⁨ကျောက်တံခါးက စခန်းသိမ်းတိုက်ပွဲ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၂ ဦးသေဆုံးပြီး ဗုံးစထိမှန်တဲ့ PDF ကျည်ကာဦးထုပ်ကြောင့် အသက်ရှင်

⁨ကျောက်တံခါးက စခန်းသိမ်းတိုက်ပွဲ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၂ ဦးသေဆုံးပြီး ဗုံးစထိမှန်တဲ့ PDF ကျည်ကာဦးထုပ်ကြောင့် အသက်ရှင်

ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ စဉ့်အိုးလဟာကျေးရွာရှိ စစ်ကောင်စီတပ်အထိုင်စခန်းကို မတ် ၂၅ ရက်မနက် ၂ နာရီကျော်မှာ ထိုးစစ်ဆင်ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၂ ဦး သေဆုံးပြီး လက်နက်နဲ့ကျည်တွေ သိမ်းဆည်းရရှိခဲ့တယ်လို့ Spring Worrior Column ဆီကသိရပါတယ်။ 

ကျောက်တံခါးမြို့နဲ့ ၂ မိုင်ခန့်သာကွာဝေးပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၆၀ ခန့်ရှိတဲ့ စဉ့်အိုးလဟာတပ်စခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က လေကြောင်း၊ လက်နက်ကြီးတွေ အဆက်မပြတ်ပစ်ကူပေးနေတဲ့ကြားကနေ စခန်းကို ၈၀ ရာခိုင်နှုန်းအထိ သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

"ရန်သူစခန်းအတွင်းထိ ဝင်ရောက်ချေမှုန်းနိုင်ခဲ့ပြီး ရှစ်ဆယ်ရာနှုန်းထိ သိမ်းပိုက်နိုင်ခဲ့ပါတယ်။ ရန်သူဘက်က လက်နက်ကြီး၊ လေယာဉ်ပစ်ကူ များပြားတဲ့အတွက် ကြာကြာတောင့်မခံနိုင်ဘဲ မနက်မိုးလင်း ၆ နာရီခွဲအချိန် ပြန်ဆုတ်ခွာခဲ့ရပါတယ်"လို့ Spring Worrior Column ဖာပွန်ခရိုင်၊ PDF အမှတ် ၁ တပ်ရင်း P27001 မှတာဝန်ရှိသူတဦးက ပြောပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့သေဆုံးအလောင်းတွေကိုတွေ့ခဲ့ရပြီး စစ်ကောင်စီတပ်ဘက်က တိုက်ခိုက်ရေးလေယာဥ် ၂ စီး၊ Mi-35 ၁ စီးတို့နဲ့ ၁ နာရီကျော်ကြာ ပစ်ကူပေးခဲ့သလို ကျောက်တံခါးမြို့၊ ရုံးပေါင်းစုံ၊ ကွင်းချောင်းဝကျေးရွာနဲ့ ပိန်းဇလုပ်မြို့အခြေစိုက် ခလရ ၂၆၄ တပ်ရင်းမှ ဟောင်ဝစ်ဇာ၊ မစ်ဇိုင်းတွေနဲ့လည်း မနက် ၉ နာရီဝန်းကျင်ခန့်ထိ ပစ်ကူပေးခဲ့တယ်လို့ ဆိုပါတယ်။

"ပွဲထဲမှာ စကစအသေ ၁၂လောင်းကို မျက်မြင်တွေ့ခဲ့တာ။ ဒဏ်ရာရတာတွေလည်း တော်တော်များတယ်။ G3 ကျည် ၁၇၀၊ ခမောက် ၃ လုံး ၊ ရတဲ့ G3 ၁ လက်ကတော့ လေယာဉ်ဗုံးထိမှန်ပြီး ကျိုးပဲ့သွားတယ်"လို့ P27001 မှတာဝန်ရှိသူတဦးက ဆက်ပြောပါတယ်။ 

တိုက်ပွဲအတွင်း ၃၇၀၂ တပ်ရင်းမှ ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁ ဦး ဗုံးသီးစထိမှန်သေဆုံးခဲ့ပြီး ၁၀ ဦးဒဏ်ရာရရှိခဲ့ကာ Spring Warriors Colummမှ ကာကွယ်ရေးတပ်ဖွဲ့ဝင် AK ကိုလည်း ဗုံးသီးစထိမှန်ခဲ့ပေမယ့် ကျည်ကာဦးထုပ်ရှိနေခဲ့တာကြောင့် ကံကောင်းစွာနဲ့ အသက်ဘေးမှလွတ် မြောက်ခဲ့တယ်လို့ဆိုပါတယ်။

ဒီတိုက်ခိုက်မှုကို ဗျူဟာ ၂၅ လက်အောက်ခံ တပ်ရင်းတွေဖြစ်ကြတဲ့ Spring Worrior Column၊ ၃၇၀၂ တပ်ရင်း၊ အထူးကွန်မန်ဒို ရိုးမ - ၂ တပ်ရင်းတို့နဲ့ အတူ KNU/KNLA ရင်း ၉ တို့  ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

စာတည်း - ကိုချမ်း 

#မြေလတ်အသံ

#ပဲခူး #ကျောက်တံခါး #စစ်ကောင်စီ #တိုက်ပွဲ #သေဆုံး 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10