Danger

ပခုက္ကူခရိုင်အမှတ် ၁၅ တပ်ရင်း တပ်တည်ထောင်ခြင်း ၂ နှစ်ပြည့် အခမ်းအနားပြုလုပ် (Reels)

မကွေးတိုင်း၊ မြိုင်မြို့နယ်အခြေပြု၊ ပခုက္ကူခရိုင်အမှတ် ၁၅ တပ်ရင်း၊ ကျားသစ်နက်တပ်မတော် တည်ထောင်ခြင်း ၂ နှစ်ပြည့် အထိမ်းအမှတ်အခမ်းအနားပွဲကို ဒီဇင်ဘာ ၃၀ နဲ့ ၃၁ ရက်တွေမှာ ပြုလုပ်ခဲ့တယ်လို့ အဲ့ဒီအဖွဲ့ဆီက သိရပါတယ်။

ပခုက္ကူခရိုင်အမှတ် ၁၅ တပ်ရင်း တပ်တည်ထောင်ခြင်း ၂ နှစ်ပြည့် အခမ်းအနားပြုလုပ်

တပ်ဖွဲ့တည်ထောင်ခြင်း ၂ နှစ်ပြည့်အခမ်းအနားကို ကျားသစ်နက်တပ်မတော်တာဝန်ခံဥက္ကဌ ဦးဥက္ကာ ၊ တပ်ရင်းမှူး ၊ ဒုတပ်ရင်းမှူးတို့အပါ တပ်ဖွဲ့ဝင်အမျိုးသား၊ အမျိုးသမီးအင်အား ၁၂၀ တက်ရောက်ခဲ့ကြပြီး မဟာမိတ်အဖွဲ့က ခေါင်းဆောင်တွေလည်း တက်ရောက်ခဲ့ကြတယ်လို့ တပ်ဖွဲ့ရဲ့သတင်းနဲ့ပြန် ကြားရေးတာဝန်ခံက ပြောပါတယ်။

စစ်ကြောင်းကိုမိုင်းဆွဲဖို့ပြင်ချိန် မိုင်းမတော်တဆဖြစ်ပြီး PDF ၁ ဦးကျဆုံး

ကျဆုံးသူဟာ အသက် ၂၅ နှစ်အရွယ်တပ်ဖွဲ့ဝင် ဗျတ္တဖြစ်ပြီး ဇန်နဝါရီ ၁ ရက်မှာ မိုင်းဆွဲတိုက်ခိုက်ဖို့ပြင်ဆင်နေချိန် ပေါက်ကွဲမှုဖြစ်ကာ ရင်ဘက်နဲ့ ညာဘက်မျက်လုံးတို့ကိုမိုင်းထိပြီး ကျဆုံးခဲ့တာလို့ အဲ့ဒီအဖွဲ့ရဲ့တပ်ဖွဲ့ဝင် ယက္ခ က ပြောပါတယ်။

လူငယ်တွေပါဝင်တဲ့ BLDF ရဲ့ အပတ်စဥ် ၃ အခြေခံစစ်သင်တန်းဆင်းပွဲ

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်ထဲက တော်လှန်ရေးတပ်ဖွဲ့တွေစိုးမိုးထားတဲ့ နေရာတခုမှာ ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး - BLDF ရဲ့ အပတ်စဥ် ၃ အခြေခံစစ်ပညာသင်တန်းဆင်းပွဲကို ဒီဇင်ဘာ ၂၉ ရက်မှာပြုလုပ်ခဲ့တယ်လို့ အဲ့ဒီတပ်ဖွဲ့ဆီကသိရပါတယ်။

ဟိုက်ဂျက်ကားပေါ်က စစ်သား ၄ ဦး အနီးကပ်တိုက်ခိုက်ခံရလို့ အားလုံးသေဆုံးပြီး သေနတ် ၄ လက်ပါ PDF သိမ်းဆည်း (ရုပ်/သံ)

“ပစ်ခတ်တိုက်ခိုက်အချိန်က အကြာကြီးမဟုတ်ဘူး။ မြို့တွင်းလည်းဖြစ်တဲ့အတွက် ၅ မိနစ်ကြာတယ်။ ကားကတော့ အရပ်ကားပဲပြောပါတော့။ ပွိုင့်ကားမဟုတ်ဘဲနဲ့ ဟိုက်ဂျက်အမျိုးအစားကားပါ။ ကားပေါ် မှာတော့ ဒရိုင်ဘာအပါအဝင် စစ်ကောင်စီတပ်သား ၄ ဦးနဲ့ သေနတ် ၄ လက်ပါ။ ထိခိုက်သေဆုံးမှုက ၄ ဦးလုံးပါတာ ၄ ဦးလုံးသေတယ်။”

အရပ်ဝတ်နဲ့စစ်သား ၄ ဦးပါလာတဲ့ကား အနီးကပ်စောင့်ကြိုတိုက်ခိုက်ခံရလို့ အားလုံးသေဆုံး

“ပစ်ခတ်တိုက်ခိုက်အချိန်က အကြာကြီးမဟုတ်ဘူး၊ မြို့တွင်းလည်းဖြစ်တဲ့အတွက် ၅ မိနစ်ကြာတယ်။ ကားကတော့ အရပ်ကားပဲပြောပါတော့။ ပွိုင့်ကားမဟုတ်ဘဲနဲ့ ဟိုက်ဂျက်အမျိုးအစားကားပါ။ ကားပေါ် မှာတော့ ဒရိုင်ဘာအပါအဝင် စစ်ကောင်စီတပ်သား ၄ ဦးနဲ့ သေနက် ၄ လက်ပါ။ ထိခိုက်သေဆုံးမှုက ၄ ဦးလုံးပါတာ ၄ ဦးလုံးသေတယ်။”

တောင်သာက ပျူစောထီးခေါင်ဆောင်နေအိမ်ကို ပကဖ ဝင်တိုက်ပြီး လက်နက်ခဲယမ်းတွေသိမ်းဆည်း

“ကျနော်တို့ စီးနင်းတိုက်ခိုက်တော့ သူတို့လည်း ထွက်ပြေးလွတ်မြောက်သွားတယ်၊ သူတို့ကိုင်ဆောင်တဲ့ လက်နက်တွေတော့ ကျန်ခဲ့တယ်။”

မြင်းခြံမှာ စစ်သားနဲ့ ပျူစောထီးတွေ ကြားဖြတ်တိုက်ခိုက်ခံရပြီး ၂ ဦးသေ ၃ ဦးဒဏ်ရာရ (ရုပ်/သံ)

"ဒီတိုက်ခိုက်မှုမှာ ကျနော်တို့ကလည်း အင်အားအလုံးအရင်းနဲ့ပါ။ ပထမတော့ ပြောက်ကျားနည်းနဲ့ ကျနော်တို့က နေရာယူထားတယ်။ ဒီကောင်တွေ အင်အားအလုံးအရင်းနဲ့ တက်လာတယ်။ ကျနော်တို့က ဦးအောင်အရင်ဆုံးပစ်တဲ့အတွက် အထိနာသွားတယ်။ အပြန်အလှန်ပစ်ခတ်တာ မိနစ် ၃၀ ကြာတယ်။ မျက်မြင်ကတော့ ၅ ကောင်ထိတယ်၊ ၅ ကောင်ထိတာကို ၂ ကောင်ကတော့ သေတယ်၊ ၃ ကောင်ကတော့ ဒဏ်ရာတွေနဲ့ လယ်သစ်ရွာထဲကို ပြန်ခေါ်သွားတယ်။"

ကင်းပတ်ထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေ ပစ်ခတ်ခံရပြီး ၅ ဦးဒဏ်ရာရ (ရုပ်/သံ)

"ဘက်စုံခြံအကွေ့နားလောက်မှာ အသင့်စောင့်ဆိုင်းပြီးတော့ တိုက်ခိုက်ခဲ့တာ။ နှစ်ဖက်အပြန်အလှန် ၁၅ မိနစ်လောက် တိုက်ခိုက်ခဲ့တာ။ **တွေက ကတ္တရာလမ်းပေါ်က ခြေလျင်လျှောက်သွားတာ။ ၅ ဦးကတော့ အပြင်းအထန် ဒဏ်ရာရတယ်၊ သေနိုင်လောက်တဲ့ ဒဏ်ရာတွေအထိရသွားတာ။"

မင်းဘူးခရိုင် အမှတ် ၂ တပ်ရင်းရဲ့ အပတ်စဥ် ၃ စစ်အခြေခံသင်တန်းဆင်း (Reels)

ဒီသင်တန်းကို နိုဝင်ဘာ ၁၅ ရက်ကနေ ဒီဇင်ဘာ ၂၈ ရက်အထိ ၄၅ ရက်အကြာပြုလုပ်ခဲ့ပြီး တပ်ဖွဲ့ဝင်အမျိုးသား ၆ ဦးနဲ့ အမျိုးသမီး ၄ ဦးတို့ကို သင်တန်းပေးခဲ့တာလို့ ဆိုပါတယ်။

ပုပ္ပါးတောင်ပေါ်က စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးကို ဖမ်းဆီးနိုင်ခဲ့ပြီး ခုခံထွက်ပြေးလို့ ပစ်ခတ်ခဲ့တယ်လို့ဆို

“ ဖမ်းဆီးပြီး ကျနော်တို့ နယ်မြေကိုပြန်လာတဲ့အခါမှာ ရဲဘော်တွေကိုခုခံထွက်ပြေးလို့ ရန်သူ့နယ်မြေလည်းဖြစ်တာကြောင့် မဖြစ်မနေရှင်းလင်းပစ်ခတ်လိုက်ရပါတယ်။”

YPDF ဗဟိုဌာနချုပ်မှာ ပထမဆုံးအကြိမ် အားကစားပြိုင်ပွဲပြုလုပ် (Reels)

အားကစားပြိုင်ပွဲမှာ ဒိုက်ထိုးပြိုင်ပွဲ၊ ဂုန်နီအိတ်စွပ်ပြိုင်ပွဲ၊ တုတ်ချိတ်ပြေးပြိုင်ပွဲ၊ သံပုရာသီးစားပြိုင်ပွဲ၊ အုပ်စုလိုက် အတွဲလိုက် ဇွန်းကိုက်ပြိုင်ပွဲ၊ ခြေထပ်ပြေးပြိုင်ပွဲ၊ လက်ဝါးရိုက်ပြိုင်ပွဲ၊ ပုလင်းထဲ ဘောပင်ထည့်ပြိုင်ပွဲ စတာတွေကို ပြုလုပ်ပေးခဲ့တာလို့ တပ်ဖွဲ့ဝင်လူလှက ပြောပါတယ်။

YPDF ဗဟိုဌာနချုပ်မှာ ပထမဆုံးအကြိမ် အားကစားပြိုင်ပွဲပြုလုပ်

အားကစားပြိုင်ပွဲမှာ ဒိုက်ထိုးပြိုင်ပွဲ၊ ဂုန်နီအိတ်စွပ်ပြိုင်ပွဲ၊ တုတ်ချိတ်ပြေးပြိုင်ပွဲ၊ သံပုရာသီးစားပြိုင်ပွဲ၊ အုပ်စုလိုက် အတွဲလိုက် ဇွန်းကိုက်ပြိုင်ပွဲ၊ ခြေထပ်ပြေးပြိုင်ပွဲ၊ လက်ဝါးရိုက်ပြိုင်ပွဲ၊ ပုလင်းထဲ ဘောပင်ထည့်ပြိုင်ပွဲ စတာတွေကို ပြုလုပ်ပေးခဲ့တာလို့ တပ်ဖွဲ့ဝင်လူလှက ပြောပါတယ်။

မြိုင်က ရဲနဲ့ ပျူစောထီး ကင်းစခန်း ဒရုန်းနဲ့ ဗုံးကြဲခံရလို့ ရဲ ၂ ဦးသေဆုံး (ရုပ်/သံ)

ဒီဇင်ဘာလ ၂၆ ရက် မနက် ၉ နာရီမှာ မြိုင်မြို့အနောက်တောင်ဘက်ခြမ်း၊ အမှတ် ၃ ရပ်ကွက်နေ ပျူစောထီးခေါင်းဆောင်တဦးရဲ့နေအိမ်မှာရှိတဲ့ အဆိုပါကင်းစခန်းကို ဒရုန်းဗုံးသီး ၇ လုံးကြဲချ တိုက်ခိုက်ခဲ့ရာ မြိုင်မြို့ပေါ် ရဲစခန်းကလို့ယူဆရတဲ့ ရဲတပ်သား မျိုးဝင်းစိန် နဲ့ ရဲတပ်သား အောင်နိုင်ဝင်း တို့ သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ကမ္မမြို့ဈေးထဲက ဆိုင်ခန်းတွေကိုဖောက်ပြီးပြန်လာတဲ့ စစ်သားတွေ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံရ (ရုပ်/သံ)

မကွေးတိုင်း၊ ကမ္မမြို့ စည်ပင်သာယာဈေးက ဆိုင်ခန်းတွေကို ဖောက်ပြီးပြန်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို ဒီဇင်ဘာ၂၆ ရက်က ကမ္မမြို့ ရဲစခန်းအနီးမှာ ဒရုန်းနဲ့ ဗုံးချတိုက်ခိုက်ခဲ့တယ်လို့ ကမ္မဒေသတော်လှန်ရေး တပ်ပေါင်းစုဆီက သိရပါတယ်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10