တပ်မ ၃၃ ကထွက်လာတဲ့ သံပြားကာ ကား ၃စီး မိုင်းဆွဲခံရပြီး စစ်ကောင်စီတပ်သား ၁ ဦးသေ

တပ်မ ၃၃ ကထွက်လာတဲ့ သံပြားကာ ကား ၃စီး မိုင်းဆွဲခံရပြီး စစ်ကောင်စီတပ်သား ၁ ဦးသေ

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ နတ်ရေကန်ရွာနားမှာ စစ်ကိုင်းမြို့ အမှတ် ၃၃ ခြေမြန်တပ်မဌာနချုပ်-တပ်မ ၃၃ ကနေထွက်လာတဲ့ စစ်ကောင်စီကား ၃စီး မိုင်းဆွဲခံရပြီး စစ်ကောင်စီတပ်သား ၁ ဦး သေဆုံးခဲ့တယ်လို့ Seven People Defence Force-SPDF တပ်ဖွဲ့ကတဆင့် သိရပါတယ်။

ဇန်နဝါရီ ၇ ရက် မနေ့ညနေ ၅ နာရီခန့်က တပ်မ ၃၃ ကနေ မုံရွာနမခဘက်ကို မောင်းနှင်လာတဲ့ စစ်ကောင်စီရဲ့ သံပြားကာကား ၃ စီးကို ချောင်းဦးမြို့နယ်ထဲအရောက်မှာ ပဒေသာမိုင်း ၅ လုံးတွဲနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

"သူတို့ထွက်လာတာ သတင်းကြိုရလို့ အသင့်စောင့်နေတာဗျ။ မိုင်းဆွဲအပြီးမှာပဲ စစ်*တွေဘက်က လက်နက်ငယ်တွေနဲ့ ၁၅ မိနစ်လောက်တော့ ပစ်ခတ်တယ်။ သေဆုံးထိခိုက်မှုက ဆေးရုံသတင်းပါ။ ကျနော်တို့ ရဲဘော်တွေဘက်ကတော့ အထိခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်။"လို့ SPDFအဖွဲ့ရဲ့ တာဝန်ခံ ကိုရဲလေးက ပြောပါတယ်။

မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ၁ ဦး သေဆုံးကာ ၂ ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေကိုတော့ ဆေးရုံသတင်းရင်းမြစ်ကတဆင့် အတည်ပြုထားနိုင်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် သံပြားကာ ကား ၁စီးလည်း ပျက်စီးခဲ့ပြီး အဲ့ဒီပျက်စီးနေတဲ့ကားကိုတော့ တခြားသံပြားကာ ကား ၂ စီးက ကြိုးနဲ့ဆွဲပြီး ချောင်းဦးမြို့ထဲကို မောင်းနှင်သွားတယ်လို့ သိရပါတယ်။

“စစ်သား ၁ ဦးက‌တော့ ချောင်းဦးဆေးရုံမှာ သေတာ၊‌ ချောင်းဦးမြို့ပေါ်မှာတင် မိုင်းဆွဲမိတဲ့ကားက ထိုးရပ်သွားတာ၊ ကျန်တဲ့ ၂ စီးကတော့ မုံရွာ နမခဘက်တက်သွားတာ။”လို့ ရေနဂါး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တိုက်ခိုက်ရေးခေါင်းဆောင်က ပြောပါတယ်။

အဆိုပါ တိုက်ခိုက်မှုကို Seven People Defence Force - SPDF ၊ Yae nagar People defend force နဲ့ ချောင်းဦးမြို့နယ် ပြည်သူ့လုံခြုံရေး ပလဖအဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ 

မိုင်းဆွဲတိုက်ခိုက်မှု မလုပ်ခင် အဲ့ဒီနေ့ မနက်ပိုင်းကလည်း နတ်ရေကန်ကျေးရွာဂိတ်မှာရှိတဲ့ စစ်ကောင်စီတပ်သားတွေဟာ ခရီးသွားအမျိုးသားတွေကို ဖမ်းဆီးပြီး ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က ထောင်ထားတဲ့ မိုင်းတွေကို ရှာဖွေရှင်းလင်းခိုင်းခဲ့တယ်လို့ ကားသမားတွေဆီက သိရပါတယ်။

သတင်း - ခေတ်သဒ္ဒါ၊ ဒိန်းဂျား၊ စာတည်း - ချယ်ရီ 

#မြေလတ်အသံ

#စစ်ကိုင်း #ချောင်းဦး #စစ်ကောင်စီ #ယာဉ်တန်း #တိုက်ခိုက် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10