တိုက်ပွဲ

မြောင်မှာတိုက်ပွဲဖြစ်နေပြီး စစ်ကောင်စီရဲ့ပစ်ခတ်မှုတွေကြောင့် ဒေသခံ ၄ ဦးသေဆုံး(ရုပ် / သံ)

“လှေတင်ဦးရွာကို လက်နက်ကြီးနဲ့ မြောင်ရဲစခန်းကနေပစ်လို့ ပြည်သူ ၁ ဦးထိခိုက်သေဆုံးခဲ့တယ်။ စစ်တပ်မင်္ဂလာဆောင်ကို ပစ်ခတ်တိုက်ခိုက်နေတဲ့ မဟာမိတ်တပ်ဖွဲ့တွေက ပစ်ကူတောင်းလို့ ကျနော်တို့ ပစ်ရောက်တိုက်ခိုက်စဉ်မှာ စစ်တပ်ကလေယာဉ်ပစ်ကူတောင်းတဲ့အချိန်မှာ လေယာဉ်ပစ်ကူမလာနိုင်ဘဲနဲ့ စစ်တပ်လေထီးတပ် စက်တပ်ယာဉ် ၂ စီးနဲ့ မုံရွာမြို့ နမခကနေ လာရောက်ဗုံးကြဲတိုက်ခိုက်သွားတယ်”

မြောင်မှာတိုက်ပွဲဖြစ်နေပြီး စစ်ကောင်စီရဲ့ပစ်ခတ်မှုတွေကြောင့် ဒေသခံ ၄ ဦးသေဆုံး

“လှေတင်ဦးရွာကို လက်နက်ကြီးနဲ့ မြောင်ရဲစခန်းကနေပစ်လို့ ပြည်သူ ၁ ဦးထိခိုက်သေဆုံးခဲ့တယ်။ စစ်တပ်မင်္ဂလာဆောင်ကို ပစ်ခတ်တိုက်ခိုက်နေတဲ့ မဟာမိတ်တပ်ဖွဲ့တွေက ပစ်ကူတောင်းလို့ ကျနော်တို့ ပစ်ရောက်တိုက်ခိုက်စဉ်မှာ စစ်တပ်ကလေယာဉ်ပစ်ကူတောင်းတဲ့အချိန်မှာ လေယာဉ်ပစ်ကူမလာနိုင်ဘဲနဲ့ စစ်တပ်လေထီးတပ် စက်တပ်ယာဉ် ၂ စီးနဲ့ မုံရွာမြို့ နမခကနေ လာရောက်ဗုံးကြဲတိုက်ခိုက်သွားတယ်”

စစ်ကောင်စီယာဉ်တန်း အမြန်လမ်းမှာ အနီးကပ်တိုက်ခိုက်ခံရ

“ရဲကား ၁ စီးနဲ့ နောက်က အိမ်စီးကား ၂ စီးမှာ **တွေပါတယ်။ အနီးကပ်ပစ်တာ၊ ရဲ ၅ ဦးကတော့ သေတယ်လို့ သိရပါတယ်။ ကား ၃ စီးကို ပစ်ခတ်ပြီးနောက်ပိုင်းမှာ ၃၁၉ ကင်းစခန်းကနေ လှမ်းပစ်တာတွေရှိတယ်။ ကျနော်တို့နဲ့ အပြန်အလှန် မိနစ်ပိုင်းလောက်ပစ်ပြီးတော့ ကျနော်တို့ပြန်ဆုတ်ခဲ့တာ။”

စစ်ကောင်စီတပ်စွဲထားတဲ့ ပျူစောထီးခေါင်းဆောင်နေအိမ် ဗုံးချခံရပြီး ၂ ဦးသေဆုံး

"ဗုံးက ၂ လုံးချ တိုက်ခိုက်ခဲ့တာ။ အဲဒီအိမ်မှာက အရာရှိနေတယ်။ အဲဒီကနေပြီးတော့မှ ကင်းပုန်းလွှတ်တာတွေရှိတယ်။ ချက်ချင်းနာရေးကား ၃ စီးနဲ့လာသယ်သွားတယ်။ "

⁨မြင်းခြံ ခမရ ၁၅ စစ်ဆေးရေးဂိတ် အနီးကပ်ဝင်တိုက်ခိုက်ခံရလို့ ၃ ဦးသေဆုံးဟုဆို

“ကျနော်တို့ ညီနောင်မဟာမိတ်တွေနဲ့ ၃ ဖွဲ့ပေါင်းပြီး ပြောက်ကျားနည်းစနစ်နဲ့ သွားပြီးအနီးကပ်တိုက်ခိုက်ခဲ့တာပါ။ အဓိကတော့ ဒီကောင်တွေက ဆက်ကြေးကောက်တာတွေရှိတယ်။ ပြည်သူတွေကို ဖမ်းဆီးတာတွေလည်းရှိတယ်။ ပြီးရင်မြင်းခြံမြို့ရဲ့ မြို့စောင့်တပ်သဘောမျိုးလည်း ဖြစ်တယ်။ မြင်းခြံမြို့ရဲ့ ဝင်လမ်းထွက်လမ်း နေရာတခုလည်းဖြစ်တယ်။ သူတို့ဘက်က ၃ ဦးသေသွားတယ်။ ဒဏ်ရာရတာတွေလည်းရှိတယ်”

ပျူစောထီးရိက္ခာသယ်ကားကို ကြားဖြတ်တိုက်ခိုက်မှု ၂ ဦးသေဆုံးပြီး ကားကိုမီးရှို့ဖျက်ဆီး (ရုပ်/သံ)

"ဖြတ်တိုက်တဲ့အချိန်မှာ ကား ၂ စီးက ရပ်သွားပြီးတော့မှ လူတွေက အကုန်ထွက်ပြေးသွားတယ်။ ထိတွေ့တိုက်ပွဲက ၁ နာရီကျော်ကျော် ကြာလိုက်တယ်။ ရွှေဘိုကျွန်းတောလမ်းပေါ့နော်။ အဲ့လိုဖြစ်နေချိန် ရွှေဘိုမြို့ကညန ကနေ လက်နက်ကြီးပစ်ကူပေးတယ်။ မြေခွန်ဘက်က ပေါသိန်းတို့ ပျူအုပ်စုကလည်း ကျနော်တို့ဘက်ကို ထိုးစစ်ဆင်တယ်။ "

ပျူစောထီးရိက္ခာသယ်ကားကို ကြားဖြတ်တိုက်ခိုက်မှု ၂ ဦးသေဆုံးပြီး ကားကိုမီးရှို့ဖျက်ဆီး

"ဖြတ်တိုက်တဲ့အချိန်မှာ ကား ၂ စီးက ရပ်သွားပြီးတော့မှ လူတွေက အကုန်ထွက်ပြေးသွားတယ်။ ထိတွေ့တိုက်ပွဲက ၁ နာရီကျော်ကျော် ကြာလိုက်တယ်။ ရွှေဘိုကျွန်းတောလမ်းပေါ့နော်။ အဲ့လိုဖြစ်နေချိန် ရွှေဘိုမြို့ကညန ကနေ လက်နက်ကြီးပစ်ကူပေးတယ်။ မြေခွန်ဘက်က ပေါသိန်းတို့ ပျူအုပ်စုကလည်း ကျနော်တို့ဘက်ကို ထိုးစစ်ဆင်တယ်။"

ရခိုင်ရိုးမပေါ်က ညောင်ကျိုးပင်မစခန်းကို AA သိမ်းပိုက်

"၁၁ ရက်နေ့က ညောင်ကျိုးစခန်းကို သိမ်းပိုက်ရရှိတယ်လို့ သတင်းရတယ်။ တချို့ကလည်း ဝိုင်းဝန်းပိတ်ဆို့ပြီးမှ ညောင်ကျိုးကိုသိမ်းလိုက်တာမျိုးမဟုတ်ဘဲနဲ့ ပိတ်ပြီးတော့ အောက်ကနေဝိုက်လိုက်လို့ စခန်းကလုံးလုံးပိတ်သွားလို့ စခတွေပြေးသွားတယ်လို့ပြောတယ်။"

ညောင်ကျိုးတိုက်ပွဲက ဒဏ်ရာရစစ်ကောင်စီတပ်သားတွေကို ရွှေတောင်တပ်ဆေးရုံကို ပို့ဆောင်နေ

"ညောင်ကျိုးက (ပရဟိတ)အသင်းကားကို သူတို့(စကစ)ကိုယ်တိုင်မောင်းပြီးဆင်းလာတာတွေ့တယ်။ အဲ့တာကို အရပ်ဖက်အဖွဲ့ကားတွေက ဥသျှစ်ပင် လဲရွာတံတားဂိတ်ကနေစောင့်ပြီး လူနာကို ကုတင် ၁၀၀ ပို့ပေးရတာ"

နွားထိုးကြီးတိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၇ ဦးသေဆုံး၊ အရာရှိ ၂ ဦးအပါ ၁၄ ဦး အရှင်ဖမ်းမိ (ရုပ်/သံ)

<iframe width="853" height="480" src="https://www.youtube.com/embed/lR3YndEcfZc" title="နွားထိုးကြီးတိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၇ ဦးသေဆုံး၊ အရာရှိ ၂ ဦးအပါ ၁၄ ဦး အရှင်ဖမ်းမိ" frameborder="0" allow="accelerometer; autoplay; clipboard-write; encrypted-media; gyroscope; picture-in-picture; web-share" referrerpolicy="strict-origin-when-cross-origin" allowfullscreen></iframe>

ညောင်ကျိုးစခန်းကနေ စစ်ကောင်စီတပ်သား ၃၀ ခန့်ခြေလျင်ထွက်ပြေး

တိုက်ပွဲပြင်းထန်နေတဲ့ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ရခိုင်ရိုးမပေါ်ရှိ ညောင်ကျိုးစခန်းကနေ စစ်ကောင်စီတပ်သား ၃၀ ခန့်မတ် ၁၁ ရက်ဒီကနေ့မှာ ထွက်ပြေးလာခဲ့ကြတယ်လို့ မြေပြင်အခြေအနေကိုသိရှိတဲ့ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။

အမ်း-ငဖဲအစပ်တိုက်ပွဲတွေအတွင်း တပ်မ ၈၈ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀၀ ထက်မနည်း သေဆုံး/ပျောက်ဆုံးခဲ့ပြီး အများစုမှာ စစ်မှုထမ်းသင်တန်းဆင်းတွေဖြစ်

စစ်ကောင်စီလက်လွှတ်လိုက်ရတဲ့ ရခိုင်ပြည်နယ်၊ အမ်းမြို့အခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)တိုက်ပွဲတွေကို စစ်ကူသွားရောက်ရတဲ့ မကွေးမြို့အခြေစိုက် တပ်မ ၈၈နဲ့လက်အောက်ခံတပ်ရင်းတွေက စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀၀ ဦးထက်မနည်း သေဆုံး/ပျောက်ဆုံးမှုတွေရှိနေတယ်လို့ အဲ့ဒီတပ်မနဲ့ နီးစပ်သူတဦးထံက သိရပါတယ်။

တိုက်ပွဲပြင်းထန်နေတဲ့ ညောင်ကျိုးစစ်ကောင်စီတပ်စခန်းအတွက် ဥသျှစ်ပင်မြို့ခံတွေက ထမင်းထုပ်အလှည့်ကျပို့ပေးရ (ရုပ်/သံ)

"ရပ်ကွက်ထဲ ထမင်းပို့ရတဲ့စာရင်းတွေကောက်ပြီး ၁ အိမ် ၁ ထုပ်ပေးနေရတာ။အောင်ကိုက စစ်သားတွေ ဗူးသီးဖက်နဲ့ ငါးနီတူ ၃ ကောင်ပဲစားရလို့ သနားလို့တဲ့။ အိမ်တွေကို သူတို့ကိုယ်တိုင်လိုက်ယူတာလည်းရှိတယ်။ ကျန်တဲ့အိမ်တွေကတော့ ရုံးကိုပို့ရတယ်။"

စစ်ကောင်စီရိက္ခာပို့စစ်ကြောင်းကို KNLA ပူးပေါင်းတပ်တွေတိုက်ခိုက်ပြီး သေနတ် ၅ လက်သိမ်းဆည်း

ပဲခူးတိုင်းနဲ့ ကရင်ပြည်နယ်အစပ် သံတောင်မြို့နယ်၊ ခူလောင်ကျေးရွာအနီးမှာ စစ်ကောင်စီရဲ့ရိက္ခာပို့ စစ်ကြောင်းကိုဒေသခံတော်လှန်ရေးတပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ မြေပြင် အခြေအနေကိုသိရှိတဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူတဦးဆီက သိရပါတယ်။

အုတ်တွင်းက စစ်ကောင်စီတပ် ကင်းစခန်း ၁ ခုတိုက်ခိုက်ခံရပြီး ၅ ဦးသေ၊ သေနတ် ၆ လက် သိမ်းဆည်းရမိ

"အပေါ်ကဒရုန်းကြဲပြီးမှ အောက်ကမြေပြင်ကဝင်လုံးတာ။ သူတို့က အဲ့ကျောက်တိုင်မှာ ရှေ့ပွိုင်လာလာထုတ်တဲ့ပုံစံမျိုး။ ကျွဲပွဲကနေ ထွက်လာပြီး အဲ့မှာ လာလာထိုင်တာ။"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10