သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရှိန်းမကားကျေးရွာအုပ်စု၊ ရွာသစ်ရွာအနီးက ဒေသကာကွယ်ရေးတပ်ဖွဲ့ကင်းစခန်းတိုက်ခိုက်ခံရပြီး တပ်ဖွဲ့ဝင် ၁ ဦးကျဆုံးကာ ၁ ဦးဒဏ်ရာနဲ့လွတ်မြောက်ခဲ့တယ်လို့ ဝက်လက်မြို့နယ်ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေထံက သိရပါတယ်။
ဖေဖော်ဝါရီ ၉ ရက် ညနေ ၃ နာရီခန့်မှာ ရှိန်းမကားကျေးရွာမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်အင်အား ၃၀ ကျော်ဟာ မီတာ ၁,၀၀၀ ကျော်အကွာရှိ ရွာသစ်ရွာအနီးက ဒေသကာကွယ်ရေးတပ်ဖွဲ့ကင်းစခန်းတခုကို ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။
" ကင်းကို အလစ်အငိုက်ဝင်စီးတာ။ အပြန်အလှန်ပစ်ခတ်မှုဖြစ်တာ။ ကင်းက လူနည်းနေတဲ့အချိန်မှာဝင်စီးခံရတာ။ ဒီဘက်တောင်ကုန်း(ကာကွယ်ရေးအဖွဲ့ဝင်တွေရှိတဲ့ကုန်း)က မြင့်တာဆိုတော့ စကစဘက်က လျှိုဘက်ကနေပတ်ဝင်လာပြီး စီးတာ။ ကျန်ကလေးတွေက ရေချိူးဆင်းနေချိန် ကင်းမှာလူနည်းနေတာ" လို့ မြေပြင်ကာကွယ်ရေးအဖွဲ့ဝင်တဦးက မြေလတ်အသံကို ပြောပါတယ်။
အဆိုပါကင်းစခန်းဟာ ရွှေဘိုခရိုင်တပ်ရင်း ၁၇ ရဲ့ကင်းစခန်းဖြစ်ကြောင်းသိရှိရပြီး စီးနင်းတိုက်ခိုက်ခံရမှုအတွင်း တပ်ဖွဲ့ဝင် ၁ ဦးနေရာမှာကျဆုံး၊ ၁ ဦးဒဏ်ရာနဲ့ ထွက်ပြေးလွတ်မြောက်လာခဲ့ကာ အခြေအနေအသေးစိတ်ကိုသိရှိနိုင်ရေး တပ်ရင်း ၁၇ ထံဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်မရသေးပါဘူး။
ဒါ့အပြင် တိုက်ခိုက်ခံရပြီးနောက် သေဆုံး၊ ဒဏ်ရာရ PDF တပ်ဖွဲ့ဝင်တွေကိုင်ဆောင်တဲ့သေနတ် ၂ လက်နဲ့ ကျည်အချို့ ကို စစ်ကောင်စီတပ်ကသိမ်းယူသွားကာ ရှိန်းမကားကျေးရွာဘက်ကို ပြန်ဆုတ်သွားတယ်လို့ သိရပါတယ်။
တိုက်ပွဲအတွင်း သေဆုံးသွားတဲ့ ဒေသကာကွယ်ရေးအဖွဲ့ဝင်ရဲ့အလောင်းကိုတော့ သက်ဆိုင်ရာတပ်ဖွဲ့ဘက်က ပြန်ကောက်သွားပြီး နာရေးပြုလုပ်လိုက်ပြီလို့ ဆိုပါတယ်။
စစ်ကောင်စီထောက်ခံတယ်လီဂရမ်တွေမှာတော့ ရွာသစ်ရွာအနီးတိုက်ပွဲမှာ PDF အလောင်း ၁ လောင်း၊ ကျည်အိမ် ၁ ခု၊ ၅.၅၆ မမ ကျည် ၃၉ တောင့်၊ အိုင်ကွန် ၁ လုံး၊ ကျည်ကာအင်္ကျီ ၁ ထည် သိမ်းဆည်းရမိထားတယ်လို့ ဖော်ပြရေးသားထားပါတယ်။
စာတည်း - ဟိန်းစံ
#မြေလတ်အသံ
#စစ်ကိုင်း #ဝက်လက် #ကာကွယ်ရေးတပ်ဖွဲ့ #တိုက်ခိုက် #PDF #သေဆုံး
Share Share Share