မြေပြင်က စစ်ဗိုလ်ချုပ်များ ရွေးချယ်ရမည့် အသေခံမလား၊ စစ်ခုံရုံးတက်မလား၊ အလံဖြူထောင်မလား (ရုပ်သံဆောင်းပါး)

“ခိုင်းတာလုပ်၊ ခံမပြောနဲ့၊ ခပ်အေးအေးနေ “ ဆိုသည့် စစ်တပ်ဆိုရိုးစကားအတိုင်း အထက်မှ အမိန့်ပေးစေခိုင်းပါက ခိုင်းသည့်အတိုင်း တိတိကျကျလုပ်ဆောင်ရမည်ဆိုသည့်ဝါဒကို စစ်ဗိုလ်ချုပ်အဆင့်ဆင့်က လက်ရှိအချိန်ထိ ကိုင်ဆွဲထားသလို ၎င်းတို့လက်အောက်အဆင့်ဆင့်ကိုလည်း ယင်းဝါဒအတိုင်း ကျင့်သုံးခိုင်းစေနေသည်။

မြန်မာစစ်တပ်မှ ဗိုလ်မှူးချုပ်အဆင့်နှင့်အထက် ရရှိခဲ့သူ စစ်ဗိုလ်ချုပ်အများစုအနေဖြင့် ဗိုလ်မှူးချုပ်အဆင့်ကို ဖြတ်သန်းပြီး အဆင့်မြင့်ရာထူးများရယူနိုင်ခြင်းသည် ၎င်းတို့စစ်တပ်အရာရှိ သက်တမ်းတလျှောက် အထက်ဖိအားများနှင့် ခိုင်းစေမှုများအား ကြံ့ကြံ့ခံကျော်လွှားနိုင်ခြင်း၊ အရည်အချင်းပြည့်ဝခြင်းများဖြင့် ပြည့်စုံ၍သာ အဆိုပါရာထူးများကို ရရှိသည်ဟုလည်း ကိုယ့်ကိုယ်ကိုယ်ရှုမြင်သတ်မှတ်ထားကြကာ သွေးနားထင်ရောက်နေလေ့ ရှိသည်။

ထိုစစ်ဗိုလ်ချုပ်များအနက်မှ တပ်မမှူးနှင့် တိုင်းမှူးဖြစ်ခဲ့သူများသည် မြေပြင်စစ်ဆင်ရေးများကို ကွပ်ကဲရသူများဖြစ်၍ တပ်မမှူး၊ တိုင်းမှူးဆိုပါက စစ်တိုက်ရာတွင် သူမတူအောင် တဖက်ကမ်းခတ်ကျွမ်းကျင်သူများအဖြစ်လည်း ၎င်းတို့စစ်တပ်အသိုင်းအဝိုင်းက ဝိုင်းဝန်းပုံဖော်ကြသည်။ 

သို့သော်လည်း ၂၀၂၃ အောက်တိုဘာ ၂၇ ရက်မှာစတင်သည့် ရှမ်းမြောက်ဒေသ ၁၀၂၇ စစ်ဆင်ရေး၊ နောက်ဆက်တွဲ ရှမ်း-မန်းစစ်ဆင်ရေးနှင့် ရခိုင်ဒေသတိုက်ပွဲများအပါအဝင် နိုင်ငံအနှံ့ဖြစ်ပေါ်နေသည့်တိုက်ပွဲများတွင် ရှမ်းမြောက်နှင့် ရခိုင်ပြည်နယ်မှ နယ်မြေအများအပြား လက်လွှတ်လိုက်ရသည်အထိ နေပြည်တော်မှ စစ်ခေါင်းဆောင်များနှင့် မြေပြင်စစ်ဗိုလ်ချုပ်များ၏ ညံ့ဖျင်းလှသည့် စစ်တိုက်စွမ်းရည်အား ၎င်းတို့စစ်တပ်ထောက်ခံနေသူများအပါအဝင် ပြည်သူအများမှ မျက်ဝါးထင်ထင်မြင်တွေ့လိုက်ရသည်။

တည်ဖြတ် - HP

#မြေလတ်အသံ

#ဆောင်းပါး #ရုပ်သံဆောင်းပါး #စစ်ခေါင်းဆောင် #စစ်ရှုံး #အညံ့ခံ 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10