မြင်းခြံ-တောင်သာလမ်းပိုင်းတိုက်ပွဲ စစ်ကောင်စီတပ်သား ၁ ဦးသေဆုံး     ■ တော်လှန်ရေးတပ်တွေပြန်ဆုတ်ချိန် ထားခဲ့တဲ့ ကားနဲ့ ဆိုင်ကယ်တွေကို စစ်ကောင်စီဘက်ကသိမ်းယူ

မြင်းခြံ-တောင်သာလမ်းပိုင်းတိုက်ပွဲ စစ်ကောင်စီတပ်သား ၁ ဦးသေဆုံး  ■ တော်လှန်ရေးတပ်တွေပြန်ဆုတ်ချိန် ထားခဲ့တဲ့ ကားနဲ့ ဆိုင်ကယ်တွေကို စစ်ကောင်စီဘက်ကသိမ်းယူ

 

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ တောင်ရှေ့ကျေးရွာ မြင်းခြံ-တောင်သာကားလမ်းပေါ်ရှိ နန်းမြင့်တောင်တိုးဂိတ်အနီးမှာ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ဦးသေ ၂ ဦးဒဏ်ရာတယ်လို့ မြင်းခြံမြို့နယ် ပကဖ တိုက်နယ် ၂ ဗိုလ်စွန်ရဲအဖွဲ့ဆီက သိရပါတယ်။

မတ် ၂၄ ရက်မနက် ၆ နာရီကျော်ခန့်မှာ နန်းမြင့်တိုးဂိတ်မှာ စစ်ဆေးရေးလုပ်ဖို့ရောက်လာတဲ့ ဗိုလ်စွန်ရဲအဖွဲ့ကို ကင်းပုန်းဝပ်နေတဲ့အင်အား ၁၀၀ ဝန်းကျင်ရှိ စစ်ကောင်စီအဖွဲ့တွေက စတင်ပစ်ခတ်ရာကနေ တိုက်ပွဲဖြစ်ခဲ့တာလို့ဆိုပါတယ်။

"တော်လှန်ရေးအဖွဲ့ကို သူတို့(စကစ)တွေက ကင်းပုန်းဝပ်ပြီးစောင့်နေတာ။ ကျနော်တို့လည်းရောက် သူတို့လည်းပစ်ကော။ ကျနော်တို့ပြန်တက်ပြီး ချေမှုန်းတော့ အာပီဂျီနဲ့ထုလိုက်တာ သူတို့ဘက်က နှစ်ယောက်လောက်ထိပြီး တယောက်ကျသွားတယ်။"လို့ မြင်းခြံမြို့နယ် ပကဖ တိုက်နယ် ၂ တာဝန်ခံ ဗိုလ်စွန်ရဲကပြောပါတယ်။

ထိတွေ့တိုက်ပွဲ မိနစ် ၃၀ ခန့်ဖြစ်ပြီးနောက် အင်အားမမျှတဲ့အတွက် ဒေသကာကွယ်ရေးအဖွဲ့ဝင်တွေ ပြန်ဆုတ်ခွာလာခဲ့ပြီး စီးလာတဲ့ ကား ၁ စီး၊ ဆိုင်ကယ် ၂ စီးကိုတော့ ပြန်ယူဖို့အဆင်မပြေတော့တာကြောင့် ထားခဲ့ရတယ်လို့ ဆိုပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရကာ ထိခိုက်သေဆုံးသူတွေကို နာရေးကားနဲ့လာတင်သွားကာ ဒေသကာကွယ်ရေးအဖွဲ့ဝင်တွေဘက်ကတော့ ထိခိုက်တာမရှိဘူးလို့ သိရပါတယ်။

စစ်တပ်ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်တွေမှာတော့ ဒီတိုက်ပွဲအတွင်းမှာ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေရဲ့ ကား ၁ စီးနဲ့ ဆိုင်ကယ် ၂ စီးသိမ်းဆည်းမိတယ်လို့ ဖော်ပြထားပါတယ်။ 

တိုက်ပွဲဖြစ်ပြီးနောက်ပိုင်း စစ်ကောင်စီနဲ့ပျူစောထီးအင်အား နောက်ထပ် ၁၀၀ ကျော်ရောက်ရှိလာပြီး စုစုပေါင်းအင်အား ၂၀၀ ခန့်နဲ့ အဆိုပါ နေရာတဝိုက်မှာ အင်အားဖြန့်ကျက်ထားပြီး နေရာယူထားတယ်လို့ မြင်းခြံမြို့နယ် ပကဖ တိုက်နယ် ၂ တာဝန်ခံ ဗိုလ်စွန်ရဲကပြောပါတယ်။

ဇန်နဝါရီ ၁၂ ရက်မနက်ပိုင်းကလည်း မြင်းခြံမြို့နယ်၊ မြင်းခြံ-တောင်သာလမ်းပိုင်းမှာ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေနဲ့ မြင်းခြံပျူစောထီးအဖွဲ့ဝင်တွေ လိုက်ပါလာတဲ့ကားကို တော်လှန်ရေးပူးပေါင်းတပ်တွေဘက်က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်ကထိခိုက်သေဆုံးမှုတွေရှိခဲ့ပါသေးတယ်။ 

ပုံစာ - စစ်ကောင်စီအဖွဲ့တွေသိမ်းထားသည့် ကာကွယ်ရေးအဖွဲ့ဝင်တွေကျန်ရစ်ခဲ့တဲ့ ကားနဲ့ဆိုင်ကယ်။

စာတည်း - လင်း 

#မြေလတ်အသံ

#မန္တလေး #မြင်းခြံ #တိုက်ပွဲ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10