သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ ဝက်လူးရဲစခန်းကနေ ဝက်လူးအလယ်ရွာကို ထွက်ခွာလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးကို ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Natogyi People Defence Force မြင်းခြံခရိုင်အမှတ် ၄ တပ်ရင်းဆီက သိရပါတယ်။
ဖေဖော်ဝါရီ ၁၈ ရက် မနက် ၉ နာရီခွဲခန့်မှာ ဝက်လူးရဲစခန်းကနေ လမ်းလျှောက်ထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးကို ရဲစခန်းနဲ့ မီတာ ၂၀၀ အကွာလောက်မှာ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ် ။
“ သူတို့အလောင်းတွေကို ကျနော်တို့ပြန်ခေါက်(ဆုတ်)တဲ့အချိန်မှာ တခါတည်းသယ်လာခဲ့ပြီး ကောင်းကောင်းမွန်မွန် သင်္ဂြိုဟ်ပေးခဲ့ပါတယ်။” လို့ Natogyi People Defence Force မြင်းခြံခရိုင်တပ်ရင်း ၄ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
တိုက်ခိုက်မှုအတွင်း တပ်မ ၉၉ လက်အောက်ခံ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး သေဆုံးခဲ့ပြီး အဆိုပါစစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ဝက်လူးရဲစခန်းကနေ ရိက္ခာရှာထွက်လာတာဖြစ်နိုင်ကာ ၎င်းတို့ထံကနေ BA 63 (G 3)၁ လက် ၊ BA 72 ၁ လက် သိမ်းဆည်းရခဲ့တယ်လို့ အထက်ပါတာဝန်ခံက ဆိုပါတယ်။
တိုက်ခိုက်မှုကို Natogyi People Defence Force မြင်းခြံခရိုင်အမှတ် ၄ တပ်ရင်းနဲ့ မြင်းခြံခရိုင် အမှတ် ၁၀ တပ်ရင်းတို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၃၀ ရက်ကလည်း နွားထိုးကြီးမြို့၊ ပြင်စည်စခန်းကထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို မြင်းခြံခရိုင်အမှတ် ၄ တပ်ရင်းက စိန်ပန်းကန်ကျေးရွာနဲ့ တောကန်ကြီးကျေးရွာအကြားမှာ တိုက်ခဲ့ရာ စစ်ကောင်စီဘက်က ၂၁ ဦးသေဆုံးပြီး စစ်သုံ့ပန်း ၈ ဦး အရှင်ဖမ်းမိခဲ့ပါသေးတယ်။
စာတည်း - ဟိန်းစံ
#မြေလတ်အသံ
#မန္တလေး #နွားထိုးကြီး #ဝက်လူးရဲစခန်း #တိုက်ခိုက်
Share Share Share