သင်တန်းပြီးဆုံးခဲ့တဲ့ တပ်ဖွဲ့ဝင်သစ် ၂၄ ဦးနဲ့ တပ်ဖွဲ့အင်အားကိုထပ်မံဖြည့်တင်းနိုင်ခဲ့တဲ့ CGF

သင်တန်းပြီးဆုံးခဲ့တဲ့ တပ်ဖွဲ့ဝင်သစ် ၂၄ ဦးနဲ့ တပ်ဖွဲ့အင်အားကိုထပ်မံဖြည့်တင်းနိုင်ခဲ့တဲ့ CGF

မကွေးတိုင်း၊ မကွေးခရိုင်အတွင်းလှုပ်ရှားနေတဲ့ Chauk Guerrilla Force CGF တပ်ဖွဲ့ရဲ့ စစ်အခြေခံသင်တန်းအမှတ်စဥ် ၇ သင်တန်းဆင်းပွဲကို ဆိပ်ဖြူမြို့နယ်တနေရာမှာ မတ် ၂၅ ရက် ညနေ ၅ နာရီက ပြုလုပ်ပြီးစီးခဲ့တယ်လို့ အဲ့ဒီအဖွဲ့ထံက သိရပါတယ်။

ဖေဖော်ဝါရီ ၁၀ ရက်က စတင်ဖွင့်လှစ်ခဲ့ပြီး ၄၅ ရက်ကြာမြင့်ခဲ့တဲ့ အဆိုပါသင်တန်းမှာ တပ်ဖွဲ့ဝင်သစ် ၂၄ ဦး တက်ရောက်သင်ကြားခဲ့ကာ အများစုမှာ စစ်မှုထမ်းဥပဒေကြောင့် တိမ်းရှောင်ဝင်ရောက်လာသူတွေဖြစ်တယ်လို့ ဆိုပါတယ်။

“ (သင်တန်းသား) အဟောင်းတွေလည်း တက်ရောက်ပေးပါတယ်၊ တပ်တာဝန်ခံတွေလည်း တက်ရောက်ပေးတယ်၊ သင်တန်းသားအသစ်တွေကတော့ စစ်မှုထမ်းဥပဒေကြောင့် တိမ်းရှောင်လာတဲ့ သူတွေလည်းပါတယ်၊ တော်လှန်ရေးကို ခံယူချက်နဲ့ ဝင်လာတဲ့သူတွေလည်းပါတယ်” လို့ Chauk Guerrilla Force(C.G.F) တပ်တာဝန်ခံ ကိုပိုင်လေးက မြေလတ်အသံကို ပြောပါတယ်။

သင်တန်းသားတွေကို CGF သင်တန်းတာဝန်ခံ ၂ ဦးက လက်နက်အဖြုတ်အတပ်၊ တိုက်ခိုက်‌ရေး၊ စစ်နည်းဗျူဟာတွေကို အဓိကသင်ကြားပို့ချပေးခဲ့ပြီး ယခုသင်တန်းဆင်းအင်အား ၂၄ ဦးကို ထပ်မံဖြည့်တင်းနိုင်တာကြောင့် တပ်ဖွဲ့ တိုက်ခိုက်ရေးအင်အား ၁၄၀ ကျော်အထိ ရှိလာဖြစ်တယ်လို့ ဆိုပါတယ်။

Chauk Guerrilla Force-CGF ဟာ ချောက်မြို့နယ်ပကဖလက်အောက် တိုက်ခိုက်ရေးတပ်အနေနဲ့ စစ်ကောင်စီတပ်ကို တော်လှန်တိုက်ခိုက်နေတာဖြစ်ပြီး လက်ရှိအချိန်ထိ စစ်ကောင်စီနဲ့ တိုက်ပွဲပေါင်း ၁၀၀ ခန့် ဖြစ်ပွားခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်။

စာတည်း - ဟိန်းစံ

#မြေလတ်အသံ

#မကွေး #ချောက် #CGF တပ်ဖွဲ့ #သင်တန်းဆင်းပွဲ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10