သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
မကွေးတိုင်း၊ မင်းဘူးမြို့နယ်၊ မန်းရွှေစက်တော်ဘုရားပွဲကို စရိတ်ငြိမ်းပို့ဆောင်ပေးမယ်ဆိုကာ မကွေးမြို့ပေါ်ရပ်ကွက်တွေမှာ အုပ်ချုပ်ရေးမှူးတွေက လူလိုက်စုနေပြီး စစ်ကောင်စီလက်အောက်တာဝန်ထမ်းဆောင်ဆဲ Non-CDM နဲ့မိသားစုဝင်တွေကိုလည်း ရွှေစက်တော်ကို အလှည့်ကျသွားရောက်ဖို့ ညွှန်ကြားထားတယ်လို့ မြို့ခံတွေနဲ့ Non-CDM အသိုင်းအဝိုင်းထံက သိရပါတယ်။
မတ် ၁၉ ရက်ကစတင်ကာ ချမ်းမြေ့သာယာ၊ သိင်္ဂါ၊ မြိုဟောင်းရပ်ကွက်တွေအပါအဝင် မကွေးမြို့ပေါ်ရပ်ကွက်တချို့မှာ ရွှေစက်တော်ကိုသွားရောက်ဖို့ ကားခအခမဲ့၊ နေထိုင်စားသောက်စရိတ်ငြိမ်းပို့ဆောင်ပေးမယ့်အပြင် နေ့စားခပါပေးဆောင်မယ်ဆိုကာ ပြောဆိုစည်းရုံးနေတာလို့ ဆိုပါတယ်။
ရပ်ကွက်တွေထဲမှာ လွန်ခဲ့တဲ့ ၂ ရက် ၃ ရက်ကတည်းက လူတွေကို လိုက်စည်းရုံးကာ ကားနဲ့လည်းလိုက်ပို့ပေးမယ်၊ စရိတ်စကလည်း ၅ ထောင်ပေးမယ်ဆိုပြီး ရွှေစက်တော်ကိုအတင်းခေါ်နေပြီး လွန်ခဲ့တဲ့ ၂ ရက်က တဖွဲ့သွားတယ်လို့ မကွေးမြို့ခံအမျိုးသားတဦးက မြေလတ်အသံကို ပြောပါတယ်။
ဒါ့အပြင် မင်းဘူးနဲ့မကွေးခရိုင်ထဲက စစ်ကောင်စီလက်အောက်တာဝန်ထမ်းဆောင်ဆဲ Non-CDM ဝန်ထမ်းတွေနဲ့မိသားစုဝင်တွေကို စနေ၊တနင်္ဂတွေရုံးပိတ်ရက်တွေမှာ ရွှေစက်တော်ကို အလှည့်ကျသွားရောက်ဖို့ မကွေးတိုင်းစစ်ကောင်စီဝန်ကြီးချုပ်က ညွှန်ကြားထားတယ်လို့ သိရပါတယ်။
အလှည့်ကျသွားဖို့ညွှန်ကြားထားကာ အခုတပတ်မှာတေ့ မင်းဘူးက Non-CDM တွေအလှည့်ဖြစ်ပြီး မကွေးအလှည့် မရောက်သေးဘူးလို့ မကွေးမြို့က Non-CDM ဝန်ထမ်းတဦးကလည်း ပြောပါတယ်။
မန်းရွှေစက်တော်ဘုရားပွဲကို ဘုရားဖူးလာရောက်သူ သိသိသာသာနည်းပါးနေပြီး ယခင်က ၁ ရက်တည်းခိုခ သိန်းနဲ့ချီပေးဆောင်ရတဲ့ တည်းကျောင်းခတွေဟာ လာရောက်သူမရှိလို့ ၁ ရက် ၁၀,၀၀၀ ကျပ်ဝန်းကျင်အထိ လျှော့ချထားတယ်လို့ သိရပါတယ်။
မန်းရွှေစက်တော်ဘုရားပွဲဟာ မင်းဘူးနဲ့ငဖဲမြို့နယ်အစပ် ပုသိမ်-မုံရွာလမ်းအနောက်ဘက်ခြမ်းမှာတည်ရှိတာဖြစ်ကာ ဘုရားပွဲကိုလာရောက်ရာ ပုသိမ်-မုံရွာလမ်းပိုင်းနဲ့ စလင်း၊ ပွင့်ဖြူ မြို့နယ်တွေမှာ တိုက်ပွဲတွေဖြစ်ပွားနေသလို ငဖဲမြိုနယ်၊ အမ်း-ပဒါန်းလမ်းပိုင်းမှာလည်း တိုက်ပွဲတွေဖြစ်ပွားနေတာပါ။
ဒါ့အပြင် စစ်ကောင်စီက ပုသိမ်-မုံရွာလမ်းပိုင်းကို အသုံးပြုပြီး ရခိုင်ရိုးမနဲ့ ဒေသတွင်း စစ်ကောင်စီတပ်စခန်းတွေကို လူ၊လက်နက်၊ခဲယမ်းအင်အားဖြည့်တင်းတာနဲ့ ခရီးသွားကားတွေကို ပေါ်တာဆွဲဖမ်းဆီးတာတွေလုပ်ဆောင်နေတာကြောင့် အဆိုပါလမ်းပိုင်းမှာ နေရာ၊ အချိန်မရွေး တိုက်ပွဲတွေဖြစ်ပေါ်လာနိုင်လို့ သတိထားအသုံးပြုဖို့ အထက်မင်းလှပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဇန်နဝါရီလအတွင်းက သတိပေးထုတ်ပြန်ထားပါတယ်။
လက်ရှိမှာ မကွေးကနေ ရွှေစက်တော်ကိုသွားနေတာ တချို့ရှိကြောင်း၊ ဆယ်တန်းစာမေးပွဲဖြေနေတဲ့ကာလဖြစ်တာကြောင့် မြို့ပေါ် KTV တွေအကုန် ပိတ်ထားရလို့ KTVတွေတခုပြီးတခု သူတို့ရဲ့ဝန်ထမ်းတွေကို လိုက်ပို့ပေးနေပေမယ့် တခြားသူတွေတော့ ဘယ်သူမှမသွားကြလို့ ဒီနှစ်က ရွှေစက်တော်မကြုံစဖူးပဲလို့ နောက်ထပ်မကွေးမြို့ခံတဦးက မှတ်ချက်ပြုပါတယ်။
မန်းရွှေစက်တော်ဘုရားပွဲကို နှစ်စဥ်တပို့တွဲလဆန်း ၅ ရက်(ဖေဖော်ဝါရီပထမပတ်)ကနေ မြန်မာနှစ်ဆန်း ၁ ရက်နေ့(ဧပြီလ ၁၇ ရက်)အထိ ၃ လခန့် ကျင်းပတာဖြစ်ပြီး စစ်အာဏာသိမ်းပြီးနောက် ယခုနှစ် ၂၀၂၅ ဘုရားပွဲကာလဟာ လူလာရောက်မှုသိသိသာသာနည်းပါးနေတယ်လို့ သိရပါတယ်။
တည်းဖြတ် - M
#မြေလတ်အသံ
#မကွေး #ရွှေစက်တော် #ဘုရားဖူး
Share Share Share