သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
ချင်းပြည်နယ်၊ မင်းတပ်မြို့သိမ်းတိုက်ပွဲကပြန်လာတဲ့ မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း ၃ Chindwin Attack Force က တပ်ဖွဲ့ဝင်တွေကို ဒေသခံတွေက ဇန်နဝါရီ ၃ ရက်မှာ ဂုဏ်ပြုကြိုဆိုခဲ့ကြတယ်လို့ အဲ့ဒီအဖွဲ့ရဲ့ဘဏ္ဍာရှာဖွေရေးတာဝန်ခံ သစ်တော ဆီက သိရပါတယ်။
မုံရွာခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း ၃ တပ်ဖွဲ့ဝင်တွေဟာ ချင်းပြည်နယ်၊ မင်းတပ်မြို့ ခလရ ၂၇၄ စခန်းသိမ်းတိုက်ပွဲကအပြန် ဇန်နဝါရီ ၃ ရက်မနက်ပိုင်းမှာ မုံရွာမြို့နယ်အတွင်း ကျေးရွာ ၂ ရွာက ဒေသခံပြည်သူ ၃၀၀ ကျော်က ကြိုဆိုခဲ့တာလို့ ဆိုပါတယ်။
မုံရွာခရိုင် တပ်ရင်း ၃ က တပ်ဖွဲ့ဝင် ၆၀ ဦးကို စစ်ကူအဖြစ်စေလွှတ်ခဲ့တာဖြစ်ပြီး ကျဆုံးခဲ့တဲ့ တပ်ဖွဲ့ဝင် ၇ ဦးကိုတော့ မင်းတပ်မြို့မှာပဲ သင်္ဂြိုဟ်ခဲ့တယ်လို့ ကိုသစ်တောက ပြောပါတယ်။
ကျဆုံးတပ်ဖွဲ့ဝင်တွေရဲ့အရိုးပြာကို မိခင်တပ်ရင်းဆီပြန်သယ်လာခဲ့ပြီး ဂူဗိမ္မာန်ပြုလုပ်ပေးသွားမယ်လို့လည်း ဆိုပါတယ်။
ချင်းညီနောင်စစ်ဆင်ရေးအဖြစ် နိုဝင်ဘာ ၉ ရက်မှာ မင်းတပ်မြို့သိမ်းတိုက်ပွဲကိုစတင်ခဲ့ပြီး ဒီဇင်ဘာ ၂၁ ရက်မှာတော့နောက်ဆုံးလက်ကျန်စခန်းတခုဖြစ်တဲ့ ခလရ ၂၇၄ စခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေက သိမ်းပိုက်နိုင်ခဲ့ပြီးနောက် မြို့ကိုအလုံးစုံထိန်းချုပ်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
တည်းဖြတ် - HP
#မြေလတ်အသံ
#မင်းတပ် #တိုက်ပွဲ #CAFတပ်ရင်း #ပြည်သူ #ကြိုဆို
Share Share Share