ရွှေစက်တော်ဘုရားဖူးနည်းလို့ စစ်ကောင်စီက စရိတ်ငြိမ်းနေ့စားခနဲ့လူစုပြီး လိုက်ပို့၊ Non -CDM တွေကိုလည်း အလှည့်ကျသွားခိုင်း (ရုပ်/သံ)
မကွေးတိုင်း၊ မင်းဘူးမြို့နယ်၊ မန်းရွှေစက်တော်ဘုရားပွဲကို စရိတ်ငြိမ်းပို့ဆောင်ပေးမယ်ဆိုကာ မကွေးမြို့ပေါ်ရပ်ကွက်တွေမှာ အုပ်ချုပ်ရေးမှူးတွေက လူလိုက်စုနေပြီး စစ်ကောင်စီလက်အောက်တာဝန်ထမ်းဆောင်ဆဲ Non-CDM နဲ့မိသားစုဝင်တွေကိုလည်း ရွှေစက်တော်ကို အလှည့်ကျသွားရောက်ဖို့ ညွှန်ကြားထားတယ်လို့ မြို့ခံတွေနဲ့ Non-CDM အသိုင်းအဝိုင်းထံက သိရပါတယ်။