ဒေါက်တာဇော်မြင့်မောင်နာရေးက ပြန်လာတဲ့ ဆိုင်ကယ်တွေကို စစ်တပ်က ပစ်မှတ်ထား ဖမ်းဆီးစစ်ဆေးနေ

ဒေါက်တာဇော်မြင့်မောင်နာရေးက ပြန်လာတဲ့ ဆိုင်ကယ်တွေကို စစ်တပ်က ပစ်မှတ်ထား ဖမ်းဆီးစစ်ဆေးနေ

မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ရဲ့ နာရေးပြုလုပ်နေတဲ့ တောင်အင်းမြောက်အင်းသုဿန်ကို နာရေးပို့ဆောင်ပြီး  ပြန်လာတဲ့ဆိုင်ကယ်တွေကို စစ်ကောင်စီတပ်က ဖမ်းဆီးစစ်ဆေးတာတွေလုပ်ဆောင်နေတယ်လို့မြို့ခံတွေက ပြောပါတယ်။

ရန်ကုန်-မန္တလေးလမ်း၊ ၇၈လမ်း၊ စက်မှု ၂၊ Max-ဆီဆိုင်ရှေ့မှာ နာရေးကပြန်လာတဲ့ ဆိုင်ကယ်တွေကိုတားပြီး စစ်တပ်လက်အောက်ပြည်သူ့စစ် (ပျူစောထီး) အင်အား ၅၀ လောက်နဲ့  ဖုန်းနဲ့ ဆိုင်ကယ်လိုင်စင်တွေကို စစ်ဆေးနေတာလို့ မြို့ခံတွေက ဆိုပါတယ်။

"နာရေးအပြန်လမ်းကို ပိတ်စစ်နေတာ။ အင်အားအများကြီးနဲ့ကိုရှာနေတာနော်" လို့မြို့ခံတဦးက မြေလတ်အသံကို ပြောပါတယ်။

နောက်ထပ်မြို့ခံတဦးကလည်း နာရေးလိုက်ပို့သူတွေကို ပစ်မှတ်ထားပြီး စစ်တပ်က ဖမ်းဆီးစစ်ဆေးတာတွေပြုလုပ်ဆောင်နေတာကြောင့်  ဂရုစိုက်ပြန်လာကြဖို့ ပြောထားပါတယ်။

" ရိုင်းရိုင်းစိုင်းစိုင်းစစ်ဆေးနေတာ။ အဖွဲ့လိုက်ဂရုစိုက်ပြန်လာကြပါ" လို့ပြောပါတယ်။

ဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်ရဲ့နာရေးအခမ်းအနားကို ဒီနေ့မနက် ၁၀ နာရီကစတင်ပို့ဆောင်ခဲ့ပြီး ရုပ်အလောင်းကို တောင်အင်းမြောက်အင်းသုဿန်မှာ မီးသဂြိုဟ်ခဲ့ပြီးနောက် အရိုးပြာအိုးကို ကြာနီကန်သုဿန်မှာ ဂူသွင်းသင်္ဂြိုဟ်သွားမှာလို့ သိရပါတယ်။

နာရေးကို လိုက်ပါပို့ဆောင်တဲ့ဆိုင်ကယ်အစီးရေ ၂၀၀၀ ကျော်လောက်ရှိပြီး အဆိုပါနာရေးပို့ဆောင်တဲ့ ဆိုင်ကယ်နဲ့လူတွေကို ပစ်မှတ်ထားဖမ်းဆီးနေတာလို့ မြို့ခံတွေက ပြောပါတယ်။

ပုံစာ - ဒီကနေ့မနက် ဒေါက်တာဇော်မြင့်မောင် နာရေးကို ဆိုင်ကယ်စီးနင်း လိုက်ပါပို့ဆောင်နေတဲ့ မန္တလေးမြို့ခံများ။

#မြေလတ်အသံ

#ဒေါက်တာ‌ဇော်မြင့်မောင် #နာရေး #မန္တလေး# စစ်တပ် #ဆိုင်ကယ်ဖမ်းဆီး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10