တိုက်ပွဲတွေဖြစ်လာနိုင်တာကြောင့် စလင်းမြို့ခံနဲ့ ဝန်ထမ်းတွေကို စစ်ကောင်စီကရှောင်ခိုင်း

တိုက်ပွဲတွေဖြစ်လာနိုင်တာကြောင့် စလင်းမြို့ခံနဲ့ ဝန်ထမ်းတွေကို စစ်ကောင်စီကရှောင်ခိုင်း

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့ပေါ်မှာ စစ်ကောင်စီတပ်နဲ့ကာကွယ်ရေးတပ်တွေ တိုက်ပွဲဖြစ်လာနိုင်တာကြောင့် မြို့ခံနဲ့ဝန်ထမ်းတွေကို ရှောင်ခိုင်းထားတယ်လို့ စလင်းမြို့ခံတွေဆီက သိရပါတယ်။ 

စလင်းမြို့ပေါ်မှာ ရုံးတွေပိတ်ထားတယ်လို့သိရပြီး ဇန်နဝါရီ ၅ ရက်ကစကာ ဝန်ထမ်းမိသားစုတွေနဲ့ အရပ်သားတွေကိုလည်း ရှောင်ခိုင်းနေတယ်လို့ စလင်းမြို့ခံတဦးက ပြောပါတယ်။ 

စလင်းမြို့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက မြို့ပေါ်တက်သိမ်းမှာတွေရှိတဲ့အပြင် ထိတွေ့တိုက်ပွဲရှိလာနိုင်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ထွေအုပ်ရုံးတို့ ရဲစခန်းတို့ကဝန်ထမ်းတွေနဲ့ မြို့ခံပြည်သူတွေကို စစ်ကောင်စီက ရှောင်းခိုင်းနေတာလို့ ပြောပါတယ်။ 

"ဝန်ထမ်းမိသားစုတွေက အဓိကရှောင်ခိုင်းပြီးတော့ အရပ်သားတွေကိုလည်း ရှောင်ခိုင်းတယ်။ လက်ရှိကတော့ မြို့ပေါ်မှာ ရုံးတွေပိတ်ထားပြီလို့ကြားတယ်ဗျ။ ကျနော်တို့လည်း အသွားအလာမလုပ်ရဲဘူး။"လို့ မြို့ခံတဦးကဆိုပါတယ်။ 

ဒီနေ့မနက်ပိုင်းမှာ စလင်းမြို့အထွက်က ကြိမ်မြောင်းရွာအနီးမှာ မိနစ် ၂၀ ဝန်းကျင်ခန့် တိုက်ပွဲဖြစ်ပွါးပြီး လက်နက်ကြီးသံတွေလည်း ကြားခဲ့ရပါတယ်။ ပစ်ခတ်မှုဖြစ်ပြီးချိန် ကြိမ်မြောင်းရွာအနီးမှာ လမ်းသွားလမ်းလာအချို့ကို စစ်ကောင်စီကစစ်ဆေးတာ၊ ဖုန်းတွေသိမ်းတာတွေလုပ်တယ်လို့ ဆိုပါတယ်။ 

စစ်ကောင်စီဟာ ကြိမ်မြောင်းရွာမှာလက်နက်ကြီးအထိုင်ချထားကာ ရွာတွေကိုလှမ်းပစ်တာတွေလုပ်ပြီး လက်ရှိအချိန်မှာတော့ ကာကွယ်ရေးတပ်တွေရှိတဲ့ စလင်းမြို့ရဲ့အနောက်ဘက်ကို စစ်ကြောင်းထိုးနေတယ်လို့ သိရပါတယ်။ 

စာတည်း - ကိုချမ်း

#မြေလတ်အသံ 

#မကွေးတိုင်း #စလင်း #စစ်ကောင်စီ #ကြိမ်မြောင်း #ထွေအုပ်ရုံး #ရဲစခန်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10