သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်မှာ စစ်ကောင်စီလက်အောက်ခံရဲတပ်သား ၁ ဦး လက်နက်ခဲယမ်းတွေနဲ့ ဘက်ပြောင်းခိုလှုံလာတယ်လို့ Southern YSO PDF က ဇန်နဝါရီ ၇ ရက်မှာသတင်းထုတ်ပြန်လာပါ တယ်။
အသက် ၁၉ နှစ်အရွယ် ရဲတပ်သားနေသူအောင်ဟာ ညောင်ဦးမြို့ရှိ ကုတင် ၁၀၀ ဆေးရုံမှာတာဝန်ကျနေစဥ် တော်လှန်ရေးတပ်ဖွဲ့ဝင်တွေနဲ့ချိတ်ဆက်ပြီး ဇန်နဝါရီ ၄ ရက်မှာ ခိုလှုံလာတာလို့ ဆိုပါတယ်။
“ကျနော်တို့ Southern YSO PDF ကို ချိတ်ဆက်ပြီး ဇန်နဝါရီ ၄ ရက် လွတ်လပ်ရေးနေ့မှာ ရောက်အောင်လာမယ်ဆိုပြီး ချိတ်ဆက်တော့ ကျနော်တို့က ရအောင်သွားခေါ်ခဲ့တယ်၊ သူက ပခုက္ကူဘက်မှာတာဝန်ကျလိုက် ညောင်ဦးဘက်မှာ တာဝန်ကျလိုက်ဆိုတော့ ဒီဘက်(ညောင်ဦး)မှာတာဝန်ကျတာ ၃ လလောက် ရှိပါပြီ” လို့ Southern YSO PDF တာဝန်ခံ ဗိုလ်အောင်မောင်းက ပြောပါတယ်။
ရဲတပ်သားနေသူအောင်ဟာ မိတ္ထီလာမြို့ ရဲတပ်ရင်း ၃၅ ကဖြစ်ပြီး ပခုက္ကူမြို့နယ်နဲ့ ညောင်ဦးမြို့နယ်ကို ကူးပြောင်းတာဝန်ထမ်းဆောင်နေရသူဖြစ်ကာ ပြည်သူကိုစော်ကားနှိမ့်ချနေတဲ့ စစ်အာဏာရှင်လက်အောက်မှာ တာဝန်မထမ်းဆောင်နိုင်လို့ ခုလိုဘက်ပြောင်းခိုလှုံလာတာဖြစ်ကြောင်း ရဲတပ်သားရဲ့ ပြောပြချက်ကို ဗိုလ်အောင်မောင်းက ပြန်ပြောပြပါတယ်။
81 (ခေါ်) ပါရီး သေနတ် ၁ လက်၊ ကျည်ဘောက် ၂ ခု၊ ၇.၆၂ ကျည် ၅၀ တောင့်ပါ အတူပါလာတဲ့အတွက် ကျပ်သိန်း ၄၀ ဆုချီးမြှင့်ပေးထားပြီး သူနေထိုင်ချင်တဲ့နေရာကို လုံခြုံစွာပို့လိုက်ပြီလို့ ဆိုပါတယ်။
စစ်အာဏာသိမ်းချိန်ကနေ အခုနှစ် ဇန်နဝါရီ ၇ ရက်အထိ Southern YSO PDF အဖွဲ့ဆီကို ဘက်ပြောင်းခိုလှုံလာသူ ရဲတပ်သားနဲ့ စစ်ကောင်စီတပ်သား စုစုပေါင်း ၂၀ ဦးကျော်ရှိပြီလို့ အဲ့ဒီအဖွဲ့ဆီကသိရပါတယ်။
စာတည်း - လင်း
#မြေလတ်အသံ
#ညောင်ဦး #ရဲတပ်သား #ဘက်ပြောင်းခိုလှုံ
Share Share Share