ရဲစခန်းသိမ်းနိုင်ခါနီးမှာ လေကြောင်းနဲ့ပစ်ကူပေးလို့  တော်လှန်ရေးတပ်တွေ ပြန်ဆုတ်(ရုပ်/သံ)

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်၊ မင်းနေကုန်းကျေးရွာ ရဲစခန်းကို ဇန်နဝါရီ ၂ ရက် ညနေ ၆ နာရီဝန်းကျင်က‌နေ ၁၀ နာရီအထိ ဒေသခံကာကွယ်ရေးတပ်တွေက ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ နဂါးနီပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ) ဆီက သိရပါတယ်။ 

စစ်သား၊ ရဲနဲ့ ပျူစောထီး အင်အား ၅၀ ဝန်းကျင်ရှိတဲ့ အဲ့ဒီစခန်းကို ကာကွယ်ရေးတပ်တွေ ပူးပေါင်းကာ ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး နှစ်ဘက်ပစ်ခတ်မှု ၄ နာရီလောက်ဖြစ်ခဲ့တယ်လို့ နဂါးနီပြောက်ကျားတပ်ဖွဲ့-မြင်းခြံ တာဝန်ခံက ပြောပါတယ်။

တိုက်ခိုက်မှုကြောင့်မင်းနေကုန်းကျေးရွာရဲစခန်းအတွင်းက နှစ်ထပ်တိုက်သွပ်မိုးဆောင်နဲ့ အဆောက်အဦးတချို့ပျက်စီးသွားပြီး ရဲနဲ့စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးကျော်သေဆုံးနိုင်တယ်လို့  ဆိုပါတယ်။

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဘက်က ဂျက်ဖိုက်တာနဲ့ လေကြောင်းကနေလာရောက်ပစ်ကူပေးတာကြောင့် စခန်းကိုမသိမ်းနိုင်ခဲ့ဘဲ ပြန်ဆုတ်ခွာခဲ့ရတယ်လို့ဆိုပါတယ်။ 

တိုက်ခိုက်ပြီးနောက်ပိုင်း ညနေပိုင်းမှာ ရဲစခန်းဝန်းထဲမှာပဲ သေဆုံးအလောင်းတွေကို မီးသင်္ဂြိုဟ်ပြီး အမိန့်ပြန်တာတွေလုပ်နေတယ်လို့ သူက ဆက်ပြောပါတယ်။

လက်ရှိမှာတော့ မင်းနေကုန်းကျေးရွာ ရဲစခန်းကို စစ်ကောင်စီဘက်က အင်အားထပ်မံဖြည့်တင်းနေတယ်လို့ ဆိုပါတယ်။

ဒီတိုက်ခိုက်မှုကို နဂါးနီပြောက်ကျားတပ်ဖွဲ့-မြင်းခြံ၊ မြင်းခြံခရိုင် တပ်ရင်း ၄၊ ရွှေခြံသား ပျောက်ကြားတပ်ဖွဲ့၊ မြင်းခြံမြို့နယ် ပကဖ၊ စဉ့်ကိုင် Local အဖွဲ့၊ ဒေါင်းမင်းတမာန်အဖွဲ့ နဲ့ ဒေသခံမဟာမိတ်တပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာပါ။ 

တည်းဖြတ် - HP

#မြေလတ်အသံ

#မန္တလေး #ငါန်းဇွန် #ရဲစခန်း #လေ‌ကြောင်း #ပစ်ကူ #တော်လှန်ရေးတပ် #ပြန်ဆုတ် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10