Danger

ရေစကြိုနဲ့ မြိုင်မှာ တိုက်ခိုက်ခံရလို့ စစ်သား ၅ ဦးသေဆုံးဟုဆို  ■ သေနတ် ၃ လက်နဲ့ကျည်တွေကိုလည်း ကာကွယ်ရေးအဖွဲ့တွေ သိမ်းဆည်း

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်နဲ့ မြိုင်မြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက တိုက်ခိုက်ခဲ့ရာ ၅ ဦးသေဆုံးပြီး လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီက သိရပါတယ်။

ကပစ ၂၂ တပ်က ဘေးပတ်လည်ရွာတွေကို လက်နက်ကြီးနဲ့ပစ်ခတ်နေပြီး နေအိမ်ပေါ်ကျလို့ အမွှာညီအကိုအပါ မိသားစု ၅ ဦးသေဆုံး

“ ၁၂၀ မမ လက်နက်ကြီးလို့ ယူဆရတယ်။ အပြစ်မဲ့ပြည်သူ ၅ ဦးသေဆုံးပြီးတော့ ၃ ဦး ထိခိုက်ဒဏ်ရာရတယ်။ သေဆုံးထိခိုက်ဒဏ်ရာရသူတွေကတော့ မိသားစုဝင်ဆွေမျိုးသားချင်း‌တွေပါ။“

ဝဲလောင်တိုက်နယ်ရဲစခန်း တိုက်ခိုက်ခံရပြီး ရဲ ၃ ဦးသေ၊ လေကြောင်းပစ်ကူကြောင့် ရဲစခန်းကို မသိမ်းနိုင်ခဲ့ (ရုပ်/သံ)

မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ ဝဲလောင်တိုက်နယ်ရဲစခန်းကို ဇန်နဝါရီ ၂၁ ရက် နေ့လယ် ၂ နာရီဝန်းကျင်မှာ ဒေသခံကာကွယ်ရေးတပ်တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ဆီက သိရပါတယ်။

ပွင့်လင်းရွာတိုက်ပွဲမှာ အရာရှိ ၂ ဦးသေ၊ ၁၅ ဦးထက်မနည်းထိခိုက်သေဆုံးနိုင်ဟုဆို

“သူတို့‌ဖောကားပေါ်ကို နာနတ်သီး ၁ လုံးပစ်ထည့်ခဲ့တာ။ရှေ့ကကားကိုတော့ ပစ်မထည့်ဘူး။ နောက်ကလာတဲ့ ဖောကား ၁ စီးပေါ်ကို နာနတ်သီးပစ်ထည့်တာမှာ ပေါက်ကွဲတာ။ တော်တော်ပြင်းထန်လိုက်တယ်ပေါ့နော်။ သူတို့ဘက်ကလည်း ပစ်ခတ်မှုတွေရှိတယ်။ ကျနော်တို့ အပြန်အလှန်ပစ်ခတ်မှုတွေရှိခဲ့တယ်။ ဖောကား ၂ စီးနဲ့ပြန်လာတာ။ ကျနော်တို့သိရတာက ဝါဇီတပ်က စစ်သားတွေပါ။ သေသွားတဲ့ဗိုလ်ကလည်း ဝါဇီတပ်က ဗိုလ်လို့သိရတယ်။ ဗိုလ်အဆင့်ရှိတဲ့ အရာရှိ ၂ ဦးသေပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရတယ်။”

ဝါဇီငွေစက္ကူစက်ရုံနဲ့ အနီးရှိအထိုင်စခန်းတွေကို ကာကွယ်ရေးတပ်တွေတိုက်ခိုက်

“လက်ရှိကျနော်တို့ ကနဦးသတင်းရတာတော့ ဝါဇီစက်ရုံထဲမှာရှိတဲ့ အဆောက်အဦတွေ ထိမှန်ပျက်စီးတယ်၊ အထိုင်တပ်စခန်းတွေ ဒရုန်းနဲ့ဗုံးကြဲချတာတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အထိအခိုက်ရှိပြီး သေဆုံးမှုလည်းရှိတယ်၊ အရေအတွက်တော့အတိအကျမသိရသေးဘူး။”

စနိုက်ပါကျည်ထိပြီး ကျဆုံးခဲ့တဲ့ BLDF ရဲဘော်ကို ဂူသွင်းသင်္ဂြိုဟ် (ရုပ်/သံ)

ကျဆုံးသူဟာ အသက် ၂၄ နှစ်အရွယ် ကာကွယ်ရေးတပ်ဖွဲ့ဝင် ဇင်မျိုးလင်း (ခ) လင်းယုန်ဖြစ်ပြီး ဇန်နဝါရီ ၂၀ ရက် နေ့ခင်းပိုင်းမှာ စစ်ကောင်စီတပ်ဖွဲ့ကို တိုက်ခိုက်နေချိန် စနိုက်ပါကျည်ထိမှန်ပြီး ကျဆုံးခဲ့တာ ဖြစ်ပါတယ်။

ငါန်းဇွန်မှာ မိုင်းဆွဲခံရတဲ့ စစ်ကောင်စီ စစ်ကြောင်းက လူနေအိမ်တွေကို မီးရှို့ဖျက်ဆီး

“မိုင်းကွင်းထဲကို ဝင်လာတာက ၄ ကောင်ဝင်လာတယ်။ ၄ ကောင်ကတော့ အတုံးအရုန်းလဲသွားတယ်။ ချက်ခြင်းကြီးတော့ မသေဘူး။ မသေမရှင်ဖြစ်ပြီးတော့ မြို့သာဆေးရုံကို ပို့လိုက်တယ်။ ထိချက်က ပြင်းတော့ သေဖို့က များတယ်”

စစ်ကိုင်းတိုင်းမှာ စစ်ကောင်စီယာဉ်တန်းနဲ့ ပျူစောထီးတွေ တိုက်ခိုက်ခံရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်နဲ့ ချောင်းဦးမြို့နယ်ထဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပျူစောထီးတွေကို ဇန်နဝါရီ ၂၂ ရက်မနေ့ကတရက်တည်းမှာပဲ ဒေသခံကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက ကြားဖြတ် တိုက်ခိုက်ရာ ထိခိုက်သေဆုံးမှုတွေရှိခဲ့တယ်လို့ တိုက်ခိုက်မှုမှာပါဝင်တဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။

စစ်ကောင်စီကင်းစခန်းအနီး ပိတ်မိနေတဲ့ဒေသခံတွေကို PDF ခေါ်ယူစောင့်ရှောက်ထား

“သူတို့က ဘယ်လိုအခက်တွေနဲ့ စစ်ဘေးရှောင်လာရတာလည်းဆိုရင် စစ်တပ်ကင်းစခန်းနဲ့ ကျနော်တို့ ကြားထဲမှာ ပြည်သူတွေကကြားညပ်နေတာ၊ သူတို့က တောထဲမှာတဲတွေထိုးပြီးနေရတာ။ အဲ့ဒါကို ကျနော်တို့က သွားပြီးကယ်ထုတ်ခဲ့တာ။ သူတို့မှာဈေးဝယ်လို့လည်း အဆင်မပြေ၊ ဒုက္ခတွေ ရောက်နေလို့ ကျနော်တို့ဘက်ကို အကုန်‌လုံးခေါ်ခဲ့တော့တာ။”

မိုင်းမတော်တဆဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦး ကျဆုံး

“၁၇ ရက်နေ့ ညနေပိုင်းမှာပေါ့နော်၊ ရန်သူ့စစ်ကြောင်းသတင်းကြားလို့ သွားပြီးတော့ အဲ့ဒီမှာ မိုင်းသွားကာရင်း၊ မိုင်းသွားထောင်ရင်းနဲ့ မိုင်း Error တက်ပြီး ကျဆုံးခဲ့တာပါ။”

စစ်မှုထမ်းကြေးနဲ့ လျှပ်စစ်မီတာခ အဆမတန်ကောက်ခံနေတဲ့ အုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရပြီး သေဆုံး

“သူက အုပ်ချုပ်ရေးမှူးဖြစ်တာ ၁ နှစ်နီးပါးရှိပြီ။ စစ်ကောင်စီအလိုကျ စစ်မှုထမ်းကြေးကောက်တာ ၃ ကြိမ်ရှိပြီ။ ၁ အိမ်ကို ၃၀,၀၀၀ နှုန်းကောက်တယ်။ နေအိမ်ထဲစစ်ဆေးမေးမြန်းပြီး ဖောင်းဒိုင်း ၂ ချက် ပစ်ခဲ့တယ်။”

ဆိုင်ကယ်နဲ့ ကင်းလှည့်ထွက်လာတဲ့ စစ်ကောင်စီပူးပေါင်းတပ်ဖွဲ့ အနီးကပ်ပစ်ခံရပြီး ၄ ဦး သေဆုံး

ဇန်နဝါရီ ၁၈ ရက် မနေ့ည ၉ နာရီခန့်မှာ အုတ်တွင်းမြို့မှာတပ်စွဲနေတဲ့ စစ်ကောင်စီတပ်ဖွဲ့နဲ့ အုတ်တွင်းမြို့မရဲစခန်းက ရဲတပ်ဖွဲ့၊ အုန်းပင်ရွာအုပ်ချုပ်ရေးမှူး ပူးပေါင်းအင်အား ၇ ဦးဟာ မြို့နဲ့ ၂ မိုင်ခန့်အကွာ အုန်းပင်ကျေးရွာအုပ်စုကို ဆိုင်ကယ် ၄ စီးနဲ့ ကင်းလှည့်မောင်းနှင်လာစဉ် သံတိုင်ခင်ရွာအနီးမှာ အနီးကပ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

နွယ်တမယ်တံတားမှာကင်းကျနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တဦး ကာကွယ်ရေးတပ်ဖွဲ့ဆီ ဘက်ပြောင်းခိုလှုံ

“ကျနော်တို့နဲ့ ချိတ်ဆက်ပြီးဝင်လာတော့ မဟုတ်ဘူး။ သူကင်းစောင့်တဲ့နေရာကနေ ကင်းကျတဲ့အချိန်ထွက်ပြေးလာတာ။ ကျနော်တို့ရဲ့ ရှေ့ကင်းပုန်းက တွေ့တာဗျ။ တွေ့တဲ့အခါမှာ မေးတော့ ကျနော်အလင်းဝင်တာပါဆိုပြီး လက်ထောင်ပြီး အလင်းဝင်လာတာ။ ကျနော်တို့နဲ့ ချိတ်ဆက်ထားတာ မဟုတ်ဘူး။”

ဆင်လူးရွာကို PDF တွေဝင်တိုက်၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ဦးသေ၊ ၃၀ ခန့်ဒဏ်ရာရ (ရုပ်/သံ)

“အဲဒီရွာက ပျူစောထီးရွာဆိုတော့ ပေါက်-မြိုင်ဒရုန်းတပ်ဖွဲ့အင်အားစုတွေ၊ အဲ့ဘက်က ကာကွယ်ရေးတပ်ဖွဲ့ အင်အားစုတွေ ပေါင်းပြီး ဗုံးသီးချတိုက်ခိုက်ခဲ့တာ။”

တံတားဦးမှာ သေနတ်ကိုင်ပျူစောထီးခေါင်းဆောင်တဦး ပစ်ခတ်ခံရပြီး သေဆုံး

“ကျနော်ကတော့ ပထမ သူ့ကိုဖမ်းဆီးမဲ့ ရည်ရွယ်ချက်နဲ့သွားတာ။ အဲ့ဒီအချိန်မှာ သူကပြန်လည်ခုခံတဲ့အတွက် ရင်ဘတ်နဲ့မျက်နှာကို ပစ်ခတ်ပြီးတော့ ရှင်းလင်းခဲ့တာ။ MA 3 သေနတ်နဲ့ ၃ ချက်ပစ်ပြီး ရှင်းလင်းခဲ့တာ။”

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10