သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
မန္တလေးတိုင်း၊ တောင်သာမြို့နယ်မှာတာဝန်ကျနေတဲ့ ရဲတပ်သား ၂ ဦး လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတယ်လို့ တောင်သာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီကသိရပါတယ်။
အဆိုပါရဲတပ်သား ၂ ဦးဟာ ဇန်နဝါရီ ၁ ရက်မှာ G3 ၁ လက်၊ ကျည် ၁၀၅ တောင့်၊ အူစီ ၁ လက်၊ ကျည် ၁၈ တောင့်ယူပြီး အလင်းဝင်လာတာကြောင့် ၁ ဦးကိုကျပ်သိန်း ၅၀ ဆုချခဲ့တယ်လို့ ဆိုပါတယ်။
“အလင်းဝင်လာတဲ့ အကြောင်းအရင်းကတော့ သူတို့တာဝန်ထမ်းဆောင်နေရတဲ့ စစ်ကောင်စီရဲ့ အကြမ်းဖက်လုပ်ရပ်တွေကို မနှစ်သက်သာကြာပြီလို့ပြောတယ်၊ အခွင့်အလမ်းမသာလို့ ဒီဘက်ကို မကူးပြောင်းသေးတာ၊ အခုအခွင့်အလမ်းသာတာနဲ့ လွတ်လမ်းရတာနဲ့ ဒီဘက်ကိုဆက်သွယ်ပြီး ရောက်လာတာ၊” လို့ တောင်သာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ရှိသူက ပြောပါတယ်။
အဲ့ဒီရဲတပ်သားတွေကို တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက တနေရာတည်းမှာသွားရောက်ခေါ်ဆောင်ခဲ့တာဖြစ်ပြီး သူတို့နဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ လုံခြုံရေးအရဖော်ပြလို့မရသေးဘူးလို့ ဆိုပါတယ်။
စစ်အာဏာသိမ်းချိန်ကနေ လက်ရှိအချိန်ထိ တောင်သာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီကို စစ်ကောင်စီတပ်သား ၂ ဦး နဲ့ ရဲတပ်သား ၉ ဦး အလင်းဝင်ထားတယ်လို့ တောင်သာပကဖ တာဝန်ရှိသူက ပြောပါတယ်။
စာတည်း - လင်း
#မြေလတ်အသံ
#တောင်သာ #ပကဖ #ရဲတပ်သား #အလင်းဝင်
Share Share Share