သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
(မြေလတ်အသံသတင်းဌာနမှာ ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၁၉ ရက်တွင် ဖော်ပြခဲ့သည့် ဆောင်းပါးအား ရုပ်သံဆောင်းပါးအဖြစ် ပြန်လည်တင်ဆက်ခြင်းဖြစ်သည်။)
စစ်ကောင်စီတပ်ရဲ့ ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးစက်ရုံ (ကပစ)လို့ခေါ်ဆိုတဲ့ လျှို့ဝှက်လက်နက်ထုတ်လုပ်ရေးစက်ရုံတွေဟာ ရခိုင်ပြည်နယ်အစပ် ပဲခူးနဲ့မကွေးတိုင်းအတွင်းက ပုသိမ်-မုံရွာလမ်းပိုင်းရဲ့ တဖက်တချက်စီတွေမှာ အများဆုံးတည်ဆောက်ထားပါတယ်။
တိုင်းရင်းသားတော်လှန်ရေးတပ်တွေရဲ့ တိုက်ခိုက်ခံရမှုဝေးကွာရာ ရခိုင်ရိုး၊ ပဲခူးရိုးတောတောင်တွေရဲ့ ဖုံးကွယ်မှုအားကောင်းရာဆိုတဲ့ စစ်အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ လုံခြုံရေးအမြင်ရှိရှိအစီအမံနဲ့ အကာအကွယ်ယူ လျှို့ဝှက်တည်ဆောက်ထားခဲ့တာပါ။
ဒီဇင်ဘာလတတိယအပတ်အတွင်းမှာ အမ်းမြို့ကိုအခြေစိုက်ပြီး ရခိုင်ပြည်နယ်တခုလုံးစစ်ရေးကွပ်ကဲနေတဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)နဲ့ တောင်ကုတ် အမှတ် ၅ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ ၅) ကို အာရက္ခတပ်တော်-AA က အပြီးသတ်တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်ကင်းစင်ဖို့ မြို့ ၃ မြို့သာ ကျန်ရှိတော့ပါတယ်။
အမ်းနဲ့တောင်ကုတ် သိမ်းပိုက်ခံလိုက်ရတာကြောင့် ရခိုင်ပြည်နယ်အစပ် မကွေးနဲ့ပဲခူးတိုင်း လက်နက်စက်ရုံကပစတပ်တွေဟာ အနီးဆုံးတိုက်ခိုက်ခံရမယ့်တပ်တွေဖြစ်လာပြီး ကြားထဲမှာ စစ်ကောင်စီ တပ်ရင်း/တပ်ဖွဲ့/ဌာနချုပ် အတားအဆီးတခုမှမရှိတော့တဲ့ အခြေအနေပါ။
ဒါကြောင့် စစ်ကောင်စီတပ်ဘက်ကလည်း ကပစတပ်တွေကို ကာကွယ်နိုင်ဖို့ အမ်း-ပဒါန်းလမ်းပိုင်း ရခိုင်ရိုးမမှာခံစစ်ပြင်ဆင်နေပြီး ကပစတပ်တွေမှာလည်း တိုက်ခိုက်ရေးရဟတ်ယာဥ်တွေအပါအဝင် လူ၊လက်နက်၊ ခဲယမ်း အင်အားတွေဖြည့်တင်းထားတယ်လို့ ကပစတပ်အသိုင်းအဝိုင်းထံက သိရပါတယ်။
အမ်း နပခ ကျဆုံးမှုရဲ့နောက်ဆက်တွဲအဖြစ် ကပစစက်ရုံတွေအထိ ဆက်လက်သိမ်းပိုက်ခံရနိုင်တဲ့သုံးသပ်ချက်အခြေအနေတွေကို ရုပ်သံဆောင်းပါးအဖြစ် ဖော်ပြထားပါတယ်။
#မြေလတ်အသံ
#ရုပ်သံဆောင်းပါး #နပခ #အမ်း #ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေး #ကပစ
Share Share Share