အထက်မင်းလှမှာ စစ်တပ်သတင်းပေးဆိုသူ ရပ်/ကျေးကြံ့ခိုင်ရေးပါတီ ဥက္ကဌနဲ့အဖွဲ့ဝင် အသတ်ခံရ

အထက်မင်းလှမှာ စစ်တပ်သတင်းပေးဆိုသူ ရပ်/ကျေးကြံ့ခိုင်ရေးပါတီ ဥက္ကဌနဲ့အဖွဲ့ဝင် အသတ်ခံရ

မကွေးတိုင်း၊ သရက်ခရိုင်၊ မင်းလှမြို့နယ်အပိုင် မင်းတုန်းနဲ့မင်းလှမြို့နယ်အစပ်ကျေးရွာမှာ စစ်တပ်သတင်းပေးဆိုသူ ကြံ့ခိုင်ရေးပါတီ ရပ်/ကျေးဥက္ကဌနဲ့အဖွဲ့ဝင်တို့ သေနတ်နဲ့ပစ်သတ်ခံခဲ့ရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

အသတ်ခံရသူတွေဟာ အသက် ၅၀ နှစ်ဝန်းကျင်ရှိ ပေတောကုန်းကျေးရွာ ကြံ့ခိုင်ရေးပါတီဥက္ကဌဦးမောင်ဟန် နဲ့ ပါတီအဖွဲ့ဝင်ဦးတင်ဝင်းတို့ဖြစ်ပြီး အဆိုပါကျေးရွာအပြင်ဘက်တနေရာမှာ အောက်တိုဘာ ၁၉ ရက် ည ၉ နာရီခန့်က အသတ်ခံခဲ့ရတာလို့ ဆိုပါတယ်။

“ နှစ်ယောက်လုံးက ဒလန်ဟုတ်သလို၊ ပျူလည်းဟုတ်တယ်။ နယ်ဘက်မှာတော့ လက်နက်ပါရှိတယ်လို့ အသံထွက်တာရှိတယ်” လို့ ရှမ်းတပ်ကြီးဒေသခံ ၁ ဦးက မြေလတ်အသံကို ပြောပါတယ်။

၎င်းတို့ ၂ ဦးဟာ လွန်ခဲ့တဲ့ ၁ နှစ်ကျော်ကာလကတည်းက နေအိမ်တွေမှာ အမြဲနေထိုင်လေ့မရှိဘဲ ရှောင်တိမ်းနေထိုင်နေတာကနေ နေအိမ်ကိုခေတ္တပြန်လည်ရောက်ရှိချိန် အခုလိုအသတ်ခံခဲ့ရတာလို့ ဆိုပါတယ်။ 

အသတ်ခံရတဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီး ဒေသတွင်းအဖွဲ့အစည်းတွေဘက်ကတော့ တစုံတရာထုတ်ပြန်တာမျိုး မတွေ့ရသေးပါဘူး။

ပြီးခဲ့တဲ့ ၂၀၂၃ နိုဝင်ဘာ ၂၆ ရက် ညပိုင်းကလည်း အထက်မင်းလှမြို့နယ် ပေတောကုန်း၊ လင်းကယ်၊ မီးလောင်ကုန်း၊ ကဒေါင်းစောက်၊ ကံ(အလယ်)ရွာတွေနဲ့ မင်းတုန်းမြို့နယ်၊ တောင်ယံကျေးရွာက ကျေးရွာ အုပ်ချုပ်ရေးမှူး ၆ ဦး တပြိုင်တည်းအသတ်ခံခဲ့ရပါသေးတယ်။

#မြေလတ်အသံ

#မကွေး #မင်းလှ #စစ်တပ် #သတင်းပေး #သတ်ဖြတ် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10