တပ်ဖွဲ့တည်ထောင်ခြင်း ၃နှစ်ပြည့်နဲ့အတူ ကျဆုံးရဲဘော် ၃ဦးအတွက် ဇရပ်ဆောက်လုပ်လှူဒါန်းပေး (ရုပ်/သံ)
အဲ့ဒီ့ဇရပ်ဟာ ရဲဘော် ၃ဦးကျဆုံးတဲ့ ရက်မှာပဲ စစ်ကောင်စီတပ်သားတွေက မီးရှို့သွားခဲ့တဲ့ ဇရပ်အဟောင်းတခုဖြစ်တယ်လို့ သိရပါတယ်။
အဲ့ဒီ့ဇရပ်ဟာ ရဲဘော် ၃ဦးကျဆုံးတဲ့ ရက်မှာပဲ စစ်ကောင်စီတပ်သားတွေက မီးရှို့သွားခဲ့တဲ့ ဇရပ်အဟောင်းတခုဖြစ်တယ်လို့ သိရပါတယ်။
“ တပြိုင်နက်တည်း တချိန်တည်း ဒီလိုမျိုးတိုက်လိုက်တော့ သူတို့ဘက်က အင်အားပြန့်ကွဲနေတဲ့ အနေအထားဖြစ်ပြီး တခြားနေရာတွေကို သူတို့ဘက်က မကူနိုင်ဘူး”
“ မိုင်းကွဲတဲ့အသံကြားပြီးတော့ ပွင့်ဖြူမြို့ရဲစခန်းက ရဲစခန်းမှူးနဲ့ ရဲတပ်သားတွေရောက်လာတာမှာ နောက်ထပ် ၁ ကြိမ် အဝေးထိန်းမိုင်း ၁ လုံးနဲ့ထပ်ခွဲလိုက်တာ ထိခိုက်ဒဏ်ရာရသူတွေများပါတယ် “
မကွေးတိုင်းအတွင်းမှာ မြစ်ခြေ-ကျွန်းချောင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တည်ထောင်ခြင်း ၃ နှစ်ပြည့် အထိမ်းအမှတ်အခမ်းအနားပွဲကို အောက်တိုဘာ ၁၉ ရက် မနေ့ကမနက်ပိုင်းမှာ ပြုလုပ်ခဲ့တယ်လို့ အဲ့ဒီအဖွဲ့ဆီက သိရပါတယ်။
ဒီအခမ်းအနားကို မနက် ၉ နာရီကနေ ၁၁ နာရီအထိပြုလုပ်ခဲ့ပြီး မြစ်ခြေ-ကျွန်းချောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ ဦးဆောင်သူတွေ၊ ပကဖ၊ ပအဖ၊ တော်လှန်ရေးတပ်ဖွဲ့တွေ၊ အမာခံထောက်ပို့တွေ၊ မြစ်ခြေ-ကျွန်းချောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ အပတ်စဉ် ၁ ရဲဘော်တွေ စုစုပေါင်းအင်အား ၇၀ ဦးလောက် တက်ရောက်ခဲ့ကြတယ်လို့ ဆိုပါတယ်။
ကွယ်လွန်သွားတဲ့ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ကို ရည်စူးပြီး မကွေးတိုင်း၊ ဆောမြို့နယ်၊ မြိုင်ရိပ်ဝေစစ်ရှောင်စခန်းမှာ သံဃာ ၂ ပါးကို နေ့ဆွမ်းကပ်တာနဲ့ စစ်ဘေးရှောင် ၈၀၀ ခန့်ကို ၁ ရက်စာ အာဟာရဒါနကုသိုလ်လုပ်ခဲ့တယ်လို့ အမေရိကန်နိုင်ငံအခြေစိုက် Yu & Tulip Foundation အဖွဲ့ဆီက သိရပါတယ်။
“စစ်တပ်ကို သတင်းပေးတဲ့အလုပ်လုပ်တယ်၊ သတင်းပေးတဲ့အချက်အလက်ကိုလည်း သိရတယ်၊ အရင်တုန်းက မြို့ပြပြောက်ကျားတွေ လှုပ်ရှားတုန်းကလည်း စစ်တပ်ကို တိုင်တာတွေလုပ်တယ်၊ အဲ့ဒါကြောင့် သူ့ကိုဓါးကောက်နဲ့ ထိုးပြီးရှင်းလင်းခဲ့တာ”
အဲဒီရဲစခန်းနဲ့ အထက ၁ စာသင်ကျောင်းအတွင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို အောက်တိုဘာ ၁၇ ရက် မနက် ၁ နာရီခန့်မှာ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ မီတာ ၁၅၀ အကွာက တပြိုင်နက် တိုက်ခိုက်ခဲ့ရာကနေ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့တာလို့ Moe Nyo Revolution Force M.N.R.F ရဲ့တပ်မှူး မိုးညိုက ပြောပါတယ်။
ကပစ ၁၇ က အင်အား ၃၀ ကျော်ပါ စစ်ကောင်စီခြေလျင်စစ်ကြောင်းကို အောက်တိုဘာ ၁၇ ရက် ၇ နာရီခွဲလောက်မှာ တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်က ၈ ဦးသေဆုံးကာ ၄ ဦးဒဏ်ရာရခဲ့ပြီး ဒီအရေအတွက်ကိုတော့ ဒေသခံတွေရဲ့ပြန်လည်ပြောပြချက်အရ အတည်ပြုနိုင်ခဲ့တာလို့ နေပြည်တော်စစ်ဒေသ ၉၀၃ တပ်ရင်း၊ ဂဠုန် PDF နတ်မောက် ခေါင်းဆောင် ဗိုလ်အောင်ဒင်က ပြောပါတယ်။
မန္တလေးတိုင်း၊ မြင်းခြံမြို့တနေရာမှာ Zero ပြောက်ကျားတပ်မဟာ တပ်ရင်း ၇ မြင်းခြံခရိုင်အဖွဲ့က အောက်တိုဘာ ၁၆ ရက် (သီတင်းကျွတ်လဆန်း ၁၄ ရက်) မှာ ဆီမီးပူဇော်ပွဲပြုလုပ်ခဲ့ကြပါတယ်။
“ရဲဘော်ကတော့ နည်းပါတယ်။ အရင်နှစ်တွေကတော့ သီတင်းကျွတ်လပြည့်မှာဆိုရင် အမြဲတမ်း ကျနော့်ကိုရဲဘော်တွေ ကန်တော့ကြတယ်။ အခုဟာက ZERO COLUMN 1,2,3 ကရဲဘော်တွေက တနေရာမှာ ရောက်နေပါတယ်။ လက်ရှိရဲဘော် ၃၀ ဦးလောက်နဲ့ ဖြစ်သလိုစီစဉ်ပြီးတော့ လုပ်လိုက်ရတာပါ။”
မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်အတွင်းက စစ်ကောင်စီတပ်သားတွေ မီးရှို့ဖျက်ဆီးသွားတဲ့ ဇရပ်ကို ကျဆုံးရဲဘော် ၃ ဦးအတွက်ရည်စူးပြီး ပြန်လည်တည်ဆောက်နေတယ်လို့ ကျားသစ်နက် တပ်မတော် - Black Leopard Army အဖွဲ့ဆီက သိရပါတယ်။
အောက်တိုဘာ ၁၄ ရက် ညနေ ၄ နာရီဝန်းကျင်မှာ ကင်းပုန်းဝပ်နေတဲ့ စစ်သားနဲ့ ပျူစောထီး ၃၀ ဦးခန့်ကို ကာကွယ်ရေးအဖွဲ့တွေက တိုက်ခိုက်ခဲ့တာလို့ Chindwin Toe Na Yar PDF ခေါင်းဆောင် ဗိုလ်မြကြီးက ပြောပါတယ်။
“ကျနော်တို့ထောင်ထားတဲ့ မိုင်းတွေကများတယ်၊ ကျနော်တို့ရှိသမျှမိုင်းတွေကို ထောင်ထားတာ၊ **တွေကပစ်ထားတဲ့ ၆၀ မမအဖူးတွေ၊ မကွဲတာတွေနဲ့ ကပ်ထောင်ထားတာတော့ မိုင်းအရေအတွက်က တော်တော်များတယ်၊ တပွိုင့်ကို ၁၀ လုံးလောက်ထောင်ထားတာ၊ ၂ ကြိမ်မိုင်းဆွဲတိုက်ခိုက်ခဲ့တာ” လို့ ရေစကြိုပကဖ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
“သူကထွက်ခွင့်မသာလို့ မထွက်ခဲ့တာ။ အရင်က ကျနော်တို့ဆီ ဆက်သွယ်ထားတာတော့ ကြာပြီ။ သူ့အမျိုးသားကလည်း အလင်းဝင်ထားတော့ သူ့မှာထွက်ဖို့အကြပ်အတည်းဖြစ်တယ်လို့ ပြောတယ်။ အဲ့ဒါကြောင့်လည်း အခုမှထွက်ခွင့်ရတယ်။”