Danger

တပ်မ ၃၃ က ထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရပြီး ၅ ဦးသေဆုံး

“နေ့လယ် ၁၂ နာရီလောက်က စဖြစ်တာ။ ညနေ ၃ နာရီအထိ တိုက်ပွဲဖြစ်ခဲ့တာ။ အပြန်အလှန်ပစ်ခတ်မှုတွေရှိခဲ့တယ်။ သူတို့ဘက်က အဆိပ်ငွေ့ဗုံးသီးတွေနဲ့ ပစ်ပါတယ်။ စစ်ကောင်စီဘက်က ** ၅ ကောင်လောက်သေတယ်။ ကျနော်တို့ ၁ ကောင်ကတော့ သွားကောက်နိုင်ခဲ့တယ်။ ကျနော်တို့ဘက်က ရဲဘော် ၁ ဦးကတော့ မစိုးရိမ်ရဒဏ်ရာရခဲ့ပါတယ်။”

ပေါ်တာဆွဲရာမှာဦးဆောင်ပါဝင်သူ အမျိုးသားတဦး ပစ်သတ်ခံရ

“သူ့ကို ၃ ချက်ပစ်ခတ်ခဲ့တယ်၊ ခေါင်းကိုပဲ နောက်ကနေ တည့်တည့်ပစ်ခဲ့တာ၊ အလောင်းကလည်း မြို့ပြင်တနေရာမှာဖြစ်လို့ သူတို့လာမယူနိုင်မှန်းသိလို့ မြေမြှုပ်သင်္ဂြိုဟ်ပေးခဲ့တယ်”

လေကြောင်းပစ်ကူကြောင့် အပြီးသတ်စခန်းမသိမ်းနိုင်ဘဲ ပြန်ဆုတ်ခဲ့ရတဲ့ လင်းဇင်းရဲစခန်းတိုက်ပွဲ (ရုပ်/သံ)

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တပ်စွဲထားတဲ့ လင်းဇင်းတိုက်နယ်ရဲစခန်းကို ဒေသခံကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ တွေက ဖေဖော်ဝါရီ ၃ ရက်မှာ တိုက်ခိုက်ခဲ့ကြတယ်လို့ သိရပါတယ်။

ပုလဲမြို့နယ်က စစ်ရှောင်အိမ်ထောင်စု ၄၀ ကျော်ကို စောင်ထောက်ပံ့

“ကျနော်တို့ နွေ၊ မိုး၊ ဆောင်း အဆင်ပြေအောင်လို့ စောင်တွေ သွားလှူပေးတာ၊ ကျနော်တို့ အိမ်ထောင်စု ၄၂ စုကို သွားရောက်လှူဒါန်းပေးခဲ့တာ၊ ၉ သိန်းခွဲဖိုးလောက်ရှိတယ်ဗျ၊ မနှစ်ကကတည်းက စစ်ဘေးရှောင်နေကြရတာ၊ အခုကျမှ စစ်ဘေးရှောင်သီးသန့်ဆိုပြီး နေရာတွေရှိတာ၊”

တိုက်ပွဲဇုံထဲက မန်းရွှေစက်တော်ဘုရားပွဲကို စစ်ကောင်စီကလုံခြုံရေးတိုးမြှင့်ပြီး ဖွင့်ပွဲလုပ် (ရုပ်/သံ)

ဘုရားပွဲဖွင့်ပွဲကို စစ်ကောင်စီမကွေးတိုင်းဝန်ကြီးချုပ် ဦးတင့်လွင် တက်ရောက်ခဲ့ပြီး ဖွင့်ပွဲပြုလုပ်ခဲ့တဲ့ ယမန်နေ့မနက်ပိုင်းမှာ ရွှေစက်တော်နဲ့အနီးတဝိုက်ကို လုံခြုံရေးတင်းကျပ်ခဲ့တယ်လို့ ဒေသခံတွေနဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

တိုက်ပွဲဇုံထဲက မန်းရွှေစက်တော်ဘုရားပွဲကို စစ်ကောင်စီကလုံခြုံရေးတိုးမြှင့်ပြီး ဖွင့်ပွဲလုပ် ■ အချိန်မရွေးတိုက်ပွဲတွေဖြစ်နိုင်လို့ ပြည်သူတွေအသွားအလာဆင်ခြင်သင့်ကြောင်း PDF အကြံပြု

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်နှင့် ငဖဲမြို့နယ်အစပ်ရှိ မန်းရွှေစက်တော် ဘုရားပွဲကို ဖေဖော်ဝါရီ ၂ ရက် မနေ့က စတင်ဖွင့်လှစ်ခဲ့တယ်လို့ စစ်တပ်ပိုင်မြဝတီရုပ်သံက မနေ့ညပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။

ယင်းမာပင်ခရိုင် တပ်ရင်း ၆ က မိုင်းထိကျဆုံးရဲဘော်ရဲ့ နောက်ဆုံးခရီး(ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင် ယင်းမာပင်မြို့နယ်အတွင်း အခြေပြုလှုပ်ရှားနေတဲ့ ယင်းမာပင်ခရိုင် တပ်ရင်း ၆ ရဲ့ တပ်ဖွဲ့ဝင် ၁ ဦးဟာ ပုလဲမြို့နယ်အင်မထီးပျူစောထီးရွာအနီးမှာ ကာကင်းပွိုင့်ကို‌စောင့်နေရင်း ပျူစောထီးတွေထောင်တဲ့ တိုက်မိုင်းထိပြီး ကျဆုံးသွားတယ်လို့ အဲ့ဒီအဖွဲ့ဆီက သိရပါတယ်။

ပွင့်ဖြူမှာတိုက်ပွဲတွေဖြစ်ပြီး နှစ်ဖက်တပ်ဖွဲ့နဲ့ အရပ်သားတွေသေဆုံးမှုရှိကာ အိမ်ခြေရာနဲ့ချီမီးလောင် ■ ကျေးရွာ ၁၅ ရွာခန့်က ဒေသခံ ၁၀,၀၀၀ ကျော်ထွက်ပြေးနေရ

“ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ရော့ကတ်တွေနဲ့ ထုတယ်။ မီးလောင်ဗုံးတွေနဲ့ ကြဲတယ်။ မဒဲမြောက်ရွာကိုကျပြီး ၃ ပုံ ၂ ပုံနေအိမ်တွေ မီးလောင်သွားပါတယ်။ ရှိသမျှ ကား၊ ဆိုင်ကယ်၊ အိမ်၊ တိုက်၊ သိုလှောင်ထားတဲ့ ဆန်၊ စပါး၊ ငရုပ်၊ ကြက်သွန်တွေ ဆုံးရှုံးပါတယ်။”

ခလရ ၂၅၃ ကထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သားသစ် ၂ ဦး(ရုပ်/သံ)

စစ်ကောင်စီရဲ့ အပတ်စဥ် ၅ စစ်မှုထမ်းသင်တန်းကိုတက်ခဲ့ပြီးနောက် မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် ခလရ ၂၅၃ ကိုအပို့ခံခဲ့ရတဲ့ စစ်ကောင်စီတပ်သား ၂ ဦးဟာ ဇန်နဝါရီ ၂၄ ရက်ညမှာ တပ်တွင်းထဲကနေထွက်ပြေးလာခဲ့ကြပါတယ်။

ရေစကြိုမြို့ ရုံးပေါင်းစုံရုံးဝန်းကို ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ တိုက်ခိုက်

“စစ်ကောင်စီတပ်သား ၂ ဦး ပေါင်ကိုထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ စစ်ကောင်စီတပ်သားရဲ့ ဇနီးကတော့ ဂုတ်ကိုမှန်ပြီးတော့ ထိခိုက်ခဲ့ပါတယ်။ စုစုပေါင်း ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။”

မြောက်ယမားချောင်းကို ပြည်သူတွေနဲ့ ကာကွယ်ရေးအဖွဲ့တွေ သွားလာဖို့လွယ်ကူအောင် ကျောက်လမ်းခင်း (ရုပ်/သံ)

ယင်းမာပင်မြို့နယ် ကျေးရွာ ၁၅ ရွာလောက်ကပြည်သူတွေ သွားလာရအဆင်ပြေအောင် ယင်းမာပင်ခရိုင်တပ်ရင်းတခုက မြောက်ယမားချောင်းကူး ကျောက်ခင်းလမ်းကို ခင်းပေးခဲ့ပါတယ်။

ကာကွယ်ရေးအဖွဲ့  နယ်မြေထဲဝင်လာတဲ့ စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရပြီး သေဆုံးထိခိုက်သူ များပြားဟုဆို (ရုပ်/သံ)

မကွေးတိုင်း၊ စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့၊ သရက်ချဉ်ကျေးရွာမှာ ‌ကာကွယ်ရေးအဖွဲ့တွေရဲ့ နယ်မြေထဲဝင်လာတဲ့ စစ်ကောင်စီစစ်ကြောင်း ၂ ရက်တာ တိုက်ခိုက်ခံရပြီး စစ်ကောင်စီဘက်က သေဆုံးသူတွေနဲ့ ဒဏ်ရာရသူ များပြားတယ်လို့ ဒေါင်းစစ်အောင် Local PDF ထံက သိရပါတယ်။

ဆင်ဖြူကျွန်းမြို့အနီးက ရွာ ၂ ရွာကို စစ်ကောင်စီမီးရှို့

မကွေးတိုင်း၊ စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့အနီးက အုန်းတောရွာနဲ့ ကညှပ်ရွာကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မီးရှို့နေတယ်လို့ ဒေသခံတွေနဲ့ ဒေါင်းစစ်အောင် Local PDF ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဆင်ဖြူကျွန်းမှာတိုက်ပွဲဖြစ်နေပြီး လက်နက်ကြီးဗုံးစထိမှန်လို့ အထက်တန်းကျောင်းသူ ၁ ဦး သေဆုံး ၄ ဦးဒဏ်ရာရ

အပြန်အလှန်ပစ်ခတ်မှုတွေအတွင်း ဇန်နဝါရီ ၂၈ ရက် မနေ့မနက် ၈ နာရီခန့်မှာ သရက်ချဉ်ရွာနဲ့ကပ်လျက် စလင်း-ဆင်ဖြူကျွန်း ကားလမ်းနံဘေးရှိ မိုးဝန်းကျေးရွာအတွင်း လက်နက်ကြီး ဗုံးသီးတွေကျရောက်ပေါက်ကွဲခဲ့လို့ ဆယ်ကျော်သက်အရွယ် ၁၀ တန်းကျောင်းသူ ၁ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ခလရ ၂၅၃ ကထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သားသစ် ၂ ဦး ကာကွယ်ရေးတပ်ဖွဲ့ဆီဘက်ပြောင်းခိုလှုံ

“သူတို့ ၂ ဦးက ခလရ ၂၅၃ တပ်ထဲကဝင်လာတာဗျ။ သင်တန်းအပတ်စဉ်လည်းအတူတူပဲပြောတယ်ဗျ၊ ဆက်သွယ်ပြီးအလင်းဝင်လာတာတော့မဟုတ်ဘူး၊ တပ်ထဲမှာ ဖုန်းသုံးရင်းနဲ့အလင်းဝင်ရတဲ့ ဌာနတွေကိုတွေ့တာလည်းဖြစ်တယ်၊ သူတို့ တပ်ထဲကနေထွက်ပြေးလာတာ၊ ၂ ညအိပ်ပြီး ကျနော်တို့ရဲ့ ဒေါင်းစစ်အောင် Local PDF ရဲ့ ပွိုင့်တွေနဲ့တွေ့ပြီး စောင့်ကြိုခေါ်ယူလာခဲ့တာ”

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10