တိုက်ပွဲ

အင်းတော်မှာ စစ်ကောင်စီက ထိုးစစ်ပြန်ဆင်လို့ ကာကင်းစခန်းတခု ပြန်ပေးလိုက်ရ

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်မှာ စစ်ကောင်စီက ဝေဟင်နဲ့မြေပြင်ပေါင်းကာ ပြန်ထိုးစစ်ဆင်နေတာကြောင့် တုံးပွမ်ကျေးရွာက စစ်ကောင်စီ ကာကင်းစခန်းကို လက်လွှတ်လိုက်ရတယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။

ရေစကြိုမှာ ကြားဖြတ်တိုက်ခိုက်ခံရလို့ စစ်ကောင်စီဘက်က ၁၀ ဦးသေပြီး ၁၅ ဦးဒဏ်ရာရ (ရုပ်/သံ)

နှစ်ဘက်အပြန်အလှန်ပစ်ခတ်မှု ၄၅ မိနစ်ကျော်ဖြစ်ပွားခဲ့ပြီး စစ်သား ၁၀ ဦးသေဆုံးကာ ၁၅ ဦး ဒဏ်ရာရသွားပြီး အဆိုပါစစ်ကြောင်းဟာ ခလရ ၂၅၆၊ ခလရ ၂၅၇၊ ခလရ ၂၅၈ တပ်ထဲကို ပြန်ခေါက်သွားတယ်လို့ Southern YSO PDF တာဝန်ခံ ဗိုလ်အောင်မောင်းက ဆိုပါတယ်။

ပေါက်မြို့နဲ့ မြိုင်မြို့အကြား ထိတွေ့မှု ၂ ကြိမ်အတွင်း စစ်သား ၃ ဦးနဲ့ PDF ၁ ဦး သေဆုံး

မကွေးတိုင်း၊ ပေါက်မြို့နယ်၊ မကျီးစင်ရွာကနေ မြိုင်နယ်ဘက်ကို ပြန်လာတဲ့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေ ထိတွေ့မှု ၂ ကြိမ်ဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးသေဆုံးကာ တော်လှန်ရေးတပ်ဖွဲ့ဝင် ၁ ဦးလည်း သေဆုံးခဲ့တယ်လို့ အညာမြေတပ်ပေါင်းစု သတင်းနဲ့ပြန်ကြားရေး တာဝန်ခံဆီက သိရပါတယ်။

ဝက်လက်က ဒေသကာကွယ်ရေးတပ်ဖွဲ့ကင်းစခန်းတခုတိုက်ခိုက်ခံရပြီး ၁ ဦးကျဆုံး ၁ ဦးဒဏ်ရာနဲ့လွတ်မြောက်

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရှိန်းမကားကျေးရွာအုပ်စု၊ ရွာသစ်ရွာအနီးက ဒေသကာကွယ်ရေးတပ်ဖွဲ့ကင်းစခန်းတိုက်ခိုက်ခံရပြီး တပ်ဖွဲ့ဝင် ၁ ဦးကျဆုံးကာ ၁ ဦးဒဏ်ရာနဲ့လွတ်မြောက်ခဲ့တယ်လို့ ဝက်လက်မြို့နယ်ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေထံက သိရပါတယ်။

စလင်းတိုက်ပွဲအတွင်း မင်းဘူးခရိုင်တပ်ရင်း ၅ က တပ်ခွဲမှူး ၁ ဦး ကျဆုံး

“အဲ့ဒီတိုက်ပွဲမှာ နှစ်ဖက်အပြန်အလှန်ပစ်ခတ်ရင်းနဲ့ ကျနော်တို့ရဲဘော်က ကျသွားတာ။ အနီးကပ်ပစ်တဲ့အချိန်မှာ ဦးခေါင်းမှန်ပြီးတော့ ကျတာ။”

တိုက်ပွဲဖြစ်ပြီးနောက် အုန်းတောရွာကိုမီးရှို့နေလို့ ဒေသခံ ၄,၀၀၀ ကျော်ထွက်ပြေးနေရ

"သူတို့(စကစ)ဘက်က ရောက်လာပြီးတော့ လက်နက်ကြီးအရင်ထောက်တယ်(ပစ်ခတ်တယ်)။ ပြီးတော့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေနဲ့ နှစ်ဖက်ထိတွေ့ဖြစ်တယ်။ ပြီးမှ ရွာကိုဝင်မီးရှို့တာ။ စစ်ကြောင်းကတော့ ရွာထဲမှာရှိနေတုန်း။"

ဆိပ်ဖြူ ကပစ ၂၁ ကစစ်ကောင်စီယာဥ်တန်းတိုက်ခိုက်ခံရ

“ဆိပ်ဖြူမြို့နယ် ကပစ ၂၁ ကနေ ပြင်ဦးလွင်ကိုပစ္စည်းသွားပို့မယ့်ကားတန်းလို့တော့သိရတယ်။ ပစ်ခတ်မှုဖြစ်တဲ့အကွာအဝေးကတော့ မီတာ ၅၀ အကွာအဝေးပါပဲ။ ကားတွေကတော့ ဘာတွေသယ်လာလဲမသိရဘူး။ ယာဥ်တန်းက ကား ၂ စီးပျက်စီးပြီး ဆိပ်ဖြူဘက်ကိုပဲ ပြန်ထွက်သွားတယ်၊”

တပ်မ ၃၃ က ထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရပြီး ၅ ဦးသေဆုံး

“နေ့လယ် ၁၂ နာရီလောက်က စဖြစ်တာ။ ညနေ ၃ နာရီအထိ တိုက်ပွဲဖြစ်ခဲ့တာ။ အပြန်အလှန်ပစ်ခတ်မှုတွေရှိခဲ့တယ်။ သူတို့ဘက်က အဆိပ်ငွေ့ဗုံးသီးတွေနဲ့ ပစ်ပါတယ်။ စစ်ကောင်စီဘက်က ** ၅ ကောင်လောက်သေတယ်။ ကျနော်တို့ ၁ ကောင်ကတော့ သွားကောက်နိုင်ခဲ့တယ်။ ကျနော်တို့ဘက်က ရဲဘော် ၁ ဦးကတော့ မစိုးရိမ်ရဒဏ်ရာရခဲ့ပါတယ်။”

ပဲခူးရိုးမထဲ ကြားဖြတ်တိုက်ခံရတဲ့စစ်ကောင်စီတပ်ဖွဲ့ သေဆုံးမှုများလို့ ရွာကိုမီးရှို့ပြီး ပြန်ဆုတ်သွားတယ်လို့ဆို

" ကျနော်တို့အဖွဲ့လက်ချက်နဲ့ ** ၆ ကောင်သေ ၁၅ ကောင်ဒဏ်ရာရပြီး စစ်ကြောင်းတဝက်ပြုတ်သွားလို့ အထိနာတာကြောင့် ပြည်သူအိမ်တွေမီးရှို့တယ်လို့ ယူဆပါတယ်။ အဓိကတော့ PDF မနိုင်လို့ ပြည်သူမဲတာပါ။"

၆၄ နှစ်မြောက် ကချင်တော်လှန်ရေးနေ့အထိမ်းအမှတ်အဖြစ် စစ်မှုထမ်းဟောင်းအဖွဲ့ရုံးကို မိုင်းခွဲတိုက်ခိုက်

“အဲဒီရုံးမှာက အမြဲတမ်း ဒီအုပ်ချုပ်ရေးအဖွဲ့တွေ ၇ ဦးလောက်ရှိတယ်။ သေဆုံးသွားတာကတော့ ၁ ဦးကတော့ သေချာတယ်။ ကျန်တဲ့ ၂ ဦး ၃ ဦးမက ဒဏ်ရာရတာရှိတယ်။ ပြင်းထန်ဒဏ်ရာရတယ်။ သေဆုံးတဲ့သူ အလောင်းကို ရဲကားနဲ့သယ်သွားတယ်။ ပြီးတော့ အုတ်ဖိုဆေးရုံရင်ခွဲရုံကိုပို့တယ်။”

မုံရွာ-ချောင်းဦးကားလမ်းဘေးမှာ စစ်ကောင်စီတပ်ဖွဲ့က ပစ်ခတ်လို့ အမျိုးသမီးတဦး သေဆုံး

စစ်ကိုင်းတိုင်း၊မုံရွာမြို့နယ်မှာ မိုင်းဆွဲတိုက်ခိုက်ခံရတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကို လိုက်လံပစ်ခတ်တဲ့ကျည်ထိမှန်ပြီး အမျိုးသမီးတဦး သေဆုံးခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။

လေကြောင်းပစ်ကူကြောင့် အပြီးသတ်စခန်းမသိမ်းနိုင်ဘဲ ပြန်ဆုတ်ခဲ့ရတဲ့ လင်းဇင်းရဲစခန်းတိုက်ပွဲ (ရုပ်/သံ)

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တပ်စွဲထားတဲ့ လင်းဇင်းတိုက်နယ်ရဲစခန်းကို ဒေသခံကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ တွေက ဖေဖော်ဝါရီ ၃ ရက်မှာ တိုက်ခိုက်ခဲ့ကြတယ်လို့ သိရပါတယ်။

ကင်းယူဖို့ ထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ ပစ်ခံရလို့ ၄ ဦးသေ၊ သေနတ် ၅ လက် PDF ရရှိ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ချင်မြစ်ကျင်း - ကာဘိုးလမ်းပိုင်းကို ကင်းယူဖို့ထွက်လာတဲ့ ပျူစောထီးနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ပစ်ခတ်ခံရပြီး ၄ ဦးသေဆုံးကာ သေနတ် ၅ လက်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက သိမ်းဆည်းရရှိခဲ့တယ်လို့ ကန့်ဘလူခရိုင်တပ်ရင်း ၄ ဆီက သိရပါတယ်။

မင်းလှမြို့၊ ကျွန်းကုန်းရွာအနီးတိုက်ပွဲ စစ်ကောင်စီတပ်သား ၂ ဦးသေပြီး ၅ ဦးဒဏ်ရာရ

“စခ ၃ ကောင်ထွက်ပြေးလို့ နောက်ကလိုက်ရှာတဲ့ ငလှစမ်းဘုန်းကြီးကျောင်းမှာ ယာယီတပ်စွဲထားတဲ့ စခ တွေနဲ့ မထင်မှတ်ဘဲ တိုက်ပွဲဖြစ်သွားတာ။ စမ်းဘုတ်ရွာ စစ်ဆေးရေးဂိတ်က စစ်သား ၃ ယောက်ထွက်ပြေးသွားတာ။ သူတို့ကို ခလရ ၁ ကနေပို့ထားတာ။”

ပွင့်ဖြူမှာတိုက်ပွဲတွေဖြစ်ပြီး နှစ်ဖက်တပ်ဖွဲ့နဲ့ အရပ်သားတွေသေဆုံးမှုရှိကာ အိမ်ခြေရာနဲ့ချီမီးလောင် ■ ကျေးရွာ ၁၅ ရွာခန့်က ဒေသခံ ၁၀,၀၀၀ ကျော်ထွက်ပြေးနေရ

“ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ရော့ကတ်တွေနဲ့ ထုတယ်။ မီးလောင်ဗုံးတွေနဲ့ ကြဲတယ်။ မဒဲမြောက်ရွာကိုကျပြီး ၃ ပုံ ၂ ပုံနေအိမ်တွေ မီးလောင်သွားပါတယ်။ ရှိသမျှ ကား၊ ဆိုင်ကယ်၊ အိမ်၊ တိုက်၊ သိုလှောင်ထားတဲ့ ဆန်၊ စပါး၊ ငရုပ်၊ ကြက်သွန်တွေ ဆုံးရှုံးပါတယ်။”

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10