၃၈၀၃ တပ်ရင်းရဲ့အပတ်စဥ် ၂ အခြေခံစစ်သင်တန်းဆင်းပွဲပြုလုပ်

၃၈၀၃ တပ်ရင်းရဲ့အပတ်စဥ် ၂ အခြေခံစစ်သင်တန်းဆင်းပွဲပြုလုပ်

ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင်အတွင်းမှာ သာယာဝတီခရိုင်တပ်ရင်း ၃၊ ၃၈၀၃ တပ်ရင်း၊ Myanmar Defense Force တပ်ဖွဲ့ရဲ့အပတ်စဥ် ၂ အခြေခံစစ်ပညာသင်တန်းဆင်းပွဲကို ဇန်နဝါရီ ၃ ရက်မှာပြုလုပ်ခဲ့တယ်လို့ အဲ့ဒီတပ်ဖွဲ့ဆီကသိရပါတယ်။ 

သင်တန်းကို နိုဝင်ဘာ ၄ ရက်ကနေ ဒီဇင်ဘာ ၃၁ ရက်အထိ ၁ လခွဲသင်တန်းပေးခဲ့ပြီး သင်တန်းသား ၅၀ ဦးနဲ့ သင်တန်းသူ ၂၀ ဦး တက်ရောက်ခဲ့ကြတယ်လို့ Myanmar Defense Force တပ်ရင်းမှူး ဗိုလ်စောဂျိမ်းစ် က ပြောပါတယ်။ 

သင်တန်းကာလအတွင်း Myanmar Defense Force မှ သင်တန်းမှူးတွေက တိုက်ခိုက်ရေး၊ တောတွင်းနေထိုင်မှု၊ အခြေခံဆေးဝါးကျွမ်းကျင်တို့ကို အဓိကသင်ကြားပေးခဲ့တယ်လို့ ဆိုပါတယ်။

သင်တန်းဆင်းပွဲမှာ အထူးချွန်ဆုံး ၂ ဆုနဲ့ ဇွဲအကောင်းဆုံး ၁ ဆုပေးခဲ့ပြီး သင်တန်းသားတချို့ကို လက်နက်တပ်ဆင်ပေးခဲ့တယ်လို့ တပ်ရင်းမှူး ဗိုလ်စောဂျိမ်းစ်က ပြောပါတယ်။

အခြေခံစစ်ပညာ အပတ်စဉ် ၂ သင်တန်းဆင်းပွဲကို သာယာဝတီခရိုင်အတွင်းရှိ တပ်ရင်း၊ တပ်ဖွဲ့၊ တပ်ခွဲတွေမှ တပ်ဖွဲ့ဝင်တွေ၊ 96 Soldiers တပ်ဖွဲ့တာဝန်ခံတွေ၊ Asho Chin Defence Force တပ်ဖွဲ့ဝင်တွေ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

Myanmar Defense Force အဖွဲ့ဟာ သာယာဝတီခရိုင်အပြင် စစ်ကိုင်းတိုင်းအတွင်းမှာလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို တော်လှန်တိုက်ခိုက်နေတဲ့ တပ်ဖွဲ့တခုဖြစ်ပါတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#ပဲခူး #သာယာဝတီ #သင်တန်းဆင်းပွဲ #၃၈၀၃တပ်ရင်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10