မန္တလေးမှာ ကာလဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် သေဆုံးသူမြင့်တက်နေ

မန္တလေးမှာ ကာလဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် သေဆုံးသူမြင့်တက်နေ

 

မန္တလေးမြို့မှာ ကာလဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် ယခုတပတ်အတွင်း သေဆုံးသူဆက်တိုက် တိုးမြင့်နေတယ်လို့ မြို့ခံတွေနဲ့ လူမှုကူညီရေးအသင်းတွေဆီကနေ သိရပါတယ်။

ပုသိမ်ကြီးမြို့နယ်၊ တဲကုန်းကျေးရွာမှာ ယမန်နေ့ အောက်တိုဘာ ၂၆ ရက်က ဝမ်းရောဂါကြောင့် လူလတ်ပိုင်းအမျိုးသား ၁ ဦးနဲ့ ၅ နှစ်အရွယ်ကလေး ၁ ဦးတို့ သေဆုံးခဲ့ပြီး ဒီကနေ့မှာလည်း ချမ်းအေးသာစံမြို့နယ်၊ ၇၇ လမ်းရှိ မီးရထားတိုက်တန်းမှာ ဝမ်းရောဂါနဲ့ပဲ လူ ၁ ဦးထပ်မံသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

“၁ ပတ်လောက်ရှိပြီ သေတဲ့သူအရမ်းများတယ်။ ၁ ရက်ကို ၂ ယောက်လောက်သေတယ်။ ကျနော်တို့ အသင်းအနေနဲ့တော့ ပြည်သူတွေကို သတိပေးတာမျိုးတွေ လုပ်ထားပါတယ်။” လို့ မန္တလေးအခြေစိုက်လူမှုကူညီရေးအသင်းတခုရဲ့တာဝန်ရှိသူက မြေလတ်အသံကို ပြောပါတယ်။

အဲ့ဒီလို လူသေဆုံးမှုတွေရှိနေပေမယ့် မန္တလေးမြို့စစ်ကောင်စီနဲ့ ကျန်းမာရေးဦးစီးဌာနက ကာလဝမ်းရောဂါနဲ့ပတ်သက်ပြီး ထုတ်ပြန်သတိပေးတာတွေ မရှိသေးဘဲ ဝမ်းရောဂါဖြစ်ပွားပြီး သေဆုံးသူတွေရဲ့နေအိမ်တွေနဲ့ဆက်စပ်နေရာတွေကိုတော့ လူမှုကူညီရေးအသင်းတွေက ပိုးသတ်ဆေးလာဖြန်းတာမျိုးတွေ လုပ်ဆောင်နေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

“ လူမှုရေးအသင်းတွေက ဆေးတွေလာဖြန်းတာမျိုး၊ သတိပေးတာမျိုးတွေတော့ ရှိတယ်။ ကျန်းမာရေးဌာနကတော့ မထုတ်ပြန်ထားဘူး။ မနေ့ကသေတဲ့အိမ်တွေကိုလည်း ပုသိမ်ကြီးက လူမှုကူညီရေးအသင်းက ဆေးလာဖြန်းသွားတယ်။” လို့ မြို့ခံအမျိုးသမီးတဦးက ပြောပါတယ်။

ကာလဝမ်းရောဂါနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ကျန်းမာရေးဝန်ကြီးဌာနထုတ်ပြန်ချက်အရ ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်တချို့မှာ ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် ဆေးရုံတက်ရောက်ကုသနေရသူ အောက်တိုဘာ ၂၀ ရက်ညနေ ၆ နာရီအထိ ၂၉၃ ဦးရှိပြီး ပြင်းထန်လူနာမရှိဘူးလို့ အောက်တိုဘာ ၂၂ ရက်က နောက်ဆုံးထုတ်ပြန်ထားပါတယ်။

ပုံစာ -  မန္တ‌လေးမြို့မှာ ဝမ်းရောဂါကြောင့် လူသေဆုံးခဲ့တဲ့ နေရာတွေနဲ့ ထိစပ်တဲ့နေရာတွေကို အောက်တိုဘာ ၂၆ ရက် မနေ့က ပိုးသတ်ဆေးဖြန်းနေစဉ်။

#မြေလတ်အသံ

#မန္တလေး #ကာလဝမ်း #ဝမ်းပျက်ဝမ်းလျှော #သေဆုံး 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10