သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
မန္တလေးတိုင်း၊ မြင်းခြံမြို့အခြေစိုက် တပ်မ ၉၉ လက်အောက်ခံ ခမရ ၁၅ တပ်ရင်းရှေ့ စစ်ဆေးရေးဂိတ်ကို အနီးကပ်ဝင်တိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၃ ဦး သေဆုံးခဲ့တယ်လို့ Myingyan Black Tiger - MBT မြင်းခြံခရိုင်တပ်ရင်း ၉ ဆီကသိရပါတယ်။
မတ် ၁၇ ရက် နေ့လည် ၃ နာရီကျော်မှာ ခမရ ၁၅ အရှေ့ စစ်ကောင်စီတပ်သား ၂၀ ခန့်ရှိတဲ့ စစ်ဆေးရေးဂိတ်ကို တော်လှန်ရေးပူးပေါင်းအဖွဲ့တွေက မီတာ ၁၀၀ ခန့်အကွာထိ ဝင်ရောက်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
“ကျနော်တို့ ညီနောင်မဟာမိတ်တွေနဲ့ ၃ ဖွဲ့ပေါင်းပြီး ပြောက်ကျားနည်းစနစ်နဲ့ သွားပြီးအနီးကပ်တိုက်ခိုက်ခဲ့တာပါ။ အဓိကတော့ ဒီကောင်တွေက ဆက်ကြေးကောက်တာတွေရှိတယ်။ ပြည်သူတွေကို ဖမ်းဆီးတာတွေလည်းရှိတယ်။ ပြီးရင်မြင်းခြံမြို့ရဲ့ မြို့စောင့်တပ်သဘောမျိုးလည်း ဖြစ်တယ်။ မြင်းခြံမြို့ရဲ့ ဝင်လမ်းထွက်လမ်း နေရာတခုလည်းဖြစ်တယ်။ သူတို့ဘက်က ၃ ဦးသေသွားတယ်။ ဒဏ်ရာရတာတွေလည်းရှိတယ်” လို့ Myingyan Black Tiger - MBT မြင်းခြံခရိုင်တပ်ရင်း ၉ ခေါင်းဆောင်ဗိုလ်မိုက်ခဲက ပြောပါတယ်။
၁၅ မိနစ်ခန့်အကြာတိုက်ပွဲအတွင်း အပြန်အလှန်ပစ်ခတ်ခဲ့ကြပြီး တော်လှန်ရေးပူးပေါင်းအဖွဲ့ဝင်တွေ ထိခိုက်တာမရှိသလို တိုက်ပွဲအပြီး မြင်းခြံမြို့တောင်ဘက်ရှိရွာတွေကို စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့ပေမယ့် ပြည်သူတွေ ထိခိုက်မှုမရှိခဲ့ဘူးလို့ ဗိုလ်မိုက်ခဲက ဆက်ပြောပါတယ်။
ဒီတိုက်ခိုက်မှုကိုတော့ Myingyan Black Tiger - MBT တပ်ဖွဲ့နဲ့အတူ မဟာမိတ်တွေဖြစ်ကြတဲ့ Anyar Federal Task Force - AFTF၊ ဝံပုလွေပြောက်ကြားအဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။
စာတည်း - ကိုချမ်း
#မြေလတ်အသံ
#မန္တလေးတိုင်း #မြင်းခြံမြို့အခြေစိုက် #တပ်မ-၉၉ # ခမရ-၁၅ #စစ်ဆေးရေးဂိတ် #အနီးကပ်ဝင်တိုက်
Share Share Share