ဖမ်းဆီးခံရပြီး စစ်ကောင်စီတပ်သားသစ်ဖြစ်လာသူ ၂ ဦး ဘက်ပြောင်းခိုလှုံ
“သူတို့ပြေးလာတာကတော့ မနက်အစောကြီး ၄ နာရီခွဲ၊ ၅ နာရီလောက်က။ ကျနော်တို့သွားခေါ်တဲ့အခါကျတော့ ၈ နာရီခွဲလောက်တော့ရှိပြီ။ လက်နက်ခဲယမ်းကတော့ ဘာမှမပါဘူး၊ သူတို့လည်း ကိုယ်လွတ်ရုန်းလာရတာ။”
“သူတို့ပြေးလာတာကတော့ မနက်အစောကြီး ၄ နာရီခွဲ၊ ၅ နာရီလောက်က။ ကျနော်တို့သွားခေါ်တဲ့အခါကျတော့ ၈ နာရီခွဲလောက်တော့ရှိပြီ။ လက်နက်ခဲယမ်းကတော့ ဘာမှမပါဘူး၊ သူတို့လည်း ကိုယ်လွတ်ရုန်းလာရတာ။”
“ခေါင်းခန်းထဲမှာ လိုက်ခဲ့တဲ့တပ်ကြပ်ကြီးကတော့ တန်းပြီးတော့သေသွားတာ၊ မိုင်းဆွဲဆွဲချင်းမှာ၊ နောက်မှာပါတဲ့ ကောင်တွေကတော့ဒဏ်ရာရပေါ့၊ ကားကတော့ အဲ့နေရာမှာပဲ ပျက်စီးသွားတာ။”
“စခန်းမှူးသန်းလွင် ပစ်ခံလိုက်ရတာ၊ PDF အဖွဲ့က ၂ ဦး ဆိုင်ကယ်မရပ်ပဲနဲ့ ပစ်သွားတာ၊ ပစ်တာက တော်လှန်ရေးရဲမေကပစ်တာ၊ သေမှာပါ၊ နားထင်တေ့ပစ်သွားတာ၊ ၁ ချက်ထဲပစ်သွားတာ၊ ပစ္စတိုနဲ့ပစ်သွားတာ၊ အသံကတော့ စီပေါင်းပေါက်တဲ့အသံလောက်ပဲ”
"သူတို့က မဟာမိတ်အဖွဲ့ကိုချိတ်တာ ကျနော်တို့က ရှေ့ဆုံးနေရာမှာ သူတို့ကိုသွားခေါ်ပေးခဲ့တာ။ သူတို့က ပခုက္ကူ တပ်မ ၁၀၁ က ၂ ပွင့် ဗိုလ် ၁ ဦးနဲ့ ၁၀၁ တပ်နားက KTV ၁ ခုကိုသွားတာ။ အဲ့ဒီ ၂ ပွင့်ဗိုလ် မူးနေတဲ့အချိန် အစကတော့ သူတို့ကသတ်ပြီးပြေးမလို့တဲ့။ နောက်ထပ် သူ့ကောင်တွေရောက်လာတော့ သတ်လို့မရတာနဲ့ သူ့ဆီမှာရှိတဲ့လက်နက်ခဲယမ်းတွေယူပြီးတော့ ထွက်ပြေးလာတာ။"
“ သင်တန်းတက်ရောက်လာသူတွေကတော့ စစ်အာဏာရှင်ကိုတော်လှန်ချင်လို့ PDF ထဲကို စိတ်ပါဝင်စားစွာဝင်ရောက်လာတဲ့သူတွေဖြစ်ပြီး မင်းဘူးခရိုင်ထဲက တက်ရောက်လာကြတာဖြစ်တယ်။”
“ ကျနော်တို့က တခြားတပ်နဲ့ဆက်သွယ်ပြီးတော့ သူ့ကိုခေါ်ထုတ်ရတာ။ သူတို့အထိုင်ချထားတဲ့ အနီးနားအထိ သွားပြီး ခေါ်ထုတ်ခဲ့ရတာ။”
မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်နဲ့ မြိုင်မြို့နယ်အစပ်က လက်ပံတိုရေနံမှော်နဲ့ ရွာတွေကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ လူ ၁၃ ဦးထက်မနည်းသေဆုံးပြီး ဒဏ်ရာရသူတွေများပြားခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-မြိုင်မြို့နယ်ဆီက သိရပါတယ်။
ဗုံးကြဲတိုက်ခိုက်မှုကြောင့် လက်ပံတိုရေနံမှော်က ၆ ဦး၊ ဘော်ဘင်ရွာက ၄ ဦး၊ သရက်ကန်ရွာက ၃ ဦးအပါစုစုပေါင်း ဒေသခံအရပ်သား အမျိုးသား၊ အမျိုးသမီး ၁၃ ဦးထက်မနည်း သေဆုံးထားပြီး သေဆုံးသူတွေရဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ မသိရသေးပါဘူး။
“အခုဘယ်လောက်ထိ မီးလောင်ကုန်တယ် ဘယ်လောက်ဆုံးရှုံးတယ်ဆိုတာတော့ အတိအကျ မသိရသေးဘူး။ အဲ့ဒီအနားမှာ စစ်ကြောင်းကရှိသေးတော့ ကျနော်တို့ကပ်လို့မရသေးဘူး။ မြေစွန်းတော်ကျေးရွာက အိမ်ခြေ ၄၀၀ လောက်ရှိတယ်။”
“အဲ့ဒီရွာကို စစ်ကောင်စီက လက်နက်တပ်ဆင်ပေးထားတဲ့ ပြည်သူ့စစ်အိမ်တွေကို ပစ်မှတ်ထားပြီး တိုက်ခိုက်ခဲ့တာပါ။ တရွာလုံးကို တိုက်ခိုက်တာမဟုတ်ဘဲနဲ့ လက်နက်ကိုင်ထားတဲ့ ပျူစောထီးတွေကို ဝင်ရောက်သုတ်သင်ရှင်းလင်းတာပါ။ အဲ့ဒီရွာကို လက်နက် ၃၃ လက်တပ်ဆင်ပေးထားတာ။ အဲ့ဒီရွာမှာက ပျူစောထီးအင်အားက ၄၀ ကျော်နဲ့ ၅၀ ဝန်းကျင်မှာရှိပါတယ်။”
မကွေးတိုင်း၊ မကွေးမြို့တနေရာမှာ အခြေခံဆေးပညာသင်တန်းတက်ခဲ့တဲ့ မင်းဘူးခရိုင်အမှတ် ၂ တပ်ရင်းက တပ်ဖွဲ့ဝင် ၁၀ ဦးကို သင်တန်းဆင်းပွဲပြုလုပ်ပေးခဲ့တယ်လို့ မင်းဘူးခရိုင် အမှတ် ၂ တပ်ရင်းထံက သိရပါတယ်။
မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ချင်းတွင်းမြစ်အရှေ့ဘက် ရေလယ်ကျွန်းဒေသကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီခြေလျင်အင်အား ၂၀၀ ကျော်ကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ၃ ပွင့်ဗိုလ်အပါအဝင် ဒဏ်ရာရသူတွေနဲ့ ထိခိုက်သေဆုံးမှုတွေ အရှင်ဖမ်းဆီးမိတာတွေ ရှိခဲ့တယ်လို့ Myingyan Black Tiger-MBT မြင်းခြံခရိုင်တပ်ရင်း ၉ ဆီက သိရပါတယ်။
“စစ်ကောင်စီရဲ့ ဂျက်ဖိုက်တာနဲ့ Mi 35 တို့က ဝဲပြီးပတ်ပစ်ပေးတဲ့အတွက်ကြောင့် ကျနော်တို့ အကုန်လုံးကိုတော့ သုတ်သင်ရှင်းလင်းနိုင်ခြင်းမရှိဘူး။ တကယ်လို့ လေယာဉ်သာမပါဘူးဆိုရင် စစ်ကြောင်းတကြောင်းလုံးကို အမှုန့်ကြေသွားအောင်အထိ ကျနော်တို့ လုပ်နိုင်မဲ့အနေအထား ရှိပါတယ်။”
“ကျနော်တို့ နောက်ပိတ်ဆုံး ကြေးနီတင်လာတဲ့ တွဲကား ၄ စီးကို ပစ်ခဲ့တာ။ နောက်ပြန်ဆုတ်တဲ့အချိန်မှာ **ပါတဲ့ အိမ်စီးကား ၁ စီးကိုလည်း ပစ်ခတ်ခဲ့တယ်။ အိမ်စီးကားထဲမှာလည်း ** ၄ ကောင်ပါတယ်။ အဲ့ဒီအိမ်စီးကားလည်း ထိုးရပ်သွားတယ်။ အိမ်စီးကားပေါ်က ၂ ကောင်တော့ ပွဲချင်းပြီးသေသွားတယ်။ တွဲကားလည်း အဲ့ဒီအနားမှာရပ်သွားတာ၊ ပီတီထမင်းဆိုင်ရှေ့မှာ ရပ်သွားတယ်။ ၂ ကောင်ကတော့ ကားပေါ်တင် သေနေတာ။ ၁ ကောင်ကတော့ အောက်ဆင်းပြီး အပင်ဘေးမှာ သွေးတွေနဲ့ မှီနေတာ။”
မကွေးတိုင်း၊ ချောက်မြို့နယ်၊ အမှတ် ၃ ပြည်ထောင်စုလမ်းမကြီးပေါ်မှာ ချောက်မြို့နယ်ရဲစခန်းမှူး လိုက်ပါလာတဲ့ကားကို ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Chauk Guerrilla Force (C.G.F) ဆီက သိရပါတယ်။