အထက်မင်းလှမှာ စစ်တပ်သတင်းပေးဆိုသူ ရပ်/ကျေးကြံ့ခိုင်ရေးပါတီ ဥက္ကဌနဲ့အဖွဲ့ဝင် အသတ်ခံရ
“ နှစ်ယောက်လုံးက ဒလန်ဟုတ်သလို၊ ပျူလည်းဟုတ်တယ်။ နယ်ဘက်မှာတော့ လက်နက်ပါရှိတယ်လို့ အသံထွက်တာရှိတယ်”
“ နှစ်ယောက်လုံးက ဒလန်ဟုတ်သလို၊ ပျူလည်းဟုတ်တယ်။ နယ်ဘက်မှာတော့ လက်နက်ပါရှိတယ်လို့ အသံထွက်တာရှိတယ်”
"အိမ်ရှင်ရဲ့သားက မြင်ပြီးအော်တဲ့အချိန်မှာ ထွက်ပြေးသွားတာ။ ဖြစ်တဲ့နေရာက အမှတ် ၈ ရဲစခန်းနဲ့ နီးတယ်။ ပြီးတော့ မီးထွန်းပွဲကြောင့် ကျုံးဘေးပတ်လည် ၂၈ လမ်းထောင့်တွေအထိ စစ်သား၊ ရဲ၊ ပျူစောထီးတွေ အင်အားချထားတဲ့အချိန် အချိန်ကိုက်ကိုလုပ်သွားတာ"
" ဒီနေ့တော်တော်နည်းတယ်။ အရင်ကလည်း ဒီလိုပစ်ခတ်မှုဖြစ်ရင်ခဏငြိမ်သွားတယ်။ တပတ်လောက်နေရင်ပြန်ဖမ်းတာပဲ "
အကျဉ်းထောင်အာဏာပိုင်တွေဘက်က ဒေါက်တာဇော်မြင့်မောင်အပေါ် ဆေးကုသခွင့် အပြည့်အဝပေးခဲ့တယ်လို့ လာရောက်ရှင်းပြခဲ့ပေမယ့် လက်ရှိအထိ အိုးဘိုထောင်အတွင်းနိုင်ကျဥ်းတွေအပေါ် ဆေးဝါးကုသခွင့်ပိတ်ပင်တာနဲ့ ဆေးသယ်ယူခွင့်တင်းကျပ်ထားပြီး အဲ့ဒီလို စစ်ကောင်က ပိတ်ပင်ထားတာနဲ့ပတ်သက်လို့ ထပ်ဆင့်ဝိုင်းဝန်းတောင်းဆိုပေးကြဖို့ကိုလည်း မန္တလေးအိုးဘိုထောင်နိုင်ကျဥ်းတွေက ပြည်သူတွေထံ စာပေးပို့လိုက်ပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းက ဖွင့်လှစ်တဲ့ ပျူစောထီးစစ်သင်တန်းမှာ အမျိုးသမီးတပ်ဖွဲ့သစ်တွေ ပါဝင်ခဲ့သလို ယခုအောက်တိုဘာလမှာ ဖွင့်လှစ်တဲ့ ပြည်သူ့စစ်သင်တန်းအပတ်စဉ် ၁၁ မှာလည်း အမျိုးသမီးတပ်ဖွဲ့ဝင်အသစ်တွေ ထပ်မံပါဝင်ခဲ့ပြီး ၎င်းစစ်သင်တန်းကို မန္တလေး ရန်ကင်းတောင်ခြေရှိ တပ်မ ၃၃ လက်အောက် တပ်ရင်းတခုမှာ ဖွင့်လှစ်နေတာလို့ ဆိုပါတယ်။
မန္တလေးမြို့မှာ စစ်ကောင်စီတပ်က ၎င်းတို့လက်အောက် ပြည်သူ့စစ်(ပျူစောထီး)တပ်ဖွဲ့ဝင်အသစ်တွေကို လစဉ်စစ်သင်တန်းတွေပို့ချနေပြီး အဲ့ဒီစစ်သင်တန်းတွေမှာ ပျူစောထီးအမျိုးသမီးတွေ ဆက်တိုက်ပါဝင်လာတယ်လို့ မန္တလေးစစ်ကောင်စီတပ်အသိုင်းအဝိုင်းနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ရဲ့ နာရေးပြုလုပ်နေတဲ့ တောင်အင်းမြောက်အင်းသုဿန်ကို နာရေးပို့ဆောင်ပြီး ပြန်လာတဲ့ဆိုင်ကယ်တွေကို စစ်ကောင်စီတပ်က ဖမ်းဆီးစစ်ဆေးတာတွေလုပ်ဆောင်နေတယ်လို့မြို့ခံတွေက ပြောပါတယ်။
စစ်အာဏာမသိမ်းမီက ပဲခူးအရှေ့ခြမ်းမှာ ပဲခူးရိုးမပေါ်ရှိနေရာတချို့မှာသာ မြေမြှုပ်မိုင်းအန္တရာယ်ကြုံတွေ့ရတာဖြစ်ပြီး စစ်အာဏာသိမ်းပြီးတဲ့နောက် မြို့နဲ့ဆက်စပ်တဲ့ကျေးရွာတွေ၊ ယာခင်းတွေနဲ့ ကားလမ်း၊ လူသွားလမ်းတွေမှာပါ မြေမြှုပ်မိုင်းအန္တရာယ် သိသိသာသာမြင့်တက်လို့လာနေပါတယ်။
ရေကြီးမှုတွေကြောင့် ကပစ ၁ မှ တပ်ကြပ်အဆင့်ရှိ စစ်ကောင်စီတပ်သား ၂ ဦး၊ အသက် ၅၀ ကျော်အရွယ်မှီခိုအမျိုးသမီး ၁ ဦး နဲ့ ကလေး ၁ ဦးတို့အပါအဝင် လူ ၆ ဦးထက်မနည်း သေဆုံးထားပြီး လူသေဆုံးမှုမှာ ယခုထက်ပိုမိုများပြားနိုင်ကာ ပျောက်ဆုံးနေသူတွေလည်းရှိတယ်လို့ ဆိုပါတယ်။
၂၀၂၃ အောက်တိုဘာ ၂၇ ရက်မှာစတင်သည့် ရှမ်းမြောက်ဒေသ ၁၀၂၇ စစ်ဆင်ရေး၊ နောက်ဆက်တွဲ ရှမ်း-မန်းစစ်ဆင်ရေးနှင့် ရခိုင်ဒေသတိုက်ပွဲများအပါအဝင် နိုင်ငံအနှံ့ဖြစ်ပေါ်နေသည့်တိုက်ပွဲများတွင် ရှမ်းမြောက်နှင့် ရခိုင်ပြည်နယ်မှ နယ်မြေအများအပြား လက်လွှတ်လိုက်ရသည်အထိ နေပြည်တော်မှ စစ်ခေါင်းဆောင်များနှင့် မြေပြင်စစ်ဗိုလ်ချုပ်များ၏ ညံ့ဖျင်းလှသည့် စစ်တိုက်စွမ်းရည်အား ၎င်းတို့စစ်တပ်ထောက်ခံနေသူများအပါအဝင် ပြည်သူအများမှ မျက်ဝါးထင်ထင်မြင်တွေ့လိုက်ရသည်။
တိုက်ပွဲများနှင့် ဖြစ်စဉ်များအားသုံးသပ်ပါက စစ်ကောင်စီတပ်မြေပြင် စစ်ဗိုလ်ချုပ်များသည် ဖိအားအလွန်များပြားနေပြီး တိုက်ပွဲနောက်ဆက်တွဲအဖြစ် အခြေအနေ ၃မျိုး ရင်ဆိုင်နေရသည်။ ခုခံတိုက်ခိုက်နေစဉ် အသက်သေဆုံးခြင်း၊ နယ်မြေနှင့်လက်နက်ခဲယမ်းများဆုံးရှုံးပြီး အရှုံးဖြင့်စစ်ကောင်စီထံ ပြန်လည်ရောက်ရှိပါက စစ်ခုံးရုံးဖြင့် သေဒဏ်အထိချမှတ်ခံရခြင်း၊ အလံဖြူထောင်လက်နက်ချအညံ့ခံကာ တော်လှန်ရေးတပ်များထံတွင် ခိုလှုံကာ ဆက်လက်ရှင်သန်နေရခြင်း ဖြစ်သည်။
လူချင်းတွေ့ (Face to Face) ငွေပို့ပေးမည်ဆိုသည်မှာ အင်တာနက်၊ ဖုန်းလိုင်းအခက်အခဲများကြားမှ မိဘများထံငွေသားပေးပို့လိုသော မမေခအတွက် သာမာန်အားဖြင့်အဆင်ပြေသည်။ ယခုထက်ပိုမိုစိတ်ချရသည့်နည်းလမ်းမရှိသေးဟု သူတွေးမိသည်။ ထို့ကြောင့် လူချင်းတွေ့ငွေပေးပို့မည်ဆိုသည်ကို မမေခလက်ခံလိုက်ပြီး နောက်တနေ့မနက်ပိုင်းတွင် ဖုန်းလိုင်း(MPT)ရရှိနေသည့် မြစ်ကြီးနားမြို့တနေရာ၌ တွေ့ဆုံမည်ဖြစ်ကြောင်း တွေ့ဆုံငွေလဲမည့် နေရာနှင့်အချိန်ကို ချိန်းဆိုလိုက်သည်။
ရှမ်းမြောက်၊ လားရှိုးမြို့နဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ) ကျသွားပြီးနောက် ရှမ်းမြောက်နဲ့ မန္တလေးတိုင်းအစပ်ရှိ စစ်တပ်မြို့လို့ခေါ်ဆိုတဲ့ ပြင်ဦးလွင်မြို့ကို တော်လှန်ရေးတပ်တွေ ဝင်တိုက်မယ့်သတင်းတွေကို စစ်ကောင်စီတပ်အရာရှိတွေ ခန့်မှန်းရရှိထားပြီး ကတုတ်ကျင်းတူး ခံစစ်ပြင်ဆင်မှုတွေ လုပ်ဆောင်နေသလို တပ်မိသားစုဝင်တွေလည်း မြို့ကိုစွန့်ခွာနေကြပြီလို့ ပြင်ဦးလွင်တပ်အသိုင်းအဝိုင်းထံက သိရပါတယ်။
ပြင်ဦးလွင်ရှိ စစ်ကောင်စီတပ်တွေအတွင်းမှာတော့ လက်ရှိတိုက်ပွဲသတင်းတွေ ထွက်ပေါ်နေတာနဲ့ ပတ်သက်ပြီး ထူးထူးခြားခြားအမိန့်ချမှတ်တာမျိုးမရှိသေးဘဲ အရင် ၁၀၂၇ ပထမလှိုင်းကာလက ညွှန်ကြားချက်ဖြစ်တဲ့ “ကတုတ်ကျင်းနက်နက်တူးဖို့” သာ လုပ်ဆောင်နေရတယ်လို့ ပြင်ဦးလွင်ရှိ စစ်ဗိုလ်တဦးက ပြောပါတယ်။
စစ်တပ်အာဏာသိမ်းပြီး ၃ နှစ်ကျော်ကာလအတွင်း စဉ့်ကူးမြို့နယ်တောင်ပိုင်း၌ အသက် ၇၀ ကျော်အရွယ် ပျူစောထီးခေါင်းဆောင် ရေတော်မောင်နိုင်သည် လူသတ်အလောင်းဖျောက်မှု၊ ဓားပြမှု၊ ပြန်ပေးဆွဲ ခြိမ်းခြောက်မှု၊ နေအိမ်မီးရှို့မှုများအပါအဝင် လူသတ်မုဒိမ်းမှုပေါင်းများစွာကို ကျူးလွန်ခဲ့သည်ဟု ဒေသခံများက ပြောကြသလို ၎င်းကိုယ်တိုင်လည်း ဝန်ခံထားသည်။