သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
မကွေးတိုင်း၊ စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့အနီးက အုန်းတောရွာနဲ့ ကညှပ်ရွာကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မီးရှို့နေတယ်လို့ ဒေသခံတွေနဲ့ ဒေါင်းစစ်အောင် Local PDF ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
အင်အား ၂၀၀ ဝန်းကျင်ပါတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဇန်နဝါရီ ၃၀ ရက်ဒီမနက် ၁၀ နာရီခန့်မှာ ကား ၄ စီးနဲ့အတူ အုန်းတောရွာကိုဝင်ရောက်မီးရှို့ခဲ့ပြီးနောက် နေ့လယ် ၁၂ ခန့်မှာ ကညှပ်ရွာက နေအိမ်တွေကိုပါ ထပ်မံမီးရှို့ခဲ့တာပါ။
ကညှပ်ရွာကဒေသခံ လင်မယား ၂ ဦးကိုဖမ်းဆီးသွားတယ်လို့ ဆင်ဖြူကျွန်းမြို့ခံတဦးဆီကသိရပြီး မီးလောင်ပျက်စီးတဲ့အိမ်ခြေအရေအတွက်နဲ့ နောက်ဆက်တွဲအခြေအနေတွေကိုတော့ မြေလတ်အသံက ဆက်လက်စုံစမ်းနေပါတယ်။
ဒါ့အပြင်မီးရှို့ပြီးနောက် စစ်ကောင်စီစစ်ကြောင်းဟာ ကျောင်းကုန်းကျေးရွာကိုဝင်ပြီး ဒေသခံတွေရဲ့ပစ္စည်းတွေကိုလည်း ကားတွေနဲ့သယ်ယူသွားတယ်လို့ သိရပါတယ်။
အုန်းတော၊ ကညှပ်ရွာနဲ့ ကျောင်းကုန်းရွာ ၃ ရွာပေါင်းမှာ စုစုပေါင်းလူဦးရေ ၁,၆၀၀ ခန့်ရှိပြီး ဒေသခံတွေလည်း ရွာကနေ တိမ်းရှောင်နေကြရပါတယ်။
ဇန်နဝါရီ ၂၉ ရက်မနေ့ကနေ့လယ် ၁၀ နာရီလောက်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ကျောင်းကုန်းကျေးရွာက ဒေသခံတွေရဲ့ပစ္စည်းတွေကို တွဲကား ၂ စီးနဲ့ဝင်ပြီးသယ်သွားခဲ့သေးတယ်လို့ ဆင်ဖြူကျွန်းမြို့ခံတဦးက ပြောပါတယ်။
ဒါ့အပြင် ဇန်နဝါရီ ၂၈ ရက်နဲ့ ၂၉ ရက်မှာလည်း ဆင်ဖြူကျွန်းမြို့၊ သရက်ချဥ်ကျေးရွာအနီးမှာ စလင်းမြို့အခြေစိုက် ခလရ ၂၅၃၊ ၂၅၄၊ ၂၅၅ ကစစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တို့တိုက်ပွဲဖြစ်ခဲ့ပြီး တိုက်ပွဲအတွင်းပစ်ခတ်တဲ့လက်နက်ကြီးဗုံးစထိမှန်လို့ စလင်း-ဆင်ဖြူကျွန်း ကားလမ်းနံဘေးရှိ မိုးဝန်းကျေးရွာက ဆယ်တန်းကျောင်းသူ ၁ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
စာတည်း - လင်း
#မြေလတ်အသံ
#မကွေး #စလင်း #ကျေးရွာ #မီးရှို့
Share Share Share