စစ်သားနဲ့ပျူစောထီးတွေတိုက်ခိုက်ခံရလို့ ၂ ဦးသေဆုံးပြီး လက်နက်နဲ့ဆိုင်ကယ်တွေကိုပါသိမ်းဆည်း

စစ်သားနဲ့ပျူစောထီးတွေတိုက်ခိုက်ခံရလို့ ၂ ဦးသေဆုံးပြီး လက်နက်နဲ့ဆိုင်ကယ်တွေကိုပါသိမ်းဆည်း

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ဂေါင်းကွဲရွာ ပျူစောထီးစခန်းကနေ ကံရွာကိုလျှပ်စစ်ကြေး လာကောက်တဲ့ စစ်သားနဲ့ပျူစောထီးတွေကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၂ ဦးသေဆုံးပြီး လက်နက်တွေလည်းသိမ်းဆည်းခဲ့တယ်လို့ JUSTICE WARRIORS FORCE က မတ် ၂၅ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။  

မနောကန်ရွာရဲစခန်းနဲ့ ဂေါင်းကွဲရွာပျူစောထီးစခန်းကနေ ကံရွာကိုလျှပ်စစ်ကြေးလာကောက်တဲ့ စစ်သားနဲ့ပျူစောထီးတွေကို မတ် ၂၂ ရက် နေ့လယ် ၁၀ နာရီ ၁၅ မိနစ်ဝန်းကျင် ဂေါင်းကွဲရွာနဲ့ ကံရွာကြားမှာ စောင့်ကြိုပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

“ဆိုင်ကယ် ၃ စီးနဲ့လာတာ၊ ၅ ယောက်ပါ၊ ပစ်ခတ်တိုက်ခိုက်ချိန်က ၅ မိနစ်လောက်ပဲ ကြာခဲ့တယ်၊ ၂ ဦးကတော့ နေရာမှာတင် ပွဲခြင်းပြီးသေသွားတယ်၊” လို့ JUSTICE WARRIORS FORCE တပ်ဖွဲ့ဝင် ချစ်တူးက ပြောပါတယ်။

သေဆုံးသူဟာ ဂေါင်းကွဲရွာက ဥက္ကဌသားဖြစ်သူနဲ့ လေတပ်ထုတ်လုပ်ရေးပြုပြင်ဌာနက စစ်ကောင်စီ တပ်ဖွဲ့ဝင် ၁ ဦးဖြစ်တယ်လို့သိရပြီး ကျန်သူတွေကတော့ထွက်ပြေးသွားကြတယ်လို့ ဆိုပါတယ်။ 

သေဆုံးခဲ့တဲ့ စစ်သားနဲ့ ပျူစောထီးအလောင်းကို ပစ်ခတ်တဲ့နေရာမှာတင်ထားခဲ့ပြီး သူတို့ကိုင်ဆောင်တဲ့ MA 2 သေနက် ၁ လက်၊ ကာဘိုင် ၁ လက်၊ 5.56 ကျည် ၁၆၀ တောင့်နဲ့ ဆိုင်ကယ် ၂ စီးကို သိမ်းဆည်းခဲ့တယ်လို့ ဆိုပါတယ်။ 

 ပစ်ခတ်ပြီးနေချိန် မြင်းခြံမြို့ပေါ်ကနေ စစ်ကောင်စီဘက်က ကား ၃ စီးနဲ့ စစ်ကူလာတာကြောင့် ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့ အထက်ပါတပ်ဖွဲ့ဝင်က ပြောပါတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#မြင်းခြံ #ဂေါင်းကွဲ #စစ်ကောင်စီ #တိုက်ခိုက်ခံရ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10