Danger

မုံရွာ၊ စက်မှုဇုန်ထဲမှာ ၃ နေရာခွဲပြီး ပိုက်ဆံတောင်းနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ တိုက်ခိုက်ခံရ

“ ကျနော်တို့ ၃ ဖွဲ့ခွဲပြီး ပစ်ခတ်တိုက်ခိုက်ခဲ့တာ၊ စက္ကန့်ပိုင်းပဲကြာတယ်၊ သူတို့အချင်းချင်း စက်နဲ့ပေါက်နေတာ လင်းယုန်အဖွဲ့ တိုက်ခိုက်ခံရတယ်ဆိုပြီး ၅ ဦးထိထားတယ်ဆိုတာတော့ သူတို့ပြောနေတာကြားရတယ်၊ သေတာက ၃ ဦးပါ၊ သူတို့နယ်ထဲဆိုတော့ ကျနော်တို့လည်းပစ်ပြီး ပြေးရတာ”

သာဂေါင်ရွာမှာတပ်စွဲခဲ့တဲ့စစ်ကောင်စီစစ်ကြောင်းက ရွာကိုမီးရှို့ပြီး ဒေသခံ ၆ ဦးကိုပါခေါင်းဖြတ်၊ မီးရှို့သတ်ခဲ့

“သူတို့ပြန်ထွက်သွားတဲ့အချိန်မှာ နှိပ်စက်ဖမ်းဆီးမီးရှို့သတ်ဖြတ်သွားတဲ့ ရုပ်အလောင်း ၆ လောင်းကိုတွေ့ရတယ်၊ သတ်တာတော့ ဘယ်အချိန်သတ်တယ်ဆိုတာတော့ မသိရဘူး၊ သူတို့ အထိုင်ချသွားတဲ့ ရက်အတွင်းမှာ အားလုံး ၆ ဦးအသတ်ခံရတယ်၊ ၁ ဦးကတော့ ခေါင်းဖြတ်ပြီးတော့ မီးရှို့ထားတယ်၊ ခေါင်းကိုတော့ အိမ်ခြံစည်းရိုးမှာ ချိတ်ထားတာ၊”

မြောင်မှာ စစ်ကောင်စီတပ်က နေအိမ် ၈၀ ဝန်းကျင်ကိုမီးရှို့ပြီး ပြည်သူ ၆ ဦးကိုသတ်ဖြတ်

“နေအိမ်က ၈၀ ဝန်းကျင်လောက် မီးရှို့ခံလိုက်ရတယ်။ ပြည်သူ ၆ ဦးကိုလည်း သတ်သွားတယ်။ အသတ်ခံရတာကတော့ အမျိုးသမီး ၁ ဦးနဲ့ အမျိုးသား ၅ ဦးပါ။ အမည်တွေတော့ အတိအကျမရသေးဘူး။ ရုပ်တွေက မပေါ်တော့ဘူး။ ဘယ်သူဘယ်ဝါဆိုတာလည်း စုံစမ်းစဲပါ”

ဆင်ဖြူကျွန်းမှာ စစ်ကြောင်းလှည့်ထိုးနေတဲ့စစ်ကောင်စီတပ်က ကုက္ကိုတန်းရွာကို မီးလောင်ဗုံးနဲ့ပစ်လို့ ရွာလုံးကျွတ်နီးပါးနေအိမ်တွေမီးလောင်

မကွေးတိုင်း၊ စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့နယ်အတွင်း လှည့်ပတ်စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့က ကုက္ကိုတန်းကျေးရွာကို မီးလောင်ဗုံး၊လက်နက်ကြီးတွေနဲ့ပစ်ခတ်လို့ နေအိမ် ၃၀၀ ခန့် မီးလောင်ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

တောင်တွင်းကြီးမှာ အုပ်ချုပ်ရေးမှူးဟောင်း ပစ်သတ်ခံရ

“ညာတောကျေးရွာကနေ ဆပ်သွားရွာကိုအသွား ရွာအထွက်မြေနီလမ်းဖွင့်ဖြိုးရေးလမ်းပေါ်မှာ ရှင်းလင်းခဲ့တာ၊ ဦးခေါင်းကိုပဲ ၂ ချက်ပစ်ခတ်ခဲ့တာ။”

မလှိုင်မှာဆက်ကြေးကောက်နေတဲ့ ရဲ ၂ ဦး ပစ်ခတ်ခံရပြီးသေဆုံး

“မလှိုင်မြို့နယ် မနောကန်ရဲစခန်းက ကောင်တွေပါ၊ အဲ့ဒီဂိတ်က ကြာလှပြီ၊ ဘယ်သူမှမလုပ်နိုင်ဘူး၊ ဂိတ်ရဲ့ဘေးဘက်မှာ ကင်းပုန်းတွေချပြီး ၂ ကောင်လောက်ကထွက်ထွက်ပြီး ဆက်ကြေးကောက်တာ၊ ဂိတ်မှာက အင်အားအကုန်မနေဘူး၊ ရှိတဲ့အင်အားကို ကင်းပုန်းအနေနဲ့ဖြန့်ထားတာ၊ ၂ ဦးလုံးအနားမှာပဲ ပွဲချင်းပြီးသေတယ်၊”

ဆင်ဖြူကျွန်း၊ နေပူကန်ရွာက နေအိမ် ၈၀ ကျော်ကို စစ်ကောင်စီတပ်တွေ မီးရှို့

“ဘာကြောင့်မီးဝင်ရှို့တာတော့ မသိရဘူး၊ အိမ်ခြေ ၇၀၊ ၈၀ လောက် မီးလောင်သွားတယ်။ နည်းနည်းတော့ ကျန်သေးတယ်၊ စစ်ရှောင်တွေကတော့ တောထဲမှာနေရတာ၊ မနေ့ကအထိ ၁၇ ရွာ စစ်ရှောင်နေရပြီး အခုဆိုရင် အုတ်ရှစ်ကုန်းရွာ၊ ကန်တော်ရွာ၊ နွားတပ်ရွာတို့က ပြည်သူတွေလည်း စစ်ရှောင်နေရတယ်”

နွားထိုးကြီးတိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၇ ဦးသေဆုံး၊ အရာရှိ ၂ ဦးအပါ ၁၄ ဦး အရှင်ဖမ်းမိ (ရုပ်/သံ)

<iframe width="853" height="480" src="https://www.youtube.com/embed/lR3YndEcfZc" title="နွားထိုးကြီးတိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၇ ဦးသေဆုံး၊ အရာရှိ ၂ ဦးအပါ ၁၄ ဦး အရှင်ဖမ်းမိ" frameborder="0" allow="accelerometer; autoplay; clipboard-write; encrypted-media; gyroscope; picture-in-picture; web-share" referrerpolicy="strict-origin-when-cross-origin" allowfullscreen></iframe>

ဆင်ဖြူကျွန်းမှာ စစ်တပ်ကအင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးမီးရှို့နေလို့ ဒေသခံ ၁၀,၀၀၀ ကျော် ထွက်ပြေးနေရ

“ကျပင်းရွာကတ္တရာလမ်းရဲ့ အနောက်က နေအိမ်တွေကိုမီးရှို့တာပါ။ တခြားဆုံးရှူံးမှုတွေကတော့ ဘာမှမရှိသေးဘူး။ လတ်တလောအနေနဲ့ တောတိုက်တွေထဲမှာ ရှောင်နေကြရတယ်။ ကျပင်းရွာက အုပ်ကြီး(အုပ်ချုပ်ရေးမှူး)ကလည်း ရှောင်နေရတယ်။ သူ့အနားလည်း ပြည်သူ ၈၀ လောက်ရှိတယ်။ နောက်ထပ် ၃/၄ ရက်လောက်ဆိုရင်တော့ ရိက္ခာကမလောက်နိုင်တော့ဘူး။”

PDF တွေကို စိန်ခေါ်တဲ့ နတ်ထမင်းကျေးရွာရာအိမ်မှူး သေနတ်ပစ်ခတ်ခံရပြီးသေဆုံး

“နတ်ထမင်းရွာက ရာအိမ်မှူးအငယ်လေး အိမ်ထဲမှာထိုင်နေတဲ့အချိန် ကျနော်တို့ ပူးပေါင်းရဲဘော်တွေနဲ့ အိမ်ထဲဝင်ပြီး ခေါင်းတည့်တည့်ကို ကျည် ၃ ချက်ပစ်တာ ပွဲချင်းပြီး သေပါတယ်။ ကျနော်တို့လည်း စစ်**ဂိတ် တော်တော်များများကိုဖြတ်ပြီး ရှင်းလင်းခဲ့ရတာလို့"

ရေစကြိုမှာ ကားစပါယ်ယာ ၁၄ ဦး လူသားဒိုင်းအဖြစ် ဖမ်းဆီးခံရ

“ရေစကြိုမြို့ကနေ ပခုက္ကူမြို့ကိုထွက်တဲ့ ကားက ၄ လိုင်းရှိတာ။ တနေ့ကို ကားအစီးရေ ၃၀ ကျော်လောက်ထွက်တယ်။ ပေါင်မုန့်ကားလေးတွေပါ။ မြို့မေတ္တာ၊ ရွှေသလ္လာမန်း၊ ချင်းတွင်းဧရာ၊ သလ္လာဝတီ ကားလိုင်းတွေထဲက ချင်းတွင်းဧရာ၊ သလ္လာဝတီ၊ ရွှေသလ္လာမန်း ကားတွေပေါ်က စပယ်ယာ ၁၄ ဦးကို စစ်ကောင်စီက ဖမ်းဆီးထားတယ်။”

တပ်မ ၉၉ က စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ဦး လက်နက်ခဲယမ်းတွေနဲ့ ဘက်ပြောင်းခိုလှုံ

“အမည်ကတော့ သူ့လုံခြုံရေး သူ့မိသားစုအနေအထားကြောင့် ပြောလို့အဆင်မပြေလို့ပါ။ သူကတော့ တပ်ထဲမှာ မနေချင်တာပါပဲ၊ ပြည်သူ့ဘက်မှာနေချင်တယ်၊ ပြည်သူ့ဘက်ကို ခိုလှုံချင်တယ်။ ကျနော်တို့ တပ်ရင်းနဲ့ပူးပေါင်းပြီးတော့ ဆက်လက်လုပ်ဆောင်သွားမှာရှိပါတယ်”

နမခက စစ်ကား ၂ စီး တိုက်ခိုက်ခံရလို့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၇ ဦးသေဆုံး (ရုပ်/သံ)

“သံပြားကာကား ၂ စီးလုံးကို တိုက်ခိုက်ခဲ့တာ။ ၂ စီးထဲက **၁၂ ကောင်ကို ဘက်စုံ(လမ်းကွေ့)ဘက်မှာ ချပြီးတော့ ဆက်မောင်းလာတာ။ သံပြားကာကားပေါ်မှာက အနည်းဆုံး ၅၀ ခန့်ပါတယ်။ ၁၂ ကောင်လျော့မယ်ဆိုရင် အင်အားက ၃၀ ကျော်နဲ့ ၄၀ ကြားပါတယ်။ တိုက်ခိုက်တဲ့အချိန် ထွက်ပြေးတာ လည်းရှိတယ်။ ကျနော်တို့ သိရတာက ၁၇ ဦးသေတယ်။”

ခလရ ၂၅၈ က စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ဦး သေနတ် ၁ လက်နဲ့ ဘက်ပြောင်းခိုလှုံ

မကွေးတိုင်း၊ ရေစကြိုမြို့နယ် ခလရ ၂၅၈ တပ်မှာ တာဝန်ကျနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ဦး သေနတ် ၁ လက်ယူပြီး ဘက်ပြောင်းခိုလှုံလာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြိုမြို့နယ် အဖွဲ့ဆီက သိရပါတယ်။

ဆင်ဖြူကျွန်းမှာ စစ်ကောင်စီက တင့်ကားတွေအပါ အင်အားရာကျော်နဲ့ တပ်ဖြန့်ထား

“သရက်ချဉ် ဘုန်းကြီးကျောင်းကနေ ရမ်းဘိုကုန်းရွာထိပ်အထိ ကင်းပုန်းဝပ်ပြီး တပ်ဖြန့်နေကြတာ။ လက်ရှိတော့ ဘာမှမလုပ်သေးကြဘူး။”

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10