတ်မနစ် တော်လှန်တိုက်ထုတ်နေကြတဲ့ အညာတခွင်က တော်လှန်ရေးအင်အားစုတွေထဲမှာ မြောင်အမျိုးသမီးစစ်သည်တော်တပ်ရင်း M2W (Myaung Women Warriors) လည်း ပါဝင်ပါတယ်။
တပ်ရင်းဆိုပေမယ့် အာဏာရှင်စနစ်ကို ဖြုတ်ချရေးမှာ တိုက်ခိုက်ရေးပိုင်းမဟုတ်တဲ့ ကျရာကဏ္ဍအသီးသီးကနေ မြောင်နယ်ထဲမှာ ၃ နှစ်တိုင်တိုင် ရုန်းကန်ကြိုးစားနေကြတာလည်း ဖြစ်ပါတယ်။
M2W ဟာ ဒီကာလတွေထဲမှာ အခက်အခဲမျိုးစုံ ကြုံခဲ့ရသလို တော်လှန်ရေးတပ်ရင်းတပ်ဖွဲ့ကြားထဲမှာလည်း ခွဲခြားဆက်ဆံခံရတာတွေ၊ ငြိုငြင်ဘေးဖယ်ခံရတာမျိုးတွေလည်း ကြုံခဲ့ရတယ်လို့ M2W တပ်ရင်းဆီက သိရပါတယ်။
သူတို့ တွေ တော်လှန်ရေးခရီးကြမ်းကို ဘယ်လိုဖြတ်သန်းလာခဲ့ရလဲ။ လက်ရှိ ဘာတွေလုပ်နေလဲဆိုတာကို M2W ထောက်ပို့တာဝန်ခံ အမရာကို မြေလတ်အသံ ရုပ်သံကနေ မေးမြန်းတင်ဆက်ထားပါတယ်။
တည်းဖြတ် - ငြိမ်းဇော်
#မြေလတ်အသံ
#ရုပ်သံ #တော်လှန်ရေး #M2W #ရဲမေ #အညာ #အမျိုးသမီးကဏ္ဍ
Share Share Share