သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
မကွေးတိုင်း၊ မင်းဘူးခရိုင်အတွင်း အခြေပြုလှုပ်ရှားနေတဲ့ မင်းဘူးခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် ၅ တပ်ရင်းရဲ့ တပ်ခွဲမှူး ၁ ဦး တိုက်ပွဲကျသေဆုံးသွားတယ်လို့ အဲ့ဒီအဖွဲ့ထံက သိရပါတယ်။
ကျဆုံးသူမှာ စလင်းမြို့မှ အသက် ၂၁ နှစ်အရွယ် တပ်ခွဲမှူး နဂါးလေး (ခ) နိုင်ထက်ဦးဖြစ်ပြီး ဖေဖော်ဝါရီ ၉ ရက် မနက်ပိုင်းက ပွင့်ဖြူမြို့နယ်၊ လင်းဇင်းတိုက်နယ်၊ အုန်းတောရွာကို စစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်ဖွဲ့နဲ့ အဆိုပါကျေးရွာအနီး တိုက်ပွဲဖြစ်ပွားချိန် လက်နက်ငယ်ကျည်ထိမှန်ကျဆုံးခဲ့တာလို့ ဆိုပါတယ်။
“အဲ့ဒီတိုက်ပွဲမှာ နှစ်ဖက်အပြန်အလှန်ပစ်ခတ်ရင်းနဲ့ ကျနော်တို့ရဲဘော်က ကျသွားတာ။ အနီးကပ်ပစ်တဲ့အချိန်မှာ ဦးခေါင်းမှန်ပြီးတော့ ကျတာ။”လို့ မင်းဘူးခရိုင်အမှတ် ၅ တပ်ရင်း သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ JOKER ကပြောပါတယ်။
စစ်ရေးအခြေအနေကြောင့် ကျဆုံးတပ်ခွဲမှူး နဂါးလေး (ခ) နိုင်ထက်ဦးရဲ့ ဈာပနအခမ်းအနားကို ဖေဖော်ဝါရီ ၉ ရက် ညနေ ၄ နာရီခွဲက မင်းဘူးခရိုင် အမှတ် ၅ တပ်ရင်းရဲ့ စိုးမိုးနယ်မြေအတွင်းမှာပဲ မီးသင်္ဂြိုဟ်ပြီး အမိန့်ပြန်ခဲ့တယ်လို့ ဆိုပါတယ်။
မင်းဘူးခရိုင်အတွင်း စစ်ကောင်စီတပ်နဲ့ဖြစ်ပွားတဲ့ တိုက်ပွဲတွေမှာ တပ်ခွဲမှူး နဂါးလေးအပါ မင်းဘူးခရိုင် အမှတ် ၅ တပ်ရင်းက ကာကွယ်ရေးတပ်ဖွဲ့ဝင် ၃ ဦး ကျဆုံးထားတယ်လို့ သိရပါတယ်။
စာတည်း - ကိုချမ်း
#မြေလတ်အသံ
#မကွေးတိုင်း #စလင်းမြို့နယ် #မင်းဘူးခရိုင် #ကျဆုံး #တပ်ခွဲမှူး
Share Share Share