သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့မှာ မင်းကွန်းရွာနဲ့ ကင်းရွာဘက် စစ်ကြောင်းထိုးလာတဲ့ တပ်မ ၃၃ စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရပြီး ၅ ဦး သေဆုံးခဲ့တယ်လို့ ရွှေဘိုခရိုင်အမှတ် ၁၈ တပ်ရင်း၊ တပ်ခွဲ ၁ ဝက်လက်ကိုမင်းသားကြီး ထံက သိရပါတယ်။
ဖေဖော်ဝါရီ ၅ ရက် နေ့လယ် ၁၂ နာရီမှာ တပ်မ ၃၃ ကနေ အင်အား ၂၀၀ ဝန်းကျင်နဲ့ မင်းကွန်းရွာနဲ့ ကင်းရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီစစ်ကြောင်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက အဲ့ဒီရွာ ၂ ရွာကြားမှာ တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦး သေဆုံးတယ်လို့ ဆိုပါတယ်။
“နေ့လယ် ၁၂ နာရီလောက်က စဖြစ်တာ။ ညနေ ၃ နာရီအထိ တိုက်ပွဲဖြစ်ခဲ့တာ။ အပြန်အလှန်ပစ်ခတ်မှုတွေရှိခဲ့တယ်။ သူတို့ဘက်က အဆိပ်ငွေ့ဗုံးသီးတွေနဲ့ ပစ်ပါတယ်။ စစ်ကောင်စီဘက်က ** ၅ ကောင်လောက်သေတယ်။ ကျနော်တို့ ၁ ကောင်ကတော့ သွားကောက်နိုင်ခဲ့တယ်။ ကျနော်တို့ဘက်က ရဲဘော် ၁ ဦးကတော့ မစိုးရိမ်ရဒဏ်ရာရခဲ့ပါတယ်။” လို့ ရွှေဘိုခရိုင်အမှတ် ၁၈ တပ်ရင်း၊ တပ်ခွဲ ၁ ဝက်လက်ကိုမင်းသားကြီး တာဝန်ခံ ကိုရန်ကြီးက ပြောပါတယ်။
စစ်ကောင်စီကပစ်ခတ်တဲ့ အဆိပ်ငွေ့ဗုံးသီးဒဏ်ကြောင့် ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် ၁ ဦး မူးဝေလဲကျခဲ့ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဆီကနေ ၄၀ မမ ၁ လက်၊ G3 ကျည်ဘောက် ၃ ခု၊ စစ်ကောင်စီတပ်ဖွဲ့ဝင်ရဲ့အလောင်း ၁ လောင်းကို သိမ်းဆည်းရမိတယ်လို့ သိရပါတယ်။
စစ်ကောင်စီစစ်ကြောင်းဟာ ဖေဖော်ဝါရီ ၇ ရက် ဒီနေ့အထိ မင်းကွန်းရွာနဲ့ ကင်းရွာအကြားမှာ အထိုင်ချနေဆဲဖြစ်ပြီး ဒေသကာကွယ်ရေးတပ်တွေနဲ့ နှစ်ဘက်ဆိုင်ထားဆဲအခြေအနေဖြစ်တယ်လို့ ဆိုပါတယ်။
ဒီတိုက်ခိုက်မှုကို ရွှေဘိုခရိုင်အမှတ် ၁၈ တပ်ရင်း၊ တပ်ခွဲ ၁ ဝက်လက်ကိုမင်းသားကြီးနဲ့ အမှတ် ၁၈ တပ်ရင်းနဲ့ တပ်ခွဲတချို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။
စာတည်း - ကိုချမ်း
#မြေလတ်အသံ
#စစ်ကိုင်း #မင်းကွန်း #ကင်းရွာ #ရွှေဘိုခရိုင် #ဝက်လက်
Share Share Share